Only Zawgyi..
Part 2
မောင်း..မောင်း..မောင်း..(မောင်းထုသံ)
"လာကြည့်ကြနော်....သိုင်းကွက်အဆန်းတွေနဲ့..ဖျော်ဖြေနေတာပါနော်...လာကြည့်ကြပါ..လာကြည့်ရင်း အလှူငွေလဲ ထည့်ရင်း အရှုံးမရှိပါဘူးလို့"
လန်တိုင်းပြည်ရဲ့ စည်ကားသိုက်မြိုက်သော..
ဈေးလယ်ခေါင်တွင်..ချောမောလှပသော..ယောကျာ်းပျိုလေး ၂ယောက်နှင့် နူးညံ့သိမ်မွေ့သော....မိန်းကလေးတစ်ယောက်တို့ မတ်တပ်ရပ်နေကြသည်...
ထိုထဲမှ အရပ်ရှည်ရှည်..မျက်လုံးလှလှ..နှင့် မိန်းကလေးများထက်ပင်ချောသော..ကောင်လေးက..
မောင်းကိုင်ရင်း ထုကာစကားပြောနေခြင်းဖြစ်သည်..
နူးညံ့သော မိန်းကလေးက စစ်တေးကဗျာရွတ်ကာ..
နောက်ထပ်ခရမ်းရောင် ဝတ်စုံဝတ်ထားသော ကောင်လေးက ထိုကဗျာနှင့် လိုက်ဖက်စွာ သိုင်းကွက်များဖြင့် လာရောက်ကြည့်ရှုသူများကို မင်သက်စေသည်...
ပြီးနောက်... ခွက်လေး ကိုင်ကာ...အလှူခံလေသည်...
ပရိတ်သတ်များက..ငွေစများထည့်ပေးကာ..ချီးကျူးရင်း တစတစထွက်ခွာသွားကြလေသည်...
ဒီအချိန်မှာ..ပရိတ်သတ်ထဲမှ ကောင်လေး တဦးက...
"ဟာ..ကျွန်တော့အိတ် လုသွားပြီ...ကယ်ကြပါ..ကျွန်တော့အိတ်က..ကျွန့်တော့အသက်ထက်အရေးကြီးတာမို့ပါ.."
ပြောရင်းပြေးလိုက်သွားသော..ကောင်လေး ၂ယောက်...
အလှူငွေကာက်ခံနေသော...
ကောင်လေး၂ယောက်ကလဲ မိန်းကလေးကို ကောက်ခံထားသော...ငွေများအပ်ခဲ့ကာ...ထိုသူခိုးနောက် ပြေးလိုက်လေသည်...
ခဏကြာသော်...
"ရော့ သခင်လေး..မင်း အိတ်..တခုခုပျောက်သေးလား..စစ်ကြည့်အုံး."
ဝေ့ရင်းက ပြောရင်း ထိုကောင်လေးအား..အိတ်ထိုးပေးလေသည်...
ထိုကောင်လေးလဲ ချက်ချင်းယူကာ...ထုတ်ကျိလိုက်လေသည်..ထိုအခါထွက်လာသည်က..
ယပ်တောင်တချောင်းနှင့် ပန်းချီကား တချပ်...
"ဟွန့် ငါက ပိုက်ဆံတွေများအများကြီးပါလို့ ဒီလောက်ပြေးလိုက်နေတာလားလို့...ယပ်တောင်နဲ့ ပန်းချီကားတဲ့...ဟူး.ပြေးရတာတောင်မတန်ဘူး"
ထိုအခါ ဘေးက ကောင်လေးက..
"ဒီမှာ မင်းဘာသိလို့ပြောနေတာလဲ...ဒါက သခင်လေးရဲ့ အသက်ထက်အရေးကြီးတယ်...မသိဘဲလျှောက်မပြောနဲ့"
ထိုအခါမှ တချိန်လုံး ငြိမ်နေသောကောင်လေးမှ
"စုန့်လန်...မပြောနဲ့..ကိုယ့်ကို ကူညီထားတဲ့သူကို ကျေးဇူးတင်စကားမပြောရင်တောင်မစော်ကားရဘူး"
"ကျေးဇူးတင်စရာမလိုပါဘူး...မင်းတို့ ၂ယောက်လဲ ငါ့ကို ဟိုတနေ့က ကူညီထားတာပဲ..ကျေပြီပေါ့.."
ထိုအချိန်တွင်...
"ဝေ့ဝူရှန့်..ချက်ချင်းပြန်မလာဘဲ..ဘာလုပ်နေပြန်တာလဲ..ဂေဟာမှာ ဘယ်သူမှမရှိတာ..သိရက်နဲ့.."
"အာ..ဟုတ်သား..ကျန်းချန် ငါမေ့နေတာ..ကျဲရော.."
"ကျဲပြန်နှင့်ပြီ..လာ ငါမင်းကို ရှာနေတာ.."
"လာပြီ...ဟိုနှစ်ယောက် ငါပြန်ပြီ...ဒါမှမဟုတ် ငါတို့ ဂေဟာ လိုက်လည်မလား.."
"အင်း လည်မယ်လေ..."
"သခင်လေး..သခင်လေး အရေးကြီးကိစ္စရှိသေး တယ်နော်..."
"ရပါတယ်..ခဏသွားတာပေါ့.."
"ပြီးရော..လာလေ..ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်လဲ...ငါက ဝေ့ဝူရှန့် (ဝေ့ရင်း)လို့ခေါ်လို့ရတယ်.. သူက ငါ့ရဲ့သွေးသောက်အကို ကျန်းဝမ်ရင် (ကျန်းချန်) စောနကဗျာရွတ်တဲ့ကျဲက ငါတို့အမ ကျန်းယန်လီ..ငါတို့အားလုံး ဂေဟာမှာနေတာ..."
"အော်...ငါက ရှောင်ရှင်းချန်...သူက ငါ့ရဲ့ ညီအကိုလို သူငယ်ချင်းလို ခင်ရတဲ့ ငါ့ရဲ့ သက်တော်စောင့်လဲ ဟုတ်တဲ့ စုန့်လန်ပါ ငါတို့က ဒီမြို့က မဟုတ်ဘူး..တခြားမြို့က..လာတာ"
စကားပြောရင်း လျှောက်လာတာ..ဂေဟာရှေ့တို့ပင် ရောက်နေလေပြီ...ဂေဟာတံခါးကို ဖွင့်လိုက်သည်နှင့်..
အထဲတွင် ခလေးများ ၁၀ဦးထက်မနည်း ပြေးလွှားဆော့ကစားနေသည်ကိုတွေ့ရသည်..ကလေးများကစားနေသည်ကို ကျနေသော အဘိုးအဘွားများလဲ ၅ဦးလောက်ရှိလေသည်...
"ဝေ့ရင်း..ဒီဂေဟာက.."
"အော်..ငါတို့ သုံးယောက်အတူ စောင့်ရှောက်ထားတာလေ..ကငါတို့တွေလဲ မိဘမဲ့တွေဆိုတော့ ကလေးတွေကိုလဲ သနားလို့ပြီးတော့ ဘိုးဘွားတွေလဲ အသက်ကြီးနေပြီဆိုတော့ ငါတို့က တတ်နိုင်သလောက်နဲ့စောင့်ရှောက်ထားတာ.."
"အော်..နငိတို့စိတ်ထားလေးတွေကို ငါတအားလေးစားတာပဲ.."
ထို့နောက် ရှင်းချန်က အင်္ကျီအိတ်ထဲမှ ငွေတုံးအချို့ကို ယူပြီး ဝေ့ရင်း လက်ထဲသို့ထည့်ကာ...
"ငါလည်း တတ်နိုင်သလောက်ကူညီချင်လို့ပါ.."
"အာ ကျေးဇူးတင်ပါတယ် မလိုပါဘူး...နင်တို့်က ခရီးသွားတွေမလား.ပိုလိုအပ်မှာပေါ့..ရော့ ပြန်ယူထားလိုက်.."
"မဟုတ်တာ..ငါက ကူညီချင်လို့ပါ ယူထားလိုက်နော်.."
"ရှည်ကို ရှည်တယ်..သခင်လေးက ယူထားဆို ယူလိုက်ပေါ့"
"အားလန်..."
ရှင်းချန်အော်လိုက်တော့ ဆူပုတ်စွာရပ်နေသော စုန့်လန်...
"အင်းပါ..ဒါဆိုလဲ ကျေးဇူးပဲ...အဲဒါဆို နင်တို့လဲ ဒီမှာလာနေလေ..အပြင်မှာနေရင်ပိုက်ဆံကုန်တာပေါ့..
ဒီမှာနေပြီး..နင်တို့ကိစ္စတွေလုပ်ပေါ့..
ငါလည်းတတ်နိုင်သလောက်ကူညီပါ့မယ်"
"အာ ဒါဆိုအဆင်ပြေတာပေါ့...ငါတို့လဲ နေဖို့အခက်အခဲဖြစ်နေတာ.."
"သခင်လေး..."စုန့်လန် အလန့်တကြားအော်မိတော့....
"အားလန် ပြီးမှ ငါပြောမယ်..ခဏနေအုံး"
"ကဲလာလေ..ငါအခန်းပြင်ပေးမယ် နင်တို့နေဖို့.."
BẠN ĐANG ĐỌC
မင်းသားလေးရဲ့ ဖူးစာရှင်...💗💗 (Completed) # Z & U
Fanfictionရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့် ရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့်