6

1.6K 140 2
                                    

Unicode

"ဟင်..မင်းသားငယ်.."

မင်းကြီး၏ အိပ်ဆောင်မှာတော့ ဒေါသထွက်ပြီး..နီမြန်းနေသော မျက်နှာနှင့် မင်းကြီး ကထိုင်နေသည်..ဘေးတွင် မယ်မယ် ၃ကရပ်နေသည်.....

အစေခံများအားလုံး မင်းကြီး၏ ဒေါသ ကြောင့် ဒူးထောက်ထားလျက် တုန်နေကြသည်...

မင်းကြီးရှေ့တွင်တော့ အစေခံဝတ်စုံနှင့် ဝေ့ရင်း မတ်တပ်ရပ်ကာ...ခေါင်းငုံ့ထားလေသည်....

"ဝေ့ဝူရှန့်..မင်းဒါ ဘာပုံစံဖြစ်နေတာလဲ...ဟမ်..ဒီလိုအတတ်ကောင်းတွေ..ဘယ်ကတတ်လာတာလဲ..
ပြီးတော့ ဒီကြိုးက ဘာလဲ... နန်းတော်ကို ဘာထင်နေလို့ မင်းထွက်ချင်သလိုထွက် ဝင်ချင်သလို ဝင်လုပ်ချင်နေရတာလဲ..."

"ကျွန်တော် အပြင်ထွက်ချင်တယ်ပြောတုန်းကတော့ ပေးမထွက်တာကို..အဲ့ဒါကြောင့်.. ခိုးထွက်တာပါ..."

"မင်းကြီး ကျွန်တော် အပြင်ထွက်ချင်တယ်...ကျွန်တော် ကျွန်တော့ဂေဟာကို လွမ်းတယ် ကလေးတွေရော ဘိုးဘိုး ဘွားဘွားတွေရော..ပြီးတော့ ကျန်းချန် ကျဲယန်လီနဲ့ ရှင်းချန်ကိုရော သတိရတယ်..."

"ဘာ.... မင်းကိုမင်းအခုဘာထင်နေတာလဲ...တိုင်းပြည်ရဲ့ မင်းသားတပါးဖြစ်နေပြီး....အရင်က နေချင်သလို နေခဲ့တဲ့နေရာတွေကို ပြန်သွားချင်လို့မရဘူး...ပြီးတော့ ငါမှတ်မိသလောက်...မင်းမားက နူးညံ့ပြီးသိမ်မွေ့တဲ့သူပါ... မင်းလိုပေါ့ပျက်ပျက်နဲ့ ဘာကိုမှအလေးနက်မထားတဲ့သူ မဟုတ်ပါဘူး..."

မင်းကြီးစကားကြောင့် ဝေ့ရင်း စိတ်တိုလာကာ..

"ဘာ မင်းမား..မင်းမားလဲ...မားအကြောင်း ဘာမှလာမပြောနဲ့ ....မားကို မင်းကြီးက ဘယ်တုန်းက သတိရဖူးလဲ...မင်းကြီးမှာက...မိဖုရားတွေအများကြီးပဲ...မားက ၁၈ နှစ်လုံးလုံး တစ်ယောက်ထဲ ဖြတ်သန်းလာတာ...၁၈ နှစ်လုံးပစ်ထားပြီး ခုမှ မားကို သတိရမနေနဲ့..."

" ပြီးတော့ မင်းကြီး ကျွန်တော်အမှန်တိုင်းပဲပြောတော့မယ်...ကျွန်တော်က မင်းကြီးရဲ့သားငယ်မဟုတ်ဘူး...
ကျွန်တော်က မိဘမဲ့တစ်ယောက် ပါးနဲ့ မားဆိုတာကို မသိဘူး....ဘယ်မှာရှိမှန်းလဲ ကျွန်တော်မသိဘူး...
မင်းကြီးကို လိမ်လို့ ခေါင်းဖြတ်မယ်ဆိုလဲ..ဖြတ်လိုက်တော့...ကျွန်တော်နန်းတော်ရောက်ကတည်းက ကျွန်တော့ခေါင်းက လည်ပင်းပေါ်မှာ လှုပ်တုတ် လှုပ်တုတ်လေးပဲ..ရှိတော့တယ်...."

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now