13

1.3K 127 1
                                    

Unicode

^ငိုနေလို့မဖြစ်ဘူး....ဝမ်လေးမလာခင် အမြန်သွားရမယ်...^

ရှင်းချန် ငိုနေရာမှရပ်ကာ..

"စုန့်လန်...ငါတို့ သွားရအောင်..ဒီတိုင်းပြည်နဲ့အဝေးဆုံးတနေရာကို...."

"ဟုတ်....သခင်လေး..."

ရှင်းချန်တို့ ပစ္စည်းများသိမ်းကာ...ဝမ်အိမ်တော်မှ မည်သူမှမသိအောင် ထွက်ခွာခဲ့လေသည်...

"စုန့်လန်ဒီတိုင်းပြည်က မထွက်သွားခင် ငါတို့ ၁နေရာသွားရအောင်..."

"ဝေ့ရင်းတို့ ဂေဟာလား..."

"အင်း...ပိုက်ဆံတချို့သွားလှူပြီး...ကျန်းချန်တို့ကို နှုတ်ဆက်ရအောင်..."

"ဟုတ် သွားကြမယ်လေ..သခင်လေး.."
....................
ဝမ်အိမ်တော်တွင်...

"ရှင်းချန်...ရှင်းချန်..."

ဟောက်ရွှမ်း နန်းတော်မှ ပြန်လာလာချင်း ရှင်းချန်ကို ရှာနေသည်....
သို့သော်..ဘာသံမှ မကြားဘဲ...တံခါးခေါက်နေသော်လည်း တုံ့ပြန်မှုမရှိသောကြောင့် တံခါးကို တွန်းဖွင့်လိုက်ရာ...ရှင်းလင်းနေသော အခန်းငယ်လေးကို တွေ့လိုက်ရသည်....

"ရှင်းချန် မင်းဘယ်မှာလဲ...ရှင်းချန်..."

ဟောက်ရွှမ်း ရူးချင်နေလေပြီ...အခန်းထဲမှ ချက်ချင်းပြေးထွက်ကာမား

"မား..ရှင်းချန် မရှိတော့ဘူး...မားသိလား....ရှင်းချန် ဘယ်ကို ထွက်သွားလဲဆိုတာ...."

"သားဝမ်လေး..စိတ်အေးအေးထား....မားတို့က...."

"မား...လုပ်ရက်လိုက်တာ..ရှင်းချန်က သနားစရာလေးလေ...အရှင်မင်းကြီးရဲ့ အသိမှတ်ပြုမှုကို မခံရတဲ့အပြင်
​..မားတို့ကပါ...ခုလိုလုပ်တော့ သူဘယ်လောက်အားငယ်သွားမလဲ....သား သူ့ကို အရမ်းချစ်တာလည်း မားတ်ို့သိရက်နဲ့...."

ပြောရင်း..ဟောက်ရွှမ်း ငိုလေသည် ...
ဝမ်သခင်မကြီးလည်း....သားကို သနားလာကာ...

"သား ဝမ်လေး....မင်းသားရှင်းချန်ကိုရှာပါ...တွေ့ရင် ပြန်ခေါ်လာခဲ့ပါ....သူလက်ခံရင် မားတို့သဘောတူပေးမယ်..."

"မား တကယ်ပြောတာနော်...."

ဝမ်ညီအကို ၂ ယောက်..ရှင်းချန်ကို..လိုက်ရှာတာ..ဒီနေ့နဲ့ပါဆို...၃ရက်ရှိပြီ....

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now