4

2.4K 161 0
                                    

Unicode

"ဘာကြောင်ကြည့်နေတာလဲ..အမြန် ခမည်းတော်ကို ကျေးဇူးတင်ပါတယ် ပြောလိုက်လေ..."

"ဗျာ...ဟို ကျွန်တော်က..."

"ဘာတွေ ဟိုနေတာလဲ...ဘာလဲ ဒီက ပါး ကို ပါးမတော်ချင်လို့လား..."

"ဗျာ ဟို မဟုတ်ပါဘူး...ပါး.."

"ဟား ဟား ဟား ဒီလိုမှပေါ့...မင်းက ဒီနေ့ကစပြီး ပါးရဲ့ သားငယ်ဖြစ်သွားပြီ.."

^ရှင်းချန် တောင်းပန်ပါတယ်....ငါ မင်းအဖေကို ခဏပဲ ငှားမှာပါ...အဖေရှိတဲ့ ခံစားချက်ကို ခဏလေးခံစားပြီးရင် ငါ မင်းအဖေကို ပြန်ပေးပါ့မယ်...^

"သားငယ် ဘာတွေးနေတာလဲ....လာဆေးသောက်ရအောင်..."

ဝေ့ရင်း မင်းကြီးတိုက်သော ဆေးကိုသောက်ရင်း..
မျက်ရည်များဝဲနေမိသည်...ဒါကိုမြင်သွားသော..အရှင်က..

"သားငယ် ဘာလို့ ငိုတာလဲ...နောက်ဆို ဘယ်တော့မှ မငိုရတော့ဘူးနော်.."

ပြောလိုက်ကာမှ...

"အီး...ဟီး...ပါးရှိတဲ့ ခံစားချက်က ဒီလောက်ကောင်းမှန်း တကယ်မသိခဲ့ဘူး...ပါးနဲ့ မခွဲနိုင်မှာကြောက်တယ်...."

"အော်...သားရယ် ဘာလို့ခွဲရမှာလဲ...ခုကစပြီး သားဟာ...ပါးရဲ့ သားငယ်ပဲ.."

"ဟုတ်..."

"ကဲ သားတော်နားတော့နော်...ဖေး..သားငယ်ကို လိုအပ်တာစီစဉ်ပေးအုံးနော်...သားတော် လိုအပ်တာရှိရင် ဖေးမိဖုရားကိုပြောနော်..ဒါက သားတော်ရဲ့ မယ်တော် ၃ပဲ.."

"ဟုတ်.."

At Next Day ...

ဝေ့ရင်း တယောက် ဒဏ်ရာလည်း သက်သာနေပြီ ဖြစ်ကာ..ဖေး မိဖုရားမှ မင်းသား အဆောင်အယောင်များ ဆင်ပေးပြီး နန်းတော် အနှံ့ လိုက်ပြနေသည်....

ထို အခိုက်...မင်းသား လန်ကျန့်,ဝမ်ဟောက်ရွှမ်းနှင့် ဝမ်မုန့်ယောင် တို့ စာသင်ဆောင်မှ စာသင်ပြီး ပြန်လာသည်နှင့် ဆုံလေသည်...

ဟောက်ရွှမ်းမှ..

"ဟာ ဟိုသမင်လေး...."

"ဗျာ...ကျွန်တော်က သမင်မဟုတ်ပါဘူး..."

"ဟား ဟား ဟုတ်ပါတယ် မင်းက သမင်မဟုတ်ပါဘူး..... လန်ကျန့်က သမင်နဲ့ မှားပစ်မိလို့ မင်းကိုစတာ.."

"မင်းသားနဲ့ ဝမ်ကိုယ်ရံတော်တို့ ..မယ်တော်၃ တို့ ဟို ဇရပ်မှာ ထိုင်ပြီးစကားပြောကြတာပေါ့..သားငယ်လေးက ခုမှနေကောင်းခါစဆိုတော့ သိပ်ကြာကြာရပ်ရင်...အဆင်မပြေဘူး..."

"ဟုတ်ကဲ့ပါ...မယ်တော် ၃"

ကြာကန်ဘေးမှ ဇရပ်ပေါ်တွင်...လန်ကျန့် ဝေ့ရင်း ဟောက်ရွှမ်း မုန့်ယောင်နှင့် မယ်
တော် ၃တို့ စားသောက်ဖွယ်ရာများနှင့် ရေနွေးကြမ်းသောက်ကာ.... စကားပြောနေကြသည်..


လန်ကျန့်မှ

"ဘယ်လိုလဲ ဒဏ်ရာ သက်သာရဲ့လား.."

ဝေ့ရင်း အူကြောင်ကြောင် ကြည့်နေလေသည်..

ထိုအခါမှ.


"သားငယ်..ဒါက အိမ်ရှေ့စံမင်းသားလေး လန်ဝမ့်ကျီးတဲ့...သားငယ်လေးရဲ့ အကိုတော်.."

"အော်...ကျွန့်တော့ကို မြားပစ်တာ မင်းသားလေးကို..သိပ်တော့မကျေနပ်ပေမဲ့ မင်းကြီးနဲ့ ဆုံဖို့အခွင့်ရေး
ပေးလို့ခွင့်လွှတ်လိုက်မယ်...မဟုတ်ရင်တော့..ဟွင်း..ဟွင်း.."

လန်ကျန့်နှင့် ဟောက်ရွှမ်းတစ်ယောက် ဝေ့ရင်းပြောသောစကားကို နားထောင်ရင်း ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လိုကြည့်နေမိသည်..

"အံမယ်..ဘာကို ဟွင်း ဟွင်းလဲ...စကားပြောဆင်ခြင်.... ဒါက နန်းတော်နော်...အပြောမှား ဆိုမှားလို့က
တော့ သေဒဏ်ပေးခံရမယ်...."

မုန့်ယောင်က ပြောလိုက်ရာ

"ဗျာ...သွားပြီ သွားပြီ...ဒါဆိုကျွန်တော်က ထွက်ပြေး သွားမှာ.."

နှုတ်ခမ်းဆူကာ..ပြောနေသော ဝေ့ရင်းလေးကို ဝမ်ဟောက်ရွှမ်းက မျက်လုံးကျွတ်ကျမတတ်ကြည့်ကာ
သဘောကျနေသည်...

ထိုအရာကို လန်ကျန့်မြင်ကာ..စိတ်ထဲမှာလဲ..ဘာကို မကျေမနပ်ဖြစ်မှန်းမသိ ဖြစ်နေလေသည်.....

"ဒါနဲ့ ဒီက အကိုတို့နဲ့ ဝေ့ရင်း သွေးသောက်ညီအကို ဖွဲ့ချင်ပါတယ်..သေရည်အစား..ခု ရေနွေးကြမ်းနဲ့ပေါ့..."

"အမ်...ကိုယ်တို့က သွေးသောက်ဖွဲ့စရာမလိုဘူးလေ...မင်းက ကိုယ့်ညီတော်ပဲကို သူတို့၂ယောက်ကလဲ ကိုယ့်ရဲ့ ကိုယ်ရံတော်တွေ..."

လန်ကျန့်က ပြောသည်...

"ဟုတ်တယ်...နောက်၂ရက်နေရင် မင်းကို တရားဝင်မင်းသားငယ်အဖြစ်ကြေညာတော့မယ်...မင်း အဆင်သင့်ဖြစ်ပြီလား"

"ဗျာ..ဘယ်လိုကြေညာမှာလဲ..."

----------++++
တိုသွားတယ်...ဆောရီးပါနော်..

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UKde žijí příběhy. Začni objevovat