မင်းသားလေးရဲ့ ဖူးစာရှင်💗

3.6K 135 7
                                    

Only Zawgyi

Final အဆက်...

နန်းတော် ပန်းခြံတနေရာတွင် ကျောက်မိန်နှင့် မုန့်
ယောင်တို့ စကားပြောနေသည်..
မုန့်ယောင်က...
"မင်းသမီး ကျောက်မိန်.... ကျွန်တော့် အကို
ဟောက်ရွှမ်းနဲ့ လက်ထပ်ချင်သေးလား..."
"လက်မထပ်ချင်တော့ပါဘူး... ကျွန်မက သူများချစ်
ခြင်းကို မခွဲချင်ဘူး... ကျွန်မ ကို တကယ်ချစ်တဲ့ သူနဲ့ ပဲ ကျွန်မက သေတပန်သက်ဆုံး လက်တွဲသွား
ချင်တာ"
"ကျွန်တော်လဲ အတူတူပဲ.... ဒါမဲ့ လှပတဲ့ အရာ တိုင်းက ဘာလို့ ကျွန်တော့် အကို ပဲ ရနေတာလဲ မသိဘူး.. ကျွန်တော်လဲ လှပတဲ့ အရာတခုကို တန်ဖိုးထားပြီး
ချစ်ချင်တာ..."
မုန့်ယောင်က ကျောက်မိန် ကို ရီဝေတဲ့ မျက်ဝန်းလေးနဲ့ ကျိရင်း ပြောနေသည်... ကျောက်မိန်က ရှက်ပြီး
ခေါင်းလေးငုံ့ကာ..ရှက်သွားပြီး..
"ကျွန်မလဲ တန်ဖိုးထားခံရတဲ့ ပန်းလေးတပွင့် ဖြစ်
ချင်တာ..."
"တကယ်နော်... ကျွန်တော် မင်းသမီးကို အရင်က
တည်းက ချစ်နေတာ... ချစ်တယ်... မင်းသမီး.."
"ကျွန်မလဲ ကိုယ်ရံတော်မုန့်ယောင်ကို ချစ်ပါတယ်."
မုန့်ယောင်က မင်းသမီးကို ဖက်ကာ အနမ်းပေး
လိုက်သည်....
__________________________________

ညီလာခံ ခမ်းမတွင်....

"ဒီရက်ပိုင်းမှာ.. ကိုယ်တော်တို့ နန်းတွင်းမှာ ပြဿနာ တွေနဲ့ နဲနဲ ရှုပ်သွားတယ်... မွန်ဂိုစော်ဘွားကြီး တို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေမိရင် တောင်း ပန် ပါတယ်.... "
"အာ... ရပါတယ်.. အရှင်မင်းကြီး.... ကျွန်တော်တို့ ကလဲ အရှင်တို့ တိုင်းပြည်ရဲ့ မေတ္တာတရားနဲ့ ညီအကို သံယောဇဉ်..တွေကို ကိုယ်တိုင်မြင်ခွင့်ရလို့ ဝမ်းသာ မိပါတယ်... "
"ဟား...ဟား.. ကောင်းပါပြီ... ဒါပေမဲ့.. စော် ဘွား
ကြီးတို့ကို အားနာစရာရှိနေပါသေးတယ်... ဒါက
ကိုယ်တော့် သားငယ် ရှင်းချန်နဲ့ ဝမ်ကိုယ်ရံတော်က
မေတ္တာမျှနေကြတာ ဆိုတော့ စော်ဘွားကြီးရဲ့ ကမ်းလှမ်းမှုကို ကိုယ်တော်ငြင်းပယ်ရလိမ့်မယ်...."
"ရပါတယ်...အရှင်...
ကျွန်တော်မျိုးတို့လဲ တောင်းပန်ပါရစေ...
ကျွန်တော့်သမီးလေး ကျောက်မိန်က ငယ်သေးတော့ စိတိကစား နေခဲ့တာပါ.. အခုတော့ သူတကယ် ချစ် ရမဲ့သူရှိနေပြီတဲ့ ဒါကလဲ ဝမ်အိမ်တော်က သားငယ် ကို တဲ့... သူတို့၂ယောက်က မေတ္တာလဲ မျှနေပါပြီတဲ့... ဒါကြောင့် အရှင်က ကျွန်တော်မျိုးတို့ကို အားနာ စရာ မလိုဘဲ ကျွန်တော်မျိုးနဲ့ အရှင် သဘောတူထားတဲ့ အတ်ုင်းပဲ မင်္ဂလာပွဲကျင်းပပြီး ငြိမ်းချမ်းရေးကို ယူကြတာ ပေါ့...."
"ကောင်းပါပြီ..စော်ဘွားကြီး... ပြီးတော့ စော်ဘွားကြီး ပေးမဲ့ ရွှေစင်  ၅ သေတ္တာကို ကိုယ်တော်က
မုန့်ယောင်ရဲ့ မင်္ဂလာပွဲအတွက် လက်ဖွဲ့ ပေးလိုက်
တယ်...."
"ကျေးဇူးကြီးမားလှကြောင်းပါ...."
မုန့်ယောင်နှင့် ကျောက်မင်းသမီးက ဝမ်းသာအားရ
ပြောလေသည်...
"ငါကိုယ်တော် အမိန့်ချမှတ်မယ်...
အိမ်ရှေ့မင်းသား. လန်ဝမ့်ကျီးနဲ့.. မင်းမျိုးမင်းနွယ်မဟုတ်ပေမဲ့ ကိုယ်တော့် သားငယ်အဖြစ် သိထားပြီး
ကိုယ်တော်လဲ ချစ်တဲ့ ကလေးမို့ ဝေ့ဝူရှန့်ကို လက်
ထပ်ထိမ်းမြားပေးမယ်.... ပြီးတော့ မင်းသားငယ် ရှင်းချန်နဲ့ ဝမ်ကိုယ်ရံတော် ဟောက်ရွှမ်းက်ုလဲ ထိမ်းမြား လက်ဆက်ပေးမယ်..... ဝမ်မုန့်ယောင်နဲ့ ကျောက်မင်း သမီးကိုလဲ လက်ထပ်ထိမ်းမြားပေးမယ်....
လက်ထပ်ပွဲကို နောက် ၁ လ နေရင် ကျင်းပ မယ်.."
"ကျေးဇူးအများကြီးတင်ပါတယ်... အရှင်.."
လန်ကျန့်တို့အားလုံး ပျော်သွားကာ မင်းကြီးကို အရိုအသေ ပေးလိုက်လေသည် ......
__________________________________

လန်ကျန့်နဲ့ ဝေ့ရင်းက တတွဲ.... ဟောက်ရွှမ်းနဲ့ ရှင်း
ချန်ကတတွဲ..... မုန့်ယောင်နဲ့ ကျောက်မိန်က တတွဲ
နှင့် မြင်းတကောင်ပေါ် တတွဲဆီထိုင်ရင်း.... အမဲ
လိုက်ကွင်းထဲသို့ ရောက်နေကြသည်....
ဝေ့ရင်းက လန်ကျန့် ရင်ခွင်ထဲမှ
"လန်ကျန့် ရင်းတို့ ခုလို ရှိနေရတာကို ယုံတောင် မယုံ နိုင်ဘူး.... အရမ်းလဲ ပျော်တယ်... ပြီးတော့ လန်ကျန့် ကိုလဲ ကျေးဇူးတင်တယ်...."
"ရင်းကလဲ... ကျေးဇူးတင်စရာမလိုပါဘူး..... ရင်း
ရှိနေရင် ကိုယ်ကျေနပ်ပြီ.... အရမ်းချစ်တယ် ရင်း.."
ပြောပြီး လန်ကျန့်က ဝေ့ရင်း ရဲ့ လည်ကုတ်ဖွေးဖွေး ကို ငုံ့နမ်းလိုက်သည်......
ဝေ့ရင်းမိမိကျောနှင့် ကပ်နေသော လန်ကျန့် ရင်ခွင်ထဲ သို့ ပိုတိုးဝင်လိုက်သည်......
ရှင်းချန်နဲ့ ဟောက်ရွှမ်းကလဲ.....
"ဝမ်လေး... အရမ်းချစ်တယ်..ကျေးဇူးလဲ တင်တယ်
ကျွန်တော့်ကို လက်မလွှတ်ပေးလို့......"
"ရှင်းကလဲ... ကိုယ်က ရှင်းကို အသက်ထက်ပို ချစ်မှာ
ဘယ်တော့မှခွဲမသွားဘူး..... ရှင်းက မင်း သား
မဟုတ်ပဲဘာပဲ ဖြစ်နေဖြစ်နေ ကိုယ် ရှင်းကို အမြဲ
ချစ်နေမှာ...."
"ချစ်တယ်.....ဝမ်လေး....."
"ချစ်တယ်..ရှင်း..."
ဟောက်ရွှမ်းက ပြောရင်း ရှင်းချန်ကို ပိုတိုးဖက်လိုက် သည်......
မုန့်ယောင်နှင့် ကျောက်မိန်ကတော့...
မြင်းကို တဟုန်ထိုးပြေးစေကာ...
ရယ်မောရင်း...
"အရမ်းပျော်တယ်.... ချစ်တဲ့သူနဲ့ အတူတူ ရှိခွင့် ရလို့..."
ကျောက်မိန်အပြောကို မုန့်ယောင်က လက်ခံရင်း
"အရမ်းချစ်တယ်....မိန်မိန်...."
"ပို ချစ်တယ်...."
အမဲ လိုက်ကွင်းထဲမှာတော့ ချစ်ခြင်းအပြည့်နဲ့
ကြည်နူးနေတဲ့ အတွဲလေးတွေရယ်... တောင်တန်း လေး တွေရယ်.... မြက်ခင်းစိမ်းလေးတွေနဲ့ လေပြေ
လေညင်း...လေးတွေကြောင့် သာယာလှပနေလေ
တော့သည်.......

The End.......

_________________________________
မင်းသားလေးရဲ့ ဖူးစာရှင်က ဇတ်သိမ်းပါပြီနော်...
ကျေးဇူးအများကြီးတင်ပါတယ်...

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now