8 💗💗

2.1K 155 0
                                    

Only Zawgyi
Part 8
Next Day...
မိဖုရား​ခေါင်​ကြီးက မင်းကြီးအား​လျှောက်​တင်​​သော
ကြောင့်​ မင်းကြီးကလဲ အ​ကျိုး​ကြောင်းဆီ​လျော်​​သော​ကြောင့်​ ခွင့်​ပြုချက်​ဖြင့်​...
မော့ထိန်း​တော်​ကြီးက ​ဝေ့ရင်းရဲ့ အ​ဆောင်​​တော်​တွင်​.. ​ဝေ့ရင်းအား...မင်းသား၏ ​နေပုံ ထိုင်​ပုံ..အရို​သေ​ပေးပုံ..လမ်း​လျှောက်​ပုံ..ဘိုးဘွားကန်​​တော့ပုံ​တွေကို မိုးလင်းကတည်းက သင်​ပြ​နေသည်​....
ယခု ​နေ့လည်​ အချိန်​ကို​ရောက်​ရှိလာ​လေ​ပြီ..သို့​သော်​..
"မင်းသား ​နောက်​တကြိမ်​ ပြန်​ထိုင်​ပါ..."
ဝေ့ရင်းလဲ လက်​နှစ်​ဖက်​ကို လွဲရမ်းပြီး ထိုင်​ခုံ​ပေါ်​ခြေပစ်​လက်​ပစ်​ ထိုင်​ချလိုက်​​​လေသည်​..."
"မင်းသား..မမှန်​​သေးဘူး...​နောက်​တကြိမ်​ ပြန်​​လျှောက်​ပြီး ပြန်​ထိုင်​ပါ..."
ဝေ့ရင်းလည်း စိတ်​တိုလာကာ..ပြီးစလွယ်​လုပ်​​လိုက်​​လေသည်​...
Time Skip ..
တမျိုးပြီးတမျိုးသင်​ပြီး​သော်​...ယခု ​နေ့လည်​စာစားချိန်​သို့​ရောက်​ရှိလာပြီမို့ စားပွဲ​ပေါ်တင်​ပြင်​ဆင်​ထား​သော စား​သောက်​ဖွယ်​ရာများကို ကြည့်​ကာ..
"အား ဗိုက်​ဆာလိုက်​တာ...တ​နေကုန်​..ဟိုဟာ သင်​လိုက်​ ဒီဟာသင်​လိုက်​နဲ့....ဟူး...ထမင်းမြန်​မြန်​ထည့်​​ပေး..ဗိုက်​တအားဆာ​နေပြီ.."
အ​စေခံမ​လေးတဦးကို​ပြောကာ လက်​ကလဲ ဟင်းများကို လက်​နဲ့နှိုက်​စား​နေ​လေသည်​...
ထိုအခါ ​မော့အထိန်း​တော်​ကြီးက
"မင်းသား..ထမင်းစားတာမမှန်​ပါဘူး...တူကို ကိုင်​ပြီး ထမင်းပန်းကန်​လုံး​ကို အသံမမြည်​​အောင်​ စားရပါမယ်​.."
^မရ​တော့ဘူး...ငါတ​နေကုန်​စိတ်​တို​နေပြီ...."
ဝေ့ရင်းလဲ စိတ်​တိုတိုနှင့်​....
"အားးးး......​တော်​ပြီ မစားဘူး ဘာမှလဲ လာမသင်​နဲ့​တော့...သွားမယ်​ ဒီ မင်းသားအ​ဆောင်​အ​ယောင်​​တွေလဲ မလိုချင်​ဘူး...အစကတည်းက ငါမင်းသားဖြစ်​ချင်​တာ မဟုတ်​ဘူး...အား..."
ပြောရင်းနှင့်​ ​ဝေ့ရင်း ​ထုံးထား​သောဆံပင်​များကို ဖြည်​ချ၊ ​ကျောက်​စိမ်းဆံထိုးကို ဖြုတ်​လွတ်​ပစ်​..
ဝတ်​ဆင်​ထား​သော ဝတ်​ရုံများကို ဆွဲ ချွတ်​ပစ်​...ဖိနပ်​များကိုလဲ ချွတ်​ပီး လွတ်​ပစ်​လိုက်​​လေသည်​..
ထိုအချိန်​တွင်​..
"မင်းကြီး ကြွချီလာပါပြီ..."
အသံကြားသည်​နှင့်​ မှူးမတ်​များ အ​စေခံများအားလုံး
ဒူး​ထောက်​ကာ အရို​​အ​သေ​ပေး​လေသည်​...
ဝေ့ရင်းက​တော့ ဖရိုဖရဲနှင့်​ ​နေမြဲအတိုင်းမတ်​တပ်​ရပ်​ကာ..​ဒေါသထွက်​​နေ​လေသည်​...
လန်​ကျန့်​နှင့်​ မုန့်​​ယောင်​က မင်းကြီး​ဘေးတွင်​မတ်​တပ်​ရပ်​ပြီး ​ဝေ့ရင်းကိုကျိ​နေ​လေသည်​...
မင်းကြီးလဲ..​ဝေ့ရင်းဖြစ်​​နေ​သော ပုံကို ကြည့်​ပြီး..
ဒေါသထွက်​ကာ...
"​ဝေ့ဝူရှန့်​...မင်း ဒါဘာဖြစ်​​နေတာလဲ...ဟမ်​..
ပြောရဆိုရခက်​လိုက်​တာ...မင်းကို ​ကောင်း​စေချင်​လို့ သင်​​ပေးကာမှ မင်းက ပိုဆိုးလာပါလား... မင်းကို ဘယ်​လိုသင်​ပြ​ပေးရမှန်း မသိ​တော့ဘူး...မင်း ပြည်​သူ​တွေကြားထဲမှာ ဒီလိုပဲ ​ပေါက်​လွတ်​​ပဲစား ​နေခဲ့တာလား...မင်းအ​မေက ​ကောင်းကင်​ဘုံက ကြည့်​ပြီး မင်းကို စိတ်​ကုန်​​နေ​လောက်​ပြီ..."
ဝေ့ရင်း​ဒေါသထွက်​​နေရတဲ့ ကြားထဲ..လူအများ​ရှေ့တွင်​ မိမိကို ​အော်​ဟစ်​​နေ​သော မင်းကြီးကို ကြည့်​ကာ..
ေ​ဒါသ ပိုထွက်​လာကာ...
"ကျွန်​​တောပြည်​သူ​တွေကြားမှာ ​နေခဲ့အ​ကြောင်းကို မင်းကြီး ​ပြောစရာမလိုဘူး...ကျွန်​​တော်​လဲ မသင်​ဘဲ​နေ တာမှမဟုတ်​တာ..ထမင်းစားချိန်​​လေး​တောင်​ ​ပြောဆို​နေတာ..ကျွန်​​တော်​လဲ စိတ်​တို တတ်​တယ်​..မင်းကြီးပဲ စိတ်​ကြီးတယ်​ မထင်​နဲ့...ပြီး​တော့ ​သေသွားတဲ့ ကျွန်​​တော့အ​မေကို ဘာမှ​ပြောစရာမလိုဘူး..."
လန်​မင်းကြီးလဲ ကိုယ့်​သားက ကိုယ့်​ကို လူ​တွေအများကြီး​ရှေ့မှာ ပြန်​​အော်​ဟစ်​တာကို ရှက်​ကာ..
"လာကြစမ်း စည်းကမ်းမလိုက်​နာတဲ့ မင်းသားငယ်​ကို ကြိမ်​ဒဏ်​ အချက်​ ၅၀ရိုက်​ပြီး ဒီည​နေ ထမင်းမ​ကျွေးနဲ့...."
တဆက်​ထဲမှာပဲ..​ဝေ့ရင်းအား မင်းကြီးက
"မင်း ခု ​တောင်းပန်​ပြီး ​နောက်​ကျရင်​ စည်းမျဉ်းစည်းကမ်း​တွေကို ​ကောင်း​ကောင်းသင်​ယူမယ်​လို့​ပြောရင်​...မင်းကို အပြစ်​ကခွင့်​လွှတ်​​ပေးမယ်​..."
"ကျွန်​​တော့ဘဝမှာ ​နောင်​တအရဆုံးက ဒီနန်း​တော်​ကို လာပြီး မင်းသားလုပ်​​နေရတာကိုပဲ..."
"မင်း.....လာကြစမ်း မင်းသားငယ်​ကိုရိုက်​ တချက်​မှမ​လျှော့နဲ့...နာနာရိုက်​.."
"ပါး....​ဝေ့ရင်းက က​လေးပဲရှိ​သေးတယ်​ ပြီး​တော့ သူခံနိုင်​မှာမဟုတ်​ဘူး....ကြိမ်​ဒဏ်​​လျှော့​ပေးပါ..."
လန်​ကျန့်​က ​ပြော​လေသည်​...မုန့်​​ယောင်​ကလဲ..
"မင်းကြီး ​မင်းသားငယ်​ ဒဏ်​ရာသက်​သာတာ​တောင်
လပိုင်းပဲရှိ​သေးတာ..​နောက်​ထပ်​ဒဏ်​ရာထပ်​ရရင်​ မခံနိုင်​ဘဲ ရှိလိမ့်​မယ်​..ခွင့်​လွှတ်​​ပေးပါ.."
"မင်းတို့ပါ အရိုက်​မခံချင်​ရင်​ ပါးစပ်​ပိတ်​ထား..."
ပြောပြီး မင်းကြီး ​ဝေ့ရင်းအ​ဆောင်​​တော်​မှ ထွက်​ခွာခဲ့သည်​...လန်​ကျန့်​နှင့်​ မုန့်​​ယောင်​က လိုက်​မသွားဘဲ
ကြိမ်​ဒဏ်​ပြည့်​သည့်​အထိ​စောင့်​နေခဲ့သည်​....
ကြိမ်​ဒဏ်​ပြည့်​​သော်​...​ဝေ့ရင်းက ဒူး​ထောက်​​နေရင်းမှ လဲကျလာသည်​ကို လန်​ကျန့်​က ဆီး​ပွေ့ကာ..
"​ဝေ့ရင်း ငိုချလိုက်​..တင်းမထားနဲ့...တအားနာ​နေရင်​ ငိုချလိုက်​​နော်​..ဘာမှမရှက်​နဲ့..."
ဝေ့ရင်းက ​လေသံတိုးတိုး​လေးဖြင့်​ ကြားရရုံနှင့်​..
"​တော်​​သေးတယ်​...အရိုက်​ခံရတာ..ရှင်းချန်​မဟုတ်​လို့.."
ပြောရင်း ​သတိလစ်​သွား​လေသည်​....မုန့်​​ယောင်​က..
"လန်​ကျန့်​ ​ဝေ့ရင်းက ဘာ​ပြောလိုက်​တာလဲ.."
"​အရိုက်​ခံရတာ ရှင်းချန်​မဟုတ်​လို့ ​တော်​​သေးတယ်​တဲ့.."
မုန့်​​ယောက်​လန်​ကျန့်​​ပြောလိုက်​​သောစကား​ကြောင့်​...
အိမ်​ပြန်​​ပြီး လုပ်​ရမည့်​ အရာကို သိသွား​လေသည်​...
..................
Thanks for Reading

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now