Unicode
မနက်မိုးလင်းလို့ ညီလာခံပြီးချိန်တွင်...ပါးခေါ်ထားလို့....
ပါးရဲ့အဆောင်တော်သို့ သွားလိုက်သည်..."ပါးရော....အထိန်းတော်ကြီး."
"အရှင်...ရှိပါတယ်..ဧည့်ဆောင်ထဲမှာပါ..."
"ဟုတ်ပြီ..."
"ပါး..."
ဧည့်ဆောင်တွင် ထိုင်နေသော..အရှင့်ကို မြင်လို့..လန်ကျန့်ခေါ်ရင်း ဦးညွန့်လိုက်သည်...
"သားတော် လာ...ထိုင်...ပါး မေးစရာရှိလို့..."
"ဗျာ...ဟုတ်ပါး..."
"သားငယ်လေးက ဝမ်အမတ်ကြီးအိမ်ကို ဘာသွားလုပ်တာလဲ.....မလိမ်ပဲ အမှန်တိုင်းပြော..."
လန်ကျန့် စိတ်အိုက်သွားသည်...အမှန်တိုင်းပြောလို့ကမရ...မပြောရင်လည်းပါးက အမျက်တော်ရှအုံးမယ်.......လန်ကျန့် မဖြေနိုင်ပဲ..ဖြစ်နေစဉ်..
"ရပြီ သားတော်မဖြေနဲ့တော့..ပါးနားလည်ပြီ....လူငယ်သဘာဝမို့..ပါးမတားပါဘူး...ပါးတို့က ချစ်တဲ့သူအချင်းချင်း ဘယ်သူမဆို လက်ထပ်
ခွင့်ပေးထားတာပဲ....ဝမ်အမတ်ကြီးနဲ့တွေ့ဖို့လိုပြီထင်တယ်...""ဟင်...ပါးဘာတွေပြောနေတာလဲ..."
"ပါးနားလည်ပါတယ်..သားတော်က သားတော်ရဲ့ ညီလေးဆိုတော့ နှမြောနေမှာပေါ့...ပါး..ချက်ချင်းမစီစဉ်ပါဘူး...ပါးလဲ သားငယ်လေးကို ချစ်မဝသေးဘူး..."
"ဗျာ......"
^ပါး...မဟုတ်မှ..ဟောက်ရွှမ်းနဲ့ ဝေ့ရင်းကို အထင်လွဲနေတာလား...မဟုတ်ပါစေနဲ့..ရင်းက ကိုယ့်အပိုင်လေ...ရင်း...ကိုယ်မပိုင်ဆိုင်ရခင်ကတည်းက ဆုံးရှုံးရပြီလား...^
လန်ကျန့်အတွေးမဆုံးခင်...ပါးပြောလိုက်သောစကား ကြောင့် သေလောက်အောင်နာကျင်သွားရသည်...
"ပါး..သားငယ်လေးကို ဟောက်ရွှမ်းနဲ့ သဘောတူတယ်... သားငယ်လေးကို ကာကွယ်နိုင်မယ်လို့လည်းထင်တယ်...ခုကစပြီး သားငယ်လေးကို
စောင့်ရှောက်ဖို့ ဟောက်ရွှမ်းကို သားငယ်လေးရဲ့ ကိုယ်ရံတော်ရာထူးပေးလိုက်မယ်...သားတော်က..မုန့်ယောင်နဲ့ပဲဆို အဆင်ပြေတယ်မလား...သားတော်က သိုင်းပညာလည်း တော်ပြီးသားဆိုတော့..."
YOU ARE READING
မင်းသားလေးရဲ့ ဖူးစာရှင်...💗💗 (Completed) # Z & U
Fanfictionရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့် ရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့်