Only Zawgyi
Part 22
ဝေ့ရင်း သူ၏ အဆောင်မှ မင်းကြီးရှိမဲ့... နဂါးအ
ဆောင်သို့ ပြေးလာခဲ့သည်...
နဂါးအဆောင်ရှေ့ရောက်သော်... ခဏရပ်ကာ အ
သက်ကို ဝဝရှူလိုက်ပြီး...
^ငါ လုပ်နိုင်ရမယ်... ရှင်းချန်အတွက်.. လန်ကျန့် အတွက်.. သတ်မယ်ဆိုရင်လဲ သေတာပေါ့... မသေ ဘူးဆိုရင်လဲ... ကျန်းချန်, ကျဲ တို့နဲ့ အတူပဲ သွား နေတော့မယ်....^
အတွေးနဲ့ အတူ.. နဂါးနန်းဆောင်သို့ ဝင်လာလိုက် သည်..... နန်းဆောင် ဥယျာဉ်တွင်.. အရှင်သည် မွန် ဂိုစော်ဘွားနှင့်အတူ စကားပြောနေသည်...
ဝေ့ရင် ထိုနေရာသို့ ပြေးသွားကာ... အရှင့်ရှေ့သို့ ဒူး ထောက်လိုက်သည်... ပြီးတော့..
"ပါး... ကျွန်တော် လျှောက်တင်စရာရှိပါတယ်..."
လန်မင်းကြီးလဲ..... စော်ဘွား နဲ့ စကားပြောနေစဉ် ပြေးလာပြီး စကားဖြတ်ပြောလိုက်သော ဝေ့ရင်း
ကြောင့် အနည်းငယ်ဒေါသ ထွက်သွားလေသည်..
"ဝေ့ရင်း...ပါး က သားငယ်ကို ချစ်ပြီး အလို လိုက် ထားတယ် ဆိုပေမဲ့... ဒီလိုလုပ်တာ ပါးစိတ်ဆိုး တယ်နော်..."
"မဟုတ်ဘူး..ပါး ကျွန်တော် အရေးတကြီး လျှောက်တင် စရာရှိပါတယ်... နားထောင်ပေးပါ..."
"ဝေ့ရင်း.... !!!"
အရှင်က ဒေါသနဲ့ အော်လိုက်သောကြောင့် ဝေ့ရင်း လန့်သွားလေသည်... သို့သော် ယခုမှ မပြောလျှင်
နောက်ကျတော့မည်ဖြစ်သောကြောင့်..
"ပါး... ဟောက်ရွှမ်းကောကို မင်းသမီးကျောက်မိန် နဲ့ လက်ဆက်မပေးပါနဲ့...."
"ဘာ...ဝေ့ဝူရှန့် ငါကိုယ်တော် မင်းကို အလို လိုက်ထားလို့ ဆိုးနေတာလား.. တိုင်းပြည်ရေးရာ ကိစ္စမှာ မင်းက ဘာမို့လို့ ငါကိုယ်တော်ကို လာပြောနေတာလဲ.."
လန်မင်းကြီး မျက်နှာသည် ဒေါသကြောင့် နီမြန်းကာ တကိုယ်လုံး တုန်ရီနေသည်...
မွန်ဂိုစော်ဘွားက ဝေ့ရင်းစကားကြောင့် အံ့သြကာ..
"မင်းသားငယ်က ကျွန်တော်မျိုး သမီးတော်နဲ့ ဝမ်
ကိုယ်ရံတော် လက်ဆက်ပေးမှာကို ဘာကြောင့် တား ရတာလဲ.." ဟု
ဝေ့ရင်းကို မေးလေသည်....
"ဟို... ဟောက်ရွှမ်းကောက ရှင်းချန်ရဲ့...."
"ဝေ့ရင်း....!!!"
ဝေ့ရင်း စကားမဆုံးခင် မိမိနာမည်ခေါ်သံကို ကြား
လိုက်သောကြောင့် ဒူးထောက်နေရက် လှည့်ကျိလိုက် ရာ လန်ကျန့် ,မုန့်ယောင် ,ဟောက်ရွှမ်း နဲ့ ရှင်းချန် တို့ ဖြစ်နေသည်...
"ဝေ့ရင်း ထ ပြန်မယ်... နောက်မှ ပါးကို ပြော ချင်တာ ပြန်ပြောပေါ့..."
"ဟုတ်ပါတယ်.. မင်းသားငယ်.. နောက်မှ ပြောပါ.. အရှင်က စော်ဘွားကြီးနဲ့ စကားပြောနေတာ.. အ
နှောက်အယှက် ပေးနေတာ အရိုက်ခံရအုံးမယ်..."
"မင်းသားငယ်... ပြန်ရအောင်.."
ဝေ့ရင်းကို လန်ကျန့်တို့က တယောက်တမျိုး နဲ့ ပြန် ခေါ်နေသည်... ရှင်းချန်ကလဲ မိမိလက်မောင်းကို ဆွဲကာ ပြန်ရန်ပြောနေသည်.... ထိုစဉ် မိဖုရား ခေါင်
ကြီးလဲ အရှင့်နန်းဆောင်သို့ ကြွလာခဲ့သည်..
"အရှင့်ကို ဂါဝရပြုပါတယ်... အိုး ဝေ့ဝူရှန့် နင် ဘာပြ ဿနာရှာပြန်ပြီလဲ... ဧည့်သည်တော်တွေရှေ့မှာ.."
မိဖုရားခေါင်ကြီးက မင်းကြီးကို နှုတ်ဆက်ပြီးတပြိုင် နက် ဝေ့ရင်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်..
"ဝေ့ရင်း ခုကိစ္စ ပါး ခွင့်လွှတ်ပေးမယ်.. ခု နန်း
ဆောင်ကို ပြန်တော့... လန်ကျန့် မင်းညီကို ခေါ်သွား.. ဟောက်ရွှမ်းမင်းလဲ အကြီးဆုံးလုပ်နေပြီး သူတို့ကို မထိန်းဘူး... မင်းယောက္ခမလောင်းကို ဂါဝရ
ပြုလိုက်အုံးလေ..."
အရှင်က ဝေ့ရင်းကို ပြောရင်း ဟောက်ရွှမ်းကို ပြော လိုက်သည်... ရှင်းချန်ကို ကျိလိုက်တော့ မိမိနည်းတူ ဒူးထောက်လျက်သားနဲ့ မိမိလက်မောင်းကို ကိုင်ကာ မျက်နှာကို အောက်ငုံ့ထားကာ မျက်ရည်ကျနေသည် ကို တွေ့ရသည်...
ဟောက်ရွှမ်းလဲ အရှင့်စကားကြောင့် မွန်ဂိုစော်ဘွား ကို ဂါဝရပြုရန် ခေါင်း အငုံ့...ဝေ့ရင်းက..
"ပါး ဟောက်ရွှမ်းကောကို လက်ဆက်မပေးပါနဲ့
ဟောက်ရွှမ်းကောက ရှင်းချန်နဲ့ ချစ်သူတွေပါ... ပါး နောင်တရနေလိမ့်မယ်..ဟောက်ရွှမ်းကောကို လက်ဆက်ပေးလိုက်ရင်...."
"ဝေ့ဝူရှန့်.... မင်း ငါကိုယ်တော်ကို ဘာထင်နေတာလဲ... သားသမီးက မိဘအပေါ်ဆိုးတာ အတိုင်း အတာ ရှိရတယ်... အစေခံတယောက်အတွက်နဲ့ ငါ မင်းကြီးကို မင်းက တားရဲတာလား... မင်း ခေါင်း
ပြတ်ချင်နေပီလား...."
မင်းကြီးက ဒေါသတကြီး အော်လိုက်သောကြောင့် အား လုံး တုန်လှုပ်သွားသည်...သို့သော် ဝေ့ရင်းက
"မိန်းမ တယောက်ကို တညတာ စော်ကားပြီး နှစ် ၂၀စောင့် ခိုင်းခဲ့ပြီးပြီ... သူ့သားကိုတော့ သူချစ်တဲ့
ယောကျာ်း တယောက်တော့... အရှင်မင်းကြီး လုမယူ သင့်ပါဘူး...."
"ဘာ....!!! ရမ်းကားလှချီလား..."
လန်မင်းကြီးသည်... ဒေါသထွက်လွန်း၍ ဝေ့ရင်းကို သူ့ဓားနဲ့ လည်ပင်တွက် ချိန်ကာ.. အော်လိုက်လေ သည်...ဝေ့ရင်းက ခေါင်းကို မော့ကာ...
"အရှင်သတ်လဲ သေရမှာပဲ... ဒါပေမဲ့ မသေခင်တော့ လုပ်သင့်တာ ကျွန်တော် လုပ်ခဲ့မှာပဲ... အရှင်မင်းကြီး ကျွန်တော်က အရှင့်သား မဟုတ်ပါဘူး.... ရှင်းချန်က မှ အရှင့်သားပါ... ကျွန်တော်က ရှင်းချန်ကို ကူညီရင်း ဒီအခြေအနေရောက်သွားတာပါ... ဒါကြောင့် အရှင် ရှင်းချန်ရဲ့ မားပေါ်ပြုခဲ့တဲ့အမှားအတွက် ရှင်းချန်ကို
ယောကျာ်းကောင်းတယောက် ပေးသင့်ပါတယ်..."
ဝေ့ရင်းပြောပြီး မျက်လုံးမှိတ်ကာ... ခေါင်းမော့ လိုက်
လေသည်.... သတ်ရင်လဲ သေရဲသည်....
လန်မင်းကြီးက လက်မှဓားနှင့် ဝေ့ရင်းမေးကို ပင့်ကာ
"မင်း မျက်လုံး ဖွင့်ပြီး စောနက စကားကို ပြန်ပြော
စမ်း.... ရှင်းချန်က...ဘာ.. မင်းက ဘာ..."
ဝေ့ရင်းလဲ မျက်လုံးဖွင့်ကာ.. မင်းကြီးရဲ့ မျက်လုံးနဲ့ ဆုံစေပြီး...
"ရှင်းချန်က အရှင့်ရဲ့ သားပါ... ကျွန်တော်က ဒီအ တိုင်း လမ်းပေါ်က သိုင်းသမားလေး တယောက်ပါ..."
ဝေ့ရင်းပြောပြီးသည်နှင့် မိဖုရားခေါင်က...
"အိုး... ပြဇတ်ကတော့ တကယ် ကောင်းတာပဲ..
မော့အထိန်းတော်ကြီး လက်ခုပ်တီးပေးသင့်တယ်မလား.... အရှင် နန်းတော်တခါလေး ထွက်လိုက်တာ သားတွေများလှချီလား... လိမ်နေတာတွေရပ်ပြီး.. အမှားကို ဝန်ခံလိုက်ကြစမ်း... မင်းတို့ ဘာလို ချင်လို့ နန်းတော်ထဲ ဝင်လာတာလဲ... ပုန်ကန်ချင်လို့လား...ရဲမက်တို့ ဝေ့ရင်းနဲ့ အစေခံ ရှင်းချန်ကို ဖမ်း လိုက်... ပြီးတော့ ဟို စုန့်လန်ကိုလဲ ဖမ်း... အားလုံးက တဖွဲ့ထဲပဲ..."
"မလုပ်ပါနဲ့...ပါး.. ဝေ့ရင်းနဲ့ ရှင်းချန်တို့ကို မဖမ်း ပါနဲ့... အားလုံးအမှန်တွေပါ.. ရှင်းချန်က ပါးရဲ့ သား
တော် ကျွန်တော့် ညီတော်ပါ...."
မိဖုရားခေါင်စကားကြောင့် ဝေ့ရင်းတို့ကို ဖမ်းရန် ရဲ
မက်များထွက်လာသောကြောင့် လန်ကျန့်က ဒူးထောက် ကာ ဝင်ပြောလိုက်သည်....
"ဟုတ်ပါတယ်... အရှင် ကျွန်တော်က တကယ်ကို
ရှောင်ယွီဟော်ရံ သားပါ... အရှင်နဲ့ မားက လွဲပီး ဘယ်သူမှ မသိတဲ့ စကားကို ကျွန်တော့်ကို မားက
ပြောခဲ့ပါတယ်.... ဒါကတော့... 'နွယ် မြက် သစ်ပင် ရစ်ပတ်နောင်တွယ်လဲ... တောင်တန်းတွေကတော့ ဘယ်တော့မှ မရွေ့ဘူး...' ဆိုတဲ့စကားပါ...."
ချွမ်း....
လန်မင်းကြီး အရမ်းတုန်လှုပ်သွားကာ..လက်ထဲမှ ဓား လွတ်ချလိုက်လေသည်.... ထို့နောက်..
"လန်ကျန့် မင်းက အိမ်ရှေ့စံ ဖြစ်ရက်နဲ့ ဘာလို့ ဝိုင်း
ပြီးညာခဲ့တာလဲ.... ဝမ်ညီအကို ၂ယောက်ရော.... မင်းတို့ အားလုံး ကိုယ်တော့်ကို စိတ်ပျက်စေ တယ်..
ခွင့်မလွှတ်ဘူး... မင်းတို့ကို အဓိက လိမ်လည်ခဲ့တာကတော့ ဝေ့ရင်း ဖြစ်တဲ့အတွက်... ဝေ့ရင်းကို မြေအောက်အချုပ်ခန်းကို ပို့ပြီး... ရှင်းချန်နဲ့ စုန့်လန်က
တော့ အကျဉ်းသား အချုပ်ခန်းတွင်ချုပ်စေ.. ဝေ့ရင်းကို ရေ အစားအသောက် ၃ရက်တိတိ မပို့ရ... အ
မိန့်ကို လွန်ဆန်သူအားလုံး သေဒဏ်... ငါ ကိုယ် တော် အမိန့်ပဲ... ပြီးတော့ ဝမ် ကိုယ်ရံတော် ၂ ယောက်လဲ နန်းတွင်းဝင်ခွင့် တပတ်ပိတ်တယ်... အိမ်ရှေ့စံ လန်ကျန့်လဲ မိမိနန်းဆောင်မှ တဖဝါးမှ မခွာရ...."
"ပါး... ဝေ့ရင်းကို အဲ့လို မလုပ်လိုက်ပါနဲ့.. သူသေ သွားလိမ့်မယ်... သူက အရင်ကရတဲ့ ဒဏ်ရာတွေ
တောင် အရှင်းပျာက် သေးတာမဟုတ်ဘူး...
ညှာတာပေးပါ.."
လန်ကျန့် မင်းကြီးရဲ့အမိန့်ကြောင့် ထိတ်လန့်ကာ.. ဒူးထောက်နေရက်မှ မြေကြီးပေါ်တွင် နဖူးနဲ့ ထိတဲ့အထိ ဦးညွန့်ကာ..တောင်းပန်လိုက်သည်....သို့သော်
မင်းကြီးပြောပြီးသည်နှင့် ဝတ်ရုံ လက်ကို ခါကာ..
ထွက်သွားလေသည်... မွန်ဂိုစော်ဘွားလဲ နောက်မှ
လိုက်သွားလေသည်.... မိဖုရားကြီးက
"ဘာလုပ်နေကြတာလဲ. မင်းကြီး အမိန့်အတိုင်း လုပ်ကြ..."
ရဲမက်များကို ပြောပြီး ထွက်သွားလေသည်...
ရဲမက်များက ဝေ့ရင်းကို တဖက်တချက်က ချုပ်ကာ.. အချုပ်ခန်းသို့ ခေါ်ဆောင်ရန် ထူလိုက်ချိန်တွင်..
"လန်ကျန့်... ရင်း မရှိတော့ရင်... မိဖုရား တွေ အများကြီး ယူပြီး ပျော်အောင်နေပါ... ပြီးတော့ ရင်းကို
မေ့လိုက်ပါ.... ရင်း လန်ကျန့်ကို အရမ်းချစ်ခဲ့ပါ တယ်... ရင်းကို ကယ်ဖို့အတွက် အရှင့်ကို မဆန့်ကျင် ပါနဲ့...."
ဝေ့ရင်း မျက်ရည်များနှင့် ဒူးထောက်နေသော
လန်ကျန့်ကို ပြောကာ.. ရဲမက်များဆွဲခေါ်ရာသို့ လက်သွားလေသည်... လန်ကျန့်လဲ နာကျင်လွန်းလှသော ကြောင့် မည်သည့် စကားမှမဆိုနိုင်ဘဲ ထွက်သွား သောရင်းရဲ့ ကျောပြင်သာကျိပြီး ဒူးထောက်လျက်သား နှင့် ငိုနေမိသည်....
"ရှင်းချန်... ကိုယ်ရအောင်ကယ်မှာ မို့ အားတင်းထားပါ... မငိုပါနဲ့... ကိုယ်ကတိပေးတယ်... ရအောင် လာကယ်မယ်..."
ှရှင်းချန်လဲ ရဲမက်များချုပ်ထားသော လက်ထဲမှ အသာရုန်းကာ... ဟောက်ရွှမ်းကို ဖက်လိုက်ပြီး
"ဝမ်လေး... ကျွန်တော့်အတွက် မင်းကြီးကို မဆန့် ကျင်ပါနဲ့... မသေခင် ဝမ်လေး အချစ်တွေ ရခဲ့လို့ သေ ပျော်ပါတယ်... ပြီးတော့ မားဖြစ်စေချင်တဲ့ ပါးဆီရောက်အောင်သွားနော်ဆိုတဲ့ ကတိကိုလဲ ကျွန်တော် တည်ခဲ့ပြီပဲ... အရှင် လက်မခံတာက တော့ ကျွန်
တော့ ကံပေါ့... မငိုပါနဲ့ ဝမ်လေး... "
ပြောပြီး ရှင်းချန်နှင့် စုန့်လန်တို့ ၂ယောက် ရဲမက်များ ခေါ်ရာနောက်သို့ လိုက်သွားလိုက်သည်....
💗💗💗💗💗💗💗💗💗💗💗💗
ကြာသွားတယ်... တောင်းပန်ပါတယ်...
မေ တို့ကျောင်းပြန်ဖွင့်ဖို့ကိစ္စတွေနဲ့မအားလို့ပါ...
မကောင်းမကန်းလေးကို စောင့်ဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်...
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...😍
YOU ARE READING
မင်းသားလေးရဲ့ ဖူးစာရှင်...💗💗 (Completed) # Z & U
Fanfictionရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့် ရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့်