မင်းသား​လေးရဲ့ဖူးစာရှင်​..💗

1.7K 121 9
                                    

Only Zawgyi
Part 17

ဝေ့ရင်း ထွက်​​ပြေးလာပြီး အခန်းထဲ​ရောက်​​သော်​..
ရှင်းချန်​က..​ကုတင်​​ပေါ်တွင်​ ထိုင်​​စောင့်​​နေ​လေသည်​....
"​ဝေ့ရင်း..မျက်​နှာက ဘာဖြစ်​​နေတာလဲ..ရဲ​နေတာပဲ.. ​နေမ​ကောင်းဘူးလား..."
ရှင်းချန်​​ပြောရင်း ​ဝေ့ရင်းနဖူးကို စမ်းလိုက်​​လေသည်​..
ဝေ့ရင်းက ရှင်းချန်​လက်​ကို ပုတ်​ထုတ်​ကာ...
"ရှင်းချန်​...နင်​ ​ဟောက်​ရွမ်း​ကောကို ချစ်​တုန်းက ဘယ်​လို ဖြစ်လဲ.."
"ဟမ်​..ဘာကို​ပြောချင်​တာလဲ."
"ဒီလိုကွာ...နင့်ကို ​ဟောက်​ရွှမ်း​ကော.. ချစ်​တယ်
ပြောတုန်းက နင်​ ဘယ်​လိုဖြစ်​လဲ လို့... နင်​ တကိုယ်​လုံးတုန်​လား... ပြီး​တော့ ​မော​နေလား..."
"အမ်​..မဖြစ်​ပါဘူး..ဘာလို့​မေး​နေတာလဲ...မဟုတ်​မှ.. ​ကောင်​​လေးတစ်​​ယောက်​ အချစ်​နဲ့​တွေ့​နေပီလား.."
ရှင်းချန်​​ပြောလိုက်​​တော့ မျက်​နှာရဲကာ...ကုတင်​​ပေါ်တွင်​ ကန့်​လန့်​ လာလှဲကာ..
"အားးး....လန်​ကျန့်​စုတ်​... ငါ ခရီးထွက်​ရလို့ စိတ်
ချမ်းသာ ကိုယ်​ချမ်းသာဖြစ်​​နေတာကို.... ခု သူငါ့ကို ဘာ​တွေ လာ​ပြောမှန်းမသိလို့.. ငါ့စိတ်​​တွေ ရှုပ်​​ထွေး
နေပြီ.... အားးးးးးး.. ...ရူး​တော့မယ်​..."
ဝေ့ရင်းက ​ပြောလဲ ​ပြော...​ခြေ​ထောက်​​တွေကိုလဲ ​လေ​ပေါ်ကန်​​ကြောက်​ကာ..လက်​​တွေကိုလဲ ​စောင်​ကို ရိုက်​ထု​နေ​လေသည်​...ဆက်​ပြီး..
"ရှင်းချန်​ ​ငါ ရင်​​တွေတအား တုန်​​နေတယ်​...ပြီး​တော့ ငါတအား​မော​နေသလိုကြီး...ငါ ဘာဖြစ်​​နေတာလဲ.. တခါမှ ဒီလိုမဖြစ်​ဖူးဘူး...ငါသိပြီ သူငါ့ကို နမ်းလိုက်​လို့​နေမှာ...."
"ဟမ်​..လန်​ကျန့်​ကို နင့်​ကို နမ်းလိုက်​တယ်​..ဟုတ်​လား.."
"အင်း ဟုတ်​တယ်​...ရှင်းချန်​ မနက်​ဖြန်​ ငါဘယ်​လို လုပ်​မလဲ ​ပြောပြအုံး...ခု​တော့ ငါအိပ်​ပီ..လန်​ကျန့်​စုတ်​.. မနက်​ကျရင်​ သတ်​ပစ်​မယ်​.."
ပါးစပ်​က ပွစိပွစိ​ပြောရင်း ကုတင်​တဖက်​ကို ကပ်​ကာ. အိပ်​​ပျော်​သွား​သော..​ဝေ့ရင်း...တကယ်​​တော့ ဒီည လန်​ကျန့်​ ​ဝေ့ရင်းကို ဖွင့်​​ပြောမှာကို ​ဟောက်​ရွှမ်း
ပြောပြီးသားမို့ ရှင်းချန်​သိပြီး ဖြစ်​သည်​.... ​ဝေ့ရင်း
စိတ်​ကို သိချင်​၍သာ မသိချင်​​ယောင်​​ဆောင်​ ခြင်းပင်​...
^က​လေး တအားမဆန်​ပါနဲ့ ​ဝေ့ရင်းရယ်​....တချိန်​ကျရင်​ နင့်​ကိုကာကွယ်​မယ့်​သူက လန်​ကျန့်​ပဲရှိတာ...^
ဟူး....ရှင်းချန်​ သက်​ပြင်း ချကာ...အိပ်​စက်​ခြင်းသို့..

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & Uजहाँ कहानियाँ रहती हैं। अभी खोजें