"အဲ့ဒါဆိုရင်တော့ ကောင်းပြီ
သသရဲ့ ဆုံးဖြတ်ချက်ကို စိုစို လက်ခံမယ်
အိမ်ကိုရော ပြောပြီးပြီလား"

"ဟုတ်
မေမေ့ကိုတော့ သား အဆောင်မှာ မနေတော့ဘူးလို့ပြောထားတယ်
မေမေကတောင် သားတို့နှစ်ယောက်ကို အငှားချထားတဲ့ အိမ်ယာမှာ ပြောင်းနေကျပါလားဆိုပြီး ပြောနေတာ
တိုက်ခန်းက ကျဉ်းနေရင်တဲ့"

"မနေဘူးနော်
အဲ့လို ထိန်းသိမ်းနေရတာကိုက အလုပ်တစ်ခုဖြစ်နေတဲ့ အိမ်တွေမှာ မနေနိုင်ဘူးနော်
ကျွန်မအခန်းကိုများ ကျဉ်းတယ်တဲ့
ဟွန်း"

"စိုစိုကလည်းသိသားနဲ့
အိမ်ကလူကြီးတွေက ရန်ကုန်ကတိုက်ခန်းတွေဆို နှာခေါင်းပေါက်လောက်ရှိတာလို့ထင်နေတာလေ"

"အေး
ကျွန်မကတော့ မပြောင်းနိုင်ဘူး

ကိုသမိုင်းသစ်
ကျွန်မချွေးနဲစာလေးနဲ့ ဝယ်ထားရတဲ့အခန်းလေးကနေ တစ်လက်မ မှ မရွေ့နိုင်ဘူး"

"အပိုတွေကတော့ ပြောပြီ
ဒီအခန်းကို ဖွားတို့ ဝယ်ပေးထားတာ သားကမသိဘူးဆိုတော့"

"တိတ်စမ်း
ချွေးထွက်တဲ့အထိ တောင်းဆိုပြီးမှ ရလာတာ
အဲ့ဒါလည်း  ချွေးနဲစာပဲ"

"သြော်  သြော်"

သူကတရားကျစွာ ရေရွတ်မိပါသည်။

" ရန်ကုန်မှာ ဘယ်နှရက်နေမှာလဲ"

"4ရက်"

"အိမ်ကဘာမှာလိုက်သေးလဲ
ဘာဝယ်ထည့်ပေးလိုက်ရမလဲ"

"ဘာမှတော့ ထူးမမှာဘူး
ပြီးမှ ဖုန်းဆက်လှမ်းမေးလိုက်တော့မယ်"

"ပြန်ရင်ကော ဖြစ်ရဲ့လား
ဒရိုင်ဘာထည့်ပေးလိုက်ရဦးမလား"

"မလိုဘူး
ဖေဖေက မနက်ဖြန် အလုပ်နဲ့လာမှာ
သားနဲ့အတူပြန်လို့ရအောင် ကားမယူခဲ့တော့ဘူးတဲ့
အပြန် ဖေဖေနဲ့အတူပြန်မှာ"

"ဟမ်
ကိုကိုက ဘာလာလုပ်မှာလဲ"

"အလုပ်နဲ့လာတာလို့ပြောတာပဲ"

"ဟုတ်လို့လား
သူ့ကောင်မလေးနဲ့လာတွေ့တာမဟုတ်ဘူးလား"

"အင်း ဟုတ်ချင်ဟုတ်မှာပေါ့"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now