15

1.4K 121 0
                                    

Unicode

ရှင်းချန် နန်းတော်ရောက်သည်မှာ တလ ကျော်ကြာ နေပြီဖြစ်သည်...မင်းကြီးလည်း အတော်အတန် သတိပြုမိနေပြီဖြစ်သည်...ရှင်းချန်က မင်းသားများ ...တတ်အပ်သောပညာများအားလုံးတတ်သည်ကဗျာ..စာပေ ဂီတ ပန်းချီအားလုံးတတ်သည်...သို့သော် သိုင်းပညာတော့ မတတ်ပေ။.... မင်းကြီးက ဝေ့ရင်း အဆောင်တော်သို့ အလည်လာရင် ရှင်းချန်က စောင်းတီးပြကာဖျော်ဖြေ လေသည်...ဝေ့ရင်းက မင်းကြီးကို ချွဲလေသည်.....

မင်းကြီးသည် ဝေ့ရင်းကို အရမ်းချစ်သည်... လန်ကျန် က မင်းကြီးကို ချစ်သော်လည်း ဝေ့ရင်းကဲ့သို့ ချွဲခြင်း.. ကပ်ခြင်းမရှိ...လိုအပ်မှသာ စကားပြောသူဖြစ်သည်..မင်းကြီးက သားသမီးများနှင့်နွေးနွေးထွေးထွေး နေလိုသူဖြစ်သည်...သို့သော်.. လန်ကျန့်က ငယ်ငယ်ကတည်းက မင်းသားတပါးဖြစ်သောကြောင့်... မင်းသားများတတ်အပ်သော သိုင်းပညာ..စာပေ.. ပန်းချီ..
ကဗျာ... များသင်ယူနေရကာ...
မိဘများနှင့်.. နီးနီး
ကပ်ကပ် မနေခဲ့ပေ....ထို့ကြောင့်
လန်ကျန့်က အနေအေးကာ..တစ်ဦးတည်း သီးသန့်နေတတ်သည်..  ဟောက်ရွမ်းတို့.. မုန့်ယောင်တို့နှင့်သာငယ်ငယ်လေးကတည်းက ပေါင်းလာသောကြောင့်.. ခင်မင်နေခြင်းဖြစ်သည်...

"ရှင်းချန်...ငါ ဗိုက်ဆာတယ်...."

ဝေ့ရင်း မနက်က ကျိဆရာကြီး ပေးလိုက်သော အိမ်စာများကို ရေးနေရင်း..ရှင်းချန်ကို ပြောလိုက်ခြင်းပင်..

"ဟင်...ဟုတ်လား..ငါဘာလုပ်ပေးရမလဲ..ဘာစားချင်လဲ"

ရှင်းချန် ဝေ့ရင်းအား အိမ်စာကူလုပ်ပေးရင်း မေးလိုက်သည်.....

"ဘာဖြစ်ဖြစ်...အားရိုး...ကျိဆရာကြီးက.. ရက်စက်လိုက်တာ... ငါလေးကို..ကိုယ်ပိုင်ကဗျာ ရေးခိုင်းလိုက်တယ်.... ဟင့်..ဘယ်ကစရေးရမှန်းလဲ မသိဘူး..."

"မညည်းနဲ့..ဝေ့ရင်း ခုထိ မင်း တကြောင်းတောင်မရေးရသေးဘူး...ညနက်နေပီ..မြန်မြန်ရေး.... ငါစားစရာ သွားလုပ်လိုက်အုံးမယ်..."

"အားရိုး...အဲ့ဒါပဲ ကောင်းတယ်...ဗိုက်ဆာနေလို့.. ကဗျာက ထွက်မလာတာ....ဗိုက်ပြည့်ရင်တော့ ကဗျာတွေ
ထွက်လာနိုင်မယ်ထင်တယ်..."

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now