14

1.3K 130 0
                                    

Unicode

နန်းတော်၏ ဝေ့ရင်းအဆောင်တော်တွင်.........

"အရှင်မင်းကြီး...ဒီကလေး ၂ယောက်က..ကျွန်တော်နဲ့ ဆွေမျိုးမကင်းတွေပါ...သူ့ရဲ့ မားဆုံးသွားလို့..အလုပ်မရှိလို့ မင်းသားငယ်ကို ခစားဖို့...ပို့ဆောင်တာပါ... အရှင် လက်ခံပေးပါ..."

ဝမ်အမတ်ကြီးက မင်းကြီးအား..ရှင်းချန်နှင့် စုန့်လန်ကို နန်းတော်တွင်လက်ခံရန် လျှောက်တင်နေခြင်းဖြစ်သည်.....

"အင်း..အမတ်ကြီးက... ကိုယ်တော်တို့ကို သစ္စာရှိအမတ်လည် ဖြစ်တယ်.....
အမတ်ရဲ့ သားတော်တွေကလဲ.. ကိုယ်တော့်သားတွေရဲ့ သက်တော်စောင့်ဖြစ်တယ် ဆိုတော့...ကိုယ်တော်လက်ခံပါတယ်...ဒါပေမဲ့..သားငယ် ဝေ့ရင်းလေးရော...လက်ခံရဲ့လား..."

"ဟုတ်..ပါး ကျွန်တော်လက်ခံပါတယ်.."

ရှင်းချန်... ဒူးထောက်နေရာမှ..မင်းကြီးက ဝေ့ရင်းကို သားငယ်လို့ခေါ်လိုက်သောကြောင့် မော့ကြည့်မိလေသည်...ထိုအခါမိဖုရားကြီးက...

"မင်းကြီးကို အဲ့လိုမော့မကြည့်ရဘူးဆိုတာ မသိဘူးလား....ပြန်ငုံ့စမ်း.."

"မိရားကြီး.. သူတို့က မသိလို့နေမှာပါ....ထားလိုက်.. မော့အထိန်းတော်ကြီး..ဒီကောင်လေး ၂ယောက်ကို နန်းတွင်း စည်းကမ်းတပတ် သေချာသင်စေပြီး.. သားငယ်ကို ခစားဖို့ ပို့လိုက်ပါ....ကဲ အားလုံးပြောစရာမရှိတော့ရင်...ကိုယ်တော် ပြန်ကြွမယ်...."

All.." ကျေးဇူးတင်ပါတယ် မင်းကြီး...သက်တော်ရာကျော်ရှည်ပါစေ..."

မင်းကြီးနှင့် မိဖုရားကြီး ထွက်သွားပြီးနောက်...ဝေ့ရင်းက ရှင်းချန်ကို ပြေးဖက်လေသည်...ပြီးတော့

"ရှင်းချန်....မော့အထိန်းတော်ကြီးဆီမှာ သေချာသင်နော်..မဟုတ်ရင် ငါ့လိုအရိုက်ခံရအုံးမယ်...ဒါမဲ့ မင်းက အတတ်မြန်တဲ့ သခင်လေးဆိုတော့...ငါ့လိုမဖြစ်လောက်ပါဘူး...ဂရုစိုက်နော်...."

"အင်းပါ...ခုတော့ငါသွားလိုက်ဦးမယ် ခဏနေကျရင်..ငါတို့ကို ကြာလို့ပြောနေအုံးမယ်...."

ဟုပြောပြီး...

ရှင်းချန်နှင့် စုန့်လန်ထွက်သွားလေသည်....

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now