မင်းသား​​လေးရဲ့ ဖူးစာရှင်​💗

2.1K 124 3
                                    

Only Zawgyi
Part 24 (Final)

"မနက်​ဖြန်​​နေထွက်​တာနဲ့ ​ဝေ့ဝူရှန့်​ကို ​ခေါင်းဖြတ်​သတ်​ လိုက်​ပါ..."
"ပါး!!"
"အရှင်​...!!!"
အရှင့်​​ပြောစကား​ကြောင့်​ အားလုံးလန့်​သွားသည်​... အရှင်​သည်​ ​ဝေ့ရင်းကို အရမ်းချစ်​သည်​.. သို့်သော်
ဘာ​ကြောင့်​ ဤသို့ ​ပြောရသနည်း....
ထိုအခါရှင်းချန်​မှ...
"အရှင် ညာတယ်​...."
"ဘာ...ဘာ​ပြောလိုက်​တယ်​... ​ရှောင်​ရှင်းချန်​ မင်း ကို မင်းဘာထင်​​နေလို့ ငါကိုယ်​​တော်​ကို အတင့်​ရဲ ​နေတာလဲ..."
"အတင့်​ရဲတာ မဟုတ်​ရပါဘူး... အရှင်​ 'မင်းတို့စ ကား မိုးကြိုးသွား' တဲ့.. အရှင်​ ကျွန်​​တော့်​ကို က​တိ
ပေးခဲ့ဖူးပါတယ်​... အရှင့်​အသက်​ကို ကျွန်​​တော်​ ကယ်​ခဲ့တုန်းက ​ဝေ့ရင်း ဘာအပြစ်​ပဲ လုပ်​ထား လုပ်​ထား အရှင်​လုံးဝ မသတ်​ပါဘူးဆိုတဲ့ ကတိပါ... ခု အရှင်​က အဲ့ကတိကို ချိုး​ဖောက်​ဖို့ လုပ်​​နေပါတယ်​... တိုင်းပြည်​ရဲ့ အရှင်​တပါးက ခုလို ကတိလွယ်​လွယ်
ဖျက်​တတ်​တာ မင်း​ကောင်းတပါး လို့မဆိုနိုင်​ပါဘူး.."
ရှင်းချန်​စကား​ကြောင့်​ လန်​မင်းကြီး ​ဒေါသ အကြီးအကျယ်​ ထွက်​သွားကာ...စားပွဲကို ဒုန်းခနဲ ထုလိုက်​ပြီး
"အတင့်​ရဲလိုက်​တာ...."
"အရှင်​ သတ်​မယ်​ ဆိုလဲ ကျွန်​​တော်​တို့ အားလုံးကို သတ်​ပါ....မဟုတ်​ရင်​လဲ အားလုံးကို ခွင့်​လွှတ်​​ပေးပါ.."
ရှင်းချန်​စကား​ကြောင့်​ လန်​ကျန့်​တို့အားလုံးလဲ..
"သတ်​မယ်​ဆို ကျွန်​​တော်​တို့ ၅ ​ယောက်​လုံးကို သတ်​ပါ... မဟုတ်​ရင်​လဲ အားလုံးကို ခွင့်​လွှတ်​​ပေးပါ..."
အားလုံးပြိုင်​တူ​ပြောပြီး ကြမ်းပြင်​တွင်​ ၅​ယောက်​လုံး ဦးညွန့်​ထားသည်​....
မင်းကြီးလဲ အခက်​​တွေ့သွားကာ....
"မင်းတို့​တွေ ငါကိုယ်​​တော်​ကို အခက်​​တွေ့​စေတယ်​.. မင်းတို့အားလုံးက ငါ့​သွေးသား​တွေ... မင်းတို့ အားလုံးကို မသတ်​ရက်​တဲ့ ဒီဘုရင်​ကပဲ... အားလုံးကို ခွင့်​လွှတ်​​ပေးလိုက်​မယ်​...."
"​ကျေးဇူးကြီးမားလှပါတယ်​..အရှင်​.."
အားလုံတညီတညွတ်​ထဲ ​ပြောကာ.. အရှင့်​ကို ပြုံးကာ အားလုံး​မော့ကျိ​နေကြသည်​....
ရှင်းချန်​က
"ကျွန်​​တော်​သိ​နေတယ်​... အရှင်​က ချစ်​ခြင်း​မေတ္တာ
ကြီးမားပြီး ခွင့်​လွှတ်​နိုင်​စွမ်းမြင့်​တဲ့သူဆိုတာ...
ကျွန်​​တော်​တို့က အရှင့်​ရဲ့ ​မေတ္တာနဲ့ ခွင့်​လွှတ်​မှုကို လာ​​တောင်းခံတာပါ.... ​ကျေးဇူးတင်​ပါတယ်​..အရှင်​.. တကယ်​ ​ကျေးဇူးတင်​ပါတယ်​..."
ပြောရင်း ရှင်းချန်​ ​မေ့လဲ သွားသည်​.....
"သားငယ်​..."
"ရှင်းချန်​..."
__________________________________

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now