22

1.4K 113 0
                                    

Unicode

ဝေ့ရင်း သူ၏ အဆောင်မှ မင်းကြီးရှိမဲ့... နဂါးအဆောင်သို့ ပြေးလာခဲ့သည်...
နဂါးအဆောင်ရှေ့ရောက်သော်... ခဏရပ်ကာ အသက်ကို ဝဝရှူလိုက်ပြီး...

^ငါ လုပ်နိုင်ရမယ်... ရှင်းချန်အတွက်.. လန်ကျန့် အတွက်.. သတ်မယ်ဆိုရင်လည်း သေတာပေါ့... မသေဘူးဆိုရင်လည်း... ကျန်းချန်, ကျဲ တို့နဲ့ အတူပဲ သွား နေတော့မယ်....^

အတွေးနဲ့ အတူ.. နဂါးနန်းဆောင်သို့ ဝင်လာလိုက် သည်..... နန်းဆောင် ဥယျာဉ်တွင်.. အရှင်သည် မွန်ဂိုစော်ဘွားနှင့်အတူ စကားပြောနေသည်...

ဝေ့ရင် ထိုနေရာသို့ ပြေးသွားကာ...
အရှင့်ရှေ့သို့ ဒူး ထောက်လိုက်သည်... ပြီးတော့..

"ပါး... ကျွန်တော် လျှောက်တင်စရာရှိပါတယ်..."

လန်မင်းကြီးလည်း..... စော်ဘွားနဲ့ စကားပြောနေစဉ် ပြေးလာပြီး စကားဖြတ်ပြောလိုက်သော ဝေ့ရင်း
ကြောင့် အနည်းငယ်ဒေါသ ထွက်သွားလေသည်..

"ဝေ့ရင်း...ပါး က သားငယ်ကို ချစ်ပြီး အလို လိုက်ထားတယ် ဆိုပေမဲ့... ဒီလိုလုပ်တာ ပါးစိတ်ဆိုး တယ်နော်..."

"မဟုတ်ဘူး..ပါး ကျွန်တော် အရေးတကြီး လျှောက်တင် စရာရှိပါတယ်... နားထောင်ပေးပါ..."

"ဝေ့ရင်း.... !!!"

အရှင်က ဒေါသနဲ့ အော်လိုက်သောကြောင့် ဝေ့ရင်း လန့်သွားလေသည်... သို့သော် ယခုမှ မပြောလျှင်
နောက်ကျတော့မည်ဖြစ်သောကြောင့်..

"ပါး... ဟောက်ရွှမ်းကောကို မင်းသမီးကျောက်မိန် နဲ့ လက်ဆက်မပေးပါနဲ့...."

"ဘာ...ဝေ့ဝူရှန့် ငါကိုယ်တော် မင်းကို အလို လိုက်ထားလို့ ဆိုးနေတာလား.. တိုင်းပြည်ရေးရာ ကိစ္စမှာ မင်းက ဘာမို့လို့ ငါကိုယ်တော်ကို လာပြောနေတာလဲ.."

လန်မင်းကြီး မျက်နှာသည် ဒေါသကြောင့် နီမြန်းကာ တကိုယ်လုံး တုန်ရီနေသည်...
မွန်ဂိုစော်ဘွားက ဝေ့ရင်းစကားကြောင့် အံ့သြ သွားကာ....

"မင်းသားငယ်က ကျွန်တော်မျိုး သမီးတော်နဲ့ ဝမ် ကိုယ်ရံတော် လက်ဆက်ပေးမှာကို ဘာကြောင့် တား ရတာလဲ.."

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now