18

1.4K 122 0
                                    

Unicode

လမ်းခရီးတလျှောက်ဝေ့ရင်း စိတ်တိုပြီး လှည့်းစီးလာကာ.. တည်းခိုမည့်နေရာရောက်သော်..လှည်းပေါ်မှဆင်းကာ...လန်ကျန့်အား..

"အဟမ်း...အဲ့မမက ချောတယ်နော်...လန်ကျန့်နဲ့ လိုက်တယ်..နန်းတော်ထိ ခေါ်ခဲ့လိုက်ပါလား..."

လန်ကျန့်ခေါ်လာသော..မိန်းကလေးကို ရှင်းချန်က အဝတ်စားများ လဲရန်ပြောကာ..ခေါ်သွားလေသည်...

"ဟုတ်တယ်...လန်ကျန့်...မင်း ရဲ့ စေခံလုပ်ခိုင်းလိုက်လေ... ဒါမှမဟုတ်ကိုယ်လုပ်တော်ဖြစ်ဖြစ်..."

ဝေ့ရင်းပြောသောစကားကို မုန့်ယောင်က ထောက်ခံ ပြောတော့....ဝေ့ရင်းက ပိုစိတ်တိုသွားကာ...
ခြေစောင့်ကာ.. ထွက်သွားလေသည်...

"ဟား..ဟား..ဟား..မင်းပေါက်စ အူတိုနေတာ... သွား လိုက်ချော့ လိုက်ဦး
လန်ကျန့်..."

ဟောက်ရွှမ်းပြောစကားကို လန်ကျန့်ပြုံးပြီး နားထောင်ကာ...ပြေးထွက်သွားလေသည်...လန်ကျန့် ဝေ့ရင်းကို လိုက်ရှာတော့...တွေ့ပါပြီ.. တည်းခိုခန်းခြံဝန်းရဲ့ သရက်ပင်အောက်မှာ..ပါးစပ်မှလဲ ပွစိပွစိနှင့် ဘာပြော နေမှန်းမသိ... လန်ကျန့်လည်း ပြုံးကာ.. သူ့နား ကို သွားပြီး...

"ပွစိပွစိနဲ့ ဘာတွေမကျေမနပ်ဖြစ်နေတာလဲ...."

"ဘာမှ မကျေမနပ်မဖြစ်ဘူး...ဘာလို့ လာတာလဲ.. သွားလေ..ဟိုမမနားမှာ ပဲနေလေ..."

"ဘာလို့နေမှာလဲ...ကိုယ့်ချစ်သူက
ဒီ​မှာ လေ"

"ဘာကို ချစ်သူလဲ...ဟိုမမနဲ့ သာယာနေပြီးမှ သူများကို လာပြောနေတာ..."

"ရင်း နော်..ကိုယ့်ကို စိတ်တိုအောင် လာမလုပ်နဲ့... အဲ့တယောက်က ရင်းကယ်ခဲ့တာလေ... ပြီးတော့
ကိုယ်တို့နောက်ကို ဖိနပ်ပေါက်အောင် လိုက်ပြေး လာလို့ ကိုယ်ခေါ်လာတာလေ..ရင်းက ခု ဘာဖြစ်နေတာလဲ..."

"အဲ့ဒါဆိုလဲ သွားလေသွား.သူဖိနပ်ပေါက်သွားလို့ ရင်နာနေတာမလား ဘာလို့ သွားမပြုစုဘဲ ဒီမှာ လာနေတာလဲ..."

ဝေ့ရင်း ပြောစကားကြောင့် လန်ကျန့် စိတ်တိုသွားးကာ..

"ဝေ့ရင်း မင်း ဘာဖြစ်နေတာလဲ.. မင်း ကူညီထားတဲ့သူလေ.. မင်း ဝင်စွက်ဖက်လို့ ခု လိုဖြစ်လာတာလေ.. မင်းကို ကိုယ်အရမ်းအထင်ကြီးထားတာ.. မင်းက ကူညီတတ်တယ်..စိတ်ထားကောင်းတယ်လို့ ခုက မင်းက အလကားပဲ....."

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UNơi câu chuyện tồn tại. Hãy khám phá bây giờ