24 Final

4.6K 175 7
                                    

Unicode

"မနက်ဖြန်နေထွက်တာနဲ့ ဝေ့ဝူရှန့်ကို ခေါင်းဖြတ်သတ် လိုက်ပါ..."

"ပါး!!"

"အရှင်...!!!"

အရှင့်ပြောစကားကြောင့် အားလုံးလန့်သွားသည်... အရှင်သည် ဝေ့ရင်းကို အရမ်းချစ်သည်.. သို့သော်
ဘာကြောင့် ဤသို့ ပြောရသနည်း....
ထိုအခါရှင်းချန်မှ...

"အရှင် ညာတယ်...."

"ဘာ...ဘာပြောလိုက်တယ်... ရှောင်ရှင်းချန် မင်း ကို မင်းဘာထင်နေလို့ ငါကိုယ်တော်ကို အတင့်ရဲနေတာလဲ..."

"အတင့်ရဲတာ မဟုတ်ရပါဘူး... အရှင် 'မင်းတို့စကား မိုးကြိုးသွား' တဲ့.. အရှင် ကျွန်တော့်ကို ကတိပေးခဲ့ဖူးပါတယ်... အရှင့်အသက်ကို ကျွန်တော် ကယ်ခဲ့တုန်းက ဝေ့ရင်း ဘာအပြစ်ပဲ လုပ်ထား လုပ်ထား အရှင်လုံးဝမသတ်ပါဘူးဆိုတဲ့ ကတိပါ... ခု အရှင်က အဲ့ကတိကို ချိုးဖောက်ဖို့ လုပ်နေပါတယ်... တိုင်းပြည်ရဲ့ အရှင်တပါးက ခုလို ကတိလွယ်လွယ်ဖျက်တတ်တာ မင်းကောင်းတပါး လို့မဆိုနိုင်ပါဘူး.."

ရှင်းချန်စကားကြောင့် လန်မင်းကြီး ဒေါသ အကြီးအကျယ် ထွက်သွားကာ...စားပွဲကို ဒုန်းခနဲ ထုလိုက်ပြီး

"အတင့်ရဲလိုက်တာ...."

"အရှင်သတ်မယ် ဆိုလဲ ကျွန်တော်တို့ အားလုံးကို သတ်ပါ....မဟုတ်ရင်လည်း အားလုံးကို ခွင့်လွှတ်ပေးပါ.."

ရှင်းချန်စကားကြောင့် လန်ကျန့်တို့အားလုံးလည်း.

"သတ်မယ်ဆို ကျွန်တော်တို့ ၅ ယောက်လုံးကို သတ်ပါ... မဟုတ်ရင်လည်း အားလုံးကို ခွင့်လွှတ်ပေးပါ..."

အားလုံးပြိုင်တူပြောပြီး ကြမ်းပြင်တွင် ၅ယောက်လုံး ဦးညွန့်ထားသည်....
မင်းကြီးလဲ အခက်တွေ့သွားကာ....

"မင်းတို့တွေ ငါကိုယ်တော်ကို အခက်တွေ့စေတယ်.. မင်းတို့အားလုံးက ငါ့သွေးသားတွေ... မင်းတို့ အားလုံးကို မသတ်ရက်တဲ့ ဒီဘုရင်ကပဲ... အားလုံးကို ခွင့်လွှတ်ပေးလိုက်မယ်...."

"ကျေးဇူးကြီးမားလှပါတယ်..အရှင်.."

အားလုံတညီတညွတ်ထဲ ပြောကာ..
အရှင့်ကို ပြုံးကာ အားလုံးမေ့ာ ကြည့်နေကြသည်....

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Jun 17, 2022 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UKde žijí příběhy. Začni objevovat