23

1.7K 121 0
                                    

Unicode

မြေအောက်အကျဉ်းထောင်ထဲတွင်.
.ဝေ့ရင်းတယောက် ကြာပွတ်နှင့်
အရိုက်ခံနေရသည်...

"ပြောစမ်း... မင်းကို ဘယ်သူလွှတ်လိုက်တာလဲ.. ဒီလို လိမ်ညာဖို့.. ပြော.... ရွှမ်း..ရွှမ်း.."

ရဲမက် ၁ယောက်က ရိုက်လဲ ရိုက်... မေးလဲမေး နေသည်... ဝေ့ရင်းတယောက် အရိုက်ခံရလွန်းလို့ အသံတောင်မထွက်တော့ပေ... ကျောပြင်တခုလုံးလည်း သွေး ချင်းချင်းနီကာ.. စုတ်ပြတ်နေပြီဖြစ်သည်... အကျဉ်း ထောင်ရောက်ကတည်းက ထမင်းမစားရသည့်
အပြင် နေ့တိုင်းအရိုက်ခံနေရသဖြင့် လူရုပ်ပြင်မပေါ် တော့ပေ.....

"ပြောလေ... ဘာကြောင့် ခေါင်းမာနေတာလဲ... မိဖုရားခေါင်ကြီး လာရင် မင်းဒီထက်ပိုဆိုးမယ်.."

(ရှေ့မှာပြောခဲ့သလိုမိဖုရားခေါင်က အကျင့်မကောင်း တာမဟုတ်ဘူးနော်.. မင်းကြီးကို ချစ်လွန်းလို့ သူက အထိအခိုက်မခံနိုင်တာကြောင့်ပါ..)

"ကျွန်တော် ပြောတာတွေ အားလုံးအမှန်ပဲ... ဘာမှ မလိမ်ညာခဲ့ဘူး.."

"ဒီလောက်တောင်ခေါင်းမာတာ.. ကဲကြာ..ကဲ.."

ပြောရင်း ဝေ့ရင်းကို ရဲမက်တွေက ဆက်တိုက် ရိုက်နက်နေပြန်သည်... အတန်ကြာရိုက်နှက်ပြီးတော့ သူတို့တွေ ပြန်ထွက်သွားသည်... ရဲမက်များထွက်သြား သည်နှင့် ဝေ့ရင်းပျော့ခွေကျကာ.. သတိလစ်သွားလေသည်...

တဖက်တွင်... ရှင်းချန်နှင့် စုန့်လန်သည်လဲ အရိုက်ခံနေရသည်မှာ ဝေ့ရင်းနည်းတူဖြစ်သည်.. စုန့်လန်က ရှင်းချန်ကို ဖက်ကာ..

"ဝေ့ရင်း ဘယ်လိုနေလဲ မသိဘူး... ကျွန်တော်တို့တောင် အရိုက်ခံနေရတာ.. သူရောပဲ အရိုက်ခံရမလား မသိဘူး.. "

"မရိုက်လောက်ပါဘူး...သူ့ကို မင်းကြီးက ဒီလောက်ချစ်တာ..."

ဒုန်း..ချလွှမ်း...
အချုပ်ခန်းတံခါး ဖြတ်သံနှင့်အတူဝင်လာသည်က

ဝမ်ဟောက်ရွှမ်းနှင့်မုန့်ယောင်...

"ဝမ်လေး..."

ဟောက်ရွှမ်းက ရှင်းချန်ကို ပြေးဖက်လေသည်..
ပြီးတော့..

"အရမ်းနာနေလား. ဒီက ထွက်သွားရအောင်နော်.. အဝေးကြီးကို ခေါ်သွားပေးမယ်.. ဘယ်သူမှမရှိတဲ့နေရာကို.."

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now