"သမိုင်းလား
ကိုယ့်ကိုတော့ ဘာမှ မပြောဘူး
ဘာဖြစ်လို့လဲ"

ကောင်းကောင်းဆီက တော်တော်နှင့် စကားထွက်မလာသဖြင့် သူ့မှာ စိုးရိမ်လာသည်။

"ပြောပါ ကောင်းကောင်းရာ"

သူ နောက်တစ်ခါ ထပ်ပြောမှ ကောင်းကောင်းဆီက သူမထင်ထားသည့် စကားတို့ကိုကြားလိုက်ရသည်။

"ဒီလို ကိုတိမ်ရာ
ကိုတိမ် သမိုင်းကို လာကြိုတာတို့
ကျောင်းမှာ လာတွေ့တာတို့ကို အဆောင်က လူတွေက မြင်နေ၊ သိနေတယ်။
အကိုတို့နှစ်ယောက်ကို ရိပ်မိတဲ့သူတွေကလည်း ရိပ်မိတယ်။
အဆောင်ကလူတွေထဲမှာ စီနီယာ အကြီးတွေကတော့ ဘာမှမပြောဘူး
ဒါပေမယ့် ကျွန်တော်တို့နဲ့ အတန်းတူတဲ့ကောင်တွေနဲ့ တစ်နှစ်လောက်ပဲ ကြီးတဲ့ကောင်တွေက သမိုင်းကို မထိခလုတ်စကြတယ်။
မကြားတကြားပြောတာမျိုးတို့ ၊ သီချင်းဆိုတာမျိုးတို့ပေါ့။
အစတုန်းက သမိုင်းရော၊ ကျွန်တော်ရော မသိဘူး
တဖြည်းဖြည်း အဲ့ကောင်တွေပိုဆိုးလာမှ သမိုင်းကို စောင်းပြောနေမှန်းသိတာ။
ယောက်ျားတွေဖြစ်ပြီး သောက်ကျင့်မကောင်းကြတာပေါ့ဗျာ"

သူသည် ကောင်းကောင်းစကားကြားပြီး မှင်တက်နေခဲ့မိသည်။ ကောင်းကောင်းကပဲဆက်ပြောသည်။

"သမိုင်းကတော့ သိတဲ့အတိုင်းပဲ ရန်ပြန်ဖြစ်နေမယ့်သူမှမဟုတ်တာ
မကြားချင်ယောင်ပဲဆောင်တယ်
အဲ့လိုတွေပြောနေကြတာကတော့ ကြာပြီ စာမေးပွဲ မစခင်ကတည်းက
တိုက်ရိုက်ပြောတာမျိုးတော့မဟုတ်ဘူး
ကြာသပတေးနေ့ စာမေးပွဲဖြေပြီးတဲ့နေ့ကတော့ ကျွန်တော်ရယ် သမိုင်းရယ် လမ်းလျှောက်ပြန်လာတုန်း
သူတို့ကမျက်နှာချင်းဆိုင်အလာ သမိုင်းကို တည့်တည့်ကြည့်ပြီး ဂေးကောင် လို့ခေါ်တယ်"

"အင်း"

"ကျွန်တော်က ဒေါသထွက်သွားတာပေါ့
အဲ့ကောင်ကို အင်္ကျီဆွဲပြီး ဟိတ်ကောင်မင်းဘာပြောတာလဲလို့မေးလိုက်တယ်
မင်းကိုပြောတာလားတဲ့
ဟုတ်နေတဲ့သူကတောင်မနာပဲ မင်းကဘာဖြစ်တာလဲတဲ့
ကျွန်တော် ဆွဲထိုးမိတော့မလို့ပဲ
သမိုင်းကတော်ပြီ လာသွားမယ်ဆိုပြီး အတင်းဆွဲထားလိုက်လို့သာ
အဲ့နေ့က ရန်မဖြစ်တာ"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now