Only Zawgyi
Part 23မြေအောက်အကျဉ်းထောင်ထဲတွင်..ဝေ့ရင်း
တယောက် ကြာပွတ်နှင့် အရိုက်ခံနေရသည်...
"ပြောစမ်း... မင်းကို ဘယ်သူလွှတ်လိုက်တာလဲ.. ဒီလို လိမ်ညာဖို့.. ပြော.... ရွှမ်း..ရွှမ်း.."
ရဲမက် ၁ယောက်က ရိုက်လဲ ရိုက်... မေးလဲမေး နေသည်... ဝေ့ရင်းတယောက် အရိုက်ခံရလွန်းလို့ အသံတောင်မထွက်တော့ပေ... ကျောပြင်တခုလုံးလဲ သွေး ချင်းချင်းနီကာ.. စုတ်ပြတ်နေပြီဖြစ်သည်... အကျဉ်း ထောင်ရောက်ကတည်းက ထမင်းမစားရသည့်
အပြင် နေ့တိုင်းအရိုက်ခံနေရသဖြင့် လူရုပ်ပြင်မပေါ် တော့ပေ.....
"ပြောလေ... ဘာကြောင့် ခေါင်းမာနေတာလဲ... မိဖုရားခေါင်ကြီး လာရင် မင်းဒီထက်ပိုဆိုးမယ်.."
(ရှေ့မှာပြောခဲ့သလိုမိဖုရားခေါင်က အကျင့်မကောင်း တာမဟုတ်ဘူးနော်.. မင်းကြီးကို ချစ်လွန်းလို့ သူက အထိအခိုက်မခံနိုင်တာကြောင့်ပါ..)
"ကျွန်တော် ပြောတာတွေ အားလုံးအမှန်ပဲ... ဘာမှ မလိမ်ညာခဲ့ဘူး.."
"ဒီလောက်တောင်ခေါင်းမာတာ.. ကဲကွာ..ကဲ.."
ပြောရင်း ဝေ့ရင်းကို ရဲမက်တွေက ဆက်တိုက် ရိုက်နက်နေပြန်သည်... အတန်ကြာရိုက်နက်ပြီးတော့ သူတို့တွေ ပြန်ထွက်သွားသည်... ရဲမက်များထွက်သွား သည်နှင့် ဝေ့ရင်းပျော့ခွေကျကာ.. သတိလစ်သွားလေသည်...
တဖက်တွင်... ရှင်းချန်နှင့် စုန့်လန်သည်လဲ အရိုက်ခံနေရသည်မှာ ဝေ့ရင်းနည်းတူဖြစ်သည်.. စုန့်လန်က ရှင်းချန်ကို ဖက်ကာ..
"ဝေ့ရင်း ဘယ်လိုနေလဲ မသိဘူး... ကျွန်တော်တို့တောင် အရိုက်ခံနေရတာ.. သူရောပဲ အရိုက်ခံရမလား မသိဘူး.. "
"မရိုက်လောက်ပါဘူး...သူ့ကို မင်းကြီးက ဒီလောက်ချစ်တာ..."
ဒုန်း..ချလွှမ်...
အချုပ်ခန်းတံခါး ဖြတ်သံနှင့်အတူဝင်လာသည်က
ဝမ်ဟောက်ရွှမ်းနှင့်မုန့်ယောင်...
"ဝမ်လေး..."
ဟောက်ရွှမ်းက ရှင်းချန်ကို ပြေးဖက်လေသည်..
ပြီးတော့..
"အရမ်းနာနေလား. ဒီက ထွက်သွားရအောင်နော်.. အဝေးကြီးကို ခေါ်သွားပေးမယ်.. ဘယ်သူမှမရှိတဲ့နေရာကို.."
"ဟင့်အင်း.. ဝမ်လေးအဲ့လို မလုပ်ရဘူး.. ကျွန်တော့ကြောင့်.. အဲ့လို မလုပ်ပါနဲ့.. ဝမ်လေးတို့ မိသားစု တွေ ထိခိုက်လိမ့်မယ်...ဒါနဲ့ ဝေ့ရင်းရော.."
"ဝေ့ရင်းကို လန်ကျန့် သွားကယ်နေတယ်.... စိတ်ချပါ.. သူလာမှဖြစ်မှာမဟုတ်ဘူး..."
"ကဲ ဒါတွေနောက်မှပြော.. ဒီက အမြန်ထွက်ရအောင်
ခဏနေ ရဲမက်တွေရောက်လာရင် မလွယ်ဘူး.."
"ကဲ လာလာ..."
ဟောက်ရွှမ်းက ရှင်းချန်ကို ချီကာ... မုန့်ယောင်က
စုန့်လန်ကို တွဲကာ... အချုပ်ခန်းထဲမှ ထွက်လာလေသည်...
လန်ကျန့်လဲ ဝေ့ရင်းကို ကယ်ရန် မြေအောက်အချုပ်ခန်းသို့ ဆင်းလာခဲ့သည်.. အချုပ်ခန်းရှေ့ရောက်သော် မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် လန်ကျန့် ဒူးခွေ ကျမတတ်..နာကျင်သွားရလေသည်..အချုပ်သား ဝတ်စုံအဖြူလေးနှင့် ဝေ့ရင်းကိုယ်တွင် သွေးများ ချင်းချင်းနီလျက် မေ့လဲနေသည်... တကိုယ်လုံး ဒဏ်ရာ မရတဲ့နေရာ ဟူ၍ မရှိ... လန်ကျန့် သနားလွန်း၍
မျက်ရည်များပင် စီးကျလာကာ. အချုပ်ခန်းတံခါးကို အလျင်အမြန်ဖြတ်ပြီး ဝေ့ရင်းကို ပြေးဖက်လိုက်သည်
ပြီးတော့ နှုတ်မှလဲ...
"တောင်းပန်ပါတယ်.. နောက်ကျသွားလို့..
ဘာမှမဖြစ်လိုက်ပါနဲ့... ကျေးဇူးပြုပြီး.. ရင်း ကိုယ်သေ သွားလိမ့်မယ်"
ပြောရင်း ရင်းကို ပွေ့ချီကာ... အချုပ်ခန်းထဲမှ ထွက်လာလေသည်...
အပြင်ရောက်သော် မြင်းလှည်းနှင့်အတူ စောင့်နေသော ဟောက်ရွှမ်းတို့ ညီကို ၂ယောက်နှင့် ရှင်းချန်
နှင့် စုန့်လန်.....
"လာ လန်ကျန့်မြန်မြန်.. ခဏနေ ရဲမက်တွေ လာပြီး အချုပ်ခန်းဖျက်ထားတာ မြင်ရင် အားလုံးအပြစ် ပေးခံနေရမယ်..."
ဟောက်ရွှမ်းအပြောကို လန်ကျန့်ခေါင်းညိတ်ကာ.
. မြင်းလှည်းပေါ်သို့ တက်ကာ.. ရင်းကိုပွေ့ချီထား
လိုက်သည်... ဟောက်ရွှမ်းကလည်း ရှင်းချန်ကို ဖက်ထားသည်.. စုန့်လန်ကတော့ ဝတ်ရုံ ချုံကာ ထိုင်နေသည်.. မုန့်ယောင်က မြင်းလှည်းမောင်းနေသည်..
"လန်ကျန့် ခု ဘာလုပ်ဖို့စီစဉ်ထားလဲ... ဘယ်သွား မလဲ.. ခုလိုပဲ သွားနေရင်တော့ အရှင်မိရင် ငါတို့ ပို ဆိုးသွားမယ်..."
ဟောက်ရွှမ်း၏ အပြောကို လန်ကျန့် ရင်း နဖူးက ဆံစ လေးတွေ သပ်တင်ပေးရင်း စဉ်းစားနေသည်..
ဟောက်ရွှမ်းပြောသည်မှာလဲ မမှား မိမိတို့သည်
အချုပ်ခန်းဖျက်ရုံတင်မကပဲ အချုပ်သားတွေကိုပါ ကယ်ထုတ်ကာ နန်းတော်မှ ထွက်ပြေးလာခြင်းပင်..အပြစ်က ၂ခုထက်ပိုနေသည်....
လန်ကျန့် ငြိမ်ကာ စဉ်းစားနေချိန်..
"ကျွန်တော် တခုလောက်ပြောလို့ရမလား... "
ရှင်းချန်ပြောတော့ လန်ကျန့်က ခေါင်းတချက်ငြိမ့်ပြ
လိုက်သည်..
"ကျွန်တော်တို့ နန်းတော်ကို ပြန်သွားရအောင်...ဒီလိုပြေးနေလဲ ကျွန်တော်တို့ အပြစ်ပိုကြီးပြီး ဘယ်ကို သွားသွား အပြစ်သားတွေလို ဖြစ်နေမှာပဲ... ဒါကြောင့် ကျွန်တော်တို့ နန်းတော်ကို ပြန်သွာပြီး အရှင့်ကို ခွင့်လွှတ်ဖို့တောင်းပန်ရမယ်... တကယ်လို့ နန်းတွင်းက ထွက်သွားဆိုလဲ ကျွန်တော် ဝေ့ရင်းနဲ့အတူ ဝေ့ရင်းတို့ ဝေ့ရက်းတို့ဂေဟာမှာပဲ တသက်လုံးနေသွားတော့ မယ်.."
"မဖြစ်နိုင်တာ မပြောနဲ့. ပြန်သွားလို့ အသတ်ခံရရင်ရော... တက်ာလို့ တကယ်လို့ မင်းကို ဆုံးရှုံးရရင်
ကိုယ်သေလိမ့်မယ်....."
ဟောက်ရွှမ်းက ရှင်းချန်ကို ဖက်ရင်း ငိုကာပြောနေ
သည်.... ထိုအချိန် ဝေ့ရင်းနိုးလာပြီး...
"လန်ကျန့် ရင်းတို့ နန်းတော်ပြန်ရအောင်.... ရင်း
ကြောင့် လန်ကျန့် အပြစ်သား ဖြစ်နေရမှာကို မလိုလား ဘူး... တကယ်လို့ ရှင်းချန်ပြောသလို ထွက်သွားရရင်လဲ... ရင်း လန်ကျန့်ကို ချစ်နေမှာပါ... လန်ကျန့်က မင်းကောင်း တပါးဖြစ်နေတာကို ရင်း အမြဲ
ဂုဏ်ယူနေမှာပါ..."
"ရင်းရယ်.... ရင်းကို လက်လွှတ်လိုက်ဖို့ ရင်း
ဘယ်တော့မှ မပြောပါနဲ့..ကောင်းပြီ.. ကိုယ်တို့ ပြန် မယ်... အရှင့်ဆီက ခွင့်လွှတ်မှုတာင်းခံမယ်..
တကယ်လို့ မရခဲ့ရက် ကိုယ် ရင်းနဲ့အတူ.. နန်းတော် ကထွက်ခဲ့မယ်."
မုန့်ယောင်က ထိုစကားကို ကြားပြီး မြင်းလှည်းမောင်းနေရာမှ ရပ်ကာ..
"မင်းတို့ အကုန်ရူးသွားပြီလား.. ပြန်ရင် အသတ်ခံရမှာ သိရက်သားနဲ့..ဘာလို့ ပြန်မှာလဲ.... ခုထွက်ပြေး လိုက်... ဒီတိုင်းပြည်မှာမဟုတ်ရင် အခြားတိုင်းပြည်အထိ ထွက်ပြေး..."
"မဟုတ်ဘူး.. ရင်းတို့ပြောတာ သဘာဝကျတယ်.. ငါတို့တွေ ပုန်းနေနိုင်မှာမဟုတ်ဘူး.. တသက်လုံး ကျီးလန့်စာ စားနေရတာထက်စာရင် ပြန်ပြီး ရင်ဆိုင်လိုက်တာက ငါတို့အနာဂတ်အတွက်သေချာတယ်...."
လန်ကျန့်ပြောလိုက်တော့ မုန့်ယောင်က ဘာမှ ပြန်မပြောဘဲ မြင်းလှည်းကို လှည့်ပါ နန်းတော်သို့ ပြန် လာခဲ့လေသည်....
__________________________________
နန်းတော်၏ အမှုစစ်ဆေးခန်းတွင်..
မင်းကြီးက အလယ်တွင်ထိုင်ကာ ဘေး ၂ ဖက်တွင် မိဖုရားခေါင်နှင့် မယ်မယ် ၃ ထိုင်နေသည်...
လန်ကျန့်တို့ ၅ ယောက်မင်းကြီးတို့ရှေ့တွင်
ဒူးထောက်နေသည်... ဝမ်စစ်သေနာပတိချုပ်လင်မယားက မတ်တပ်ရပ်နေသည်... ပြီးတော့ နောက်တွင် ရဲမက်များ မတ်တပ်ရပ်နေကြသည်...
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က...
"လန်ဝမ့်ကျီး... မင်းဟာ တိုင်းပြည်ရဲ့ မင်းသား ဖြစ်
ပြီး... မင်းကြီးကို လိမ်ညာရုံမကပဲ အကျဉ်းသား ကိုပါ ခေါ်ယူထွက်ပြေးဖို့ ကြံစည်တယ်... မင်းကို ဘာအပြစ်ပေးသင့်လဲ..."
လန်ကျန့်က ဒူးထောက်လျက် နှုတိတ်နေသည်...
မင်းကြီးက ဆက်လက်ပြီး...
"ဝမ် ကိုယ်ရံတော် ၂ယောက်ကလဲ.. စစ်သေနာပတိချုပ်ရဲ့ သားဖြစ်လျက်နဲ့ မင်းသားကို ဖြောင်းဖျ ဖို့မလုပ်ဘဲ အလိုတူအလိုပါ လုပ်တယ်... မင်းတို့ရဲ့ အပြစ်ကို ဆင်ခြင်မိရဲ့လား..."
ပြေညနေရင် အရှင့်၏ အသံသည် ဒေါသသံ စွက်လာသည်...
"မင်းတို့အားလုံးကို ကိုယ်တော် အရမ်းစိတ် ပျက်သည်... မင်းတို့ကို အပြစ်ပေးတယ်ဆိုတာ မင်းတို့ရဲ့ လုပ်ရပ်တွေကို ပြန်ပြီး သုံသပ်ခိုင်းတာ... ဒီလောက်
ထိ ဆက်ပြီး လုပ်ကြမယ်လို့ မထင်ထားခဲ့ဘူး..."
မင်းကြီးစကားကြောင့် လန်ကျန့်မှ
"ပါးက ပြန်ပြီး သုံးသပ်ခိုင်းတာဆိုတာက ဝေ့ရင်းတို့ကို မသေရုံတမယ်ရိုက်ပြီး နှိပ်စက်တာမျိုး နဲ့လား..."
"ဘာ...ကိုယ်တော် ဘယ်တုန်းကမှ သူတို့ကို မနှိပ်စက်ခိုင်းခဲ့ဘူး...ဝေ့ရင်းကို အကျဉ်းချုပြီး နောက်နေ့ကတည်းက ကိုယ်တော် အစာပို့ခိုင်းပြီး အပြစ်တွေကို ဆင်ခြင်ဖို့ပြောလိုက်တာ..."
အရှင့်စကားကြောင့် လန်ကျန့် အံ့သြသွားကာ...
ဝေ့ရင်းကို ဆွဲကာ အပေါ်မှ ခြုံထားသော ဝတ်ရုံကို ဆွဲချွတ်ပြလေသည်.. နှုတ်မှလဲ..
"ဒါဆို ပါး.. ဒါတွေကရော... ဒါတွေ ..ဒါတွေ.."
ဝေ့ရင်း တကိုယ်လုံးကို ပတ်ပြကာ.. ဒဏ်ရာများကို လက်ငြိုးထိုးလျက် မျက်ရည်ဝဲကာ ဒေါသတကြီးပြော နေသည်...
မင်းကြီးလဲ ဝေ့ရင်းကိုယ်ပေါ်မှ ဒဏ်ရာများကို မြင်
သော် လန့်သွားပြီး....
"ဒါက ဘယ်လို့ဖြစ်တာလဲ... မင်းတို့ကို ဘယ်သူရိုက်တာလဲ.. ကျန်တဲ့ ၂ယောက်ရောအရိုက်ခံရသေးလား.."
အရှင်မေးသော မေးခွန်းကို ဝေ့ရင်းက မတ်တပ်ရပ်ကာ....
"အရှင်..ကျွန်တောတ်တို့ အားလုံးအရိုက်ခံရပါတယ်.. ပြီးတော့ အရှင် ခု ကျွန်တော်တို့ ပြန်လာတာကလဲ အရှင့်ဆီက ခွင့်လွှတ်မှုရချင်လို့ပါ.. တမင် ရည် ရွယ်
ပြီး လုပ်ခဲ့တာမဟုတ်ပေမဲ့... ကျွန်တော်တို့ အရှင့်ကို လိမ်ညာမိပါတယ်... ဒါပေမဲ့ အရှင် ဒီမှာ ရှိတဲ့
ကျွန်တော်တယောက်က လွဲပီး အားလုံးက အရှင့်ရဲ့
သွေးသားတွေပါ... အားလုံးထဲက တယောက်သေမှ အရှင့် ဒေါသကို ပြေစေမယ်ဆိုလဲ ကျွန်တော့်အသက်ကို ..ယူပြီးကျန်တဲ့ သူတွေကို ခွက့်လွှတ်ပေးပါ.. အနူး အညွတ်တောင်းပန်ပါတယ် အရှင်...."
ဝေ့ရင်း ဒူးပြန်ထောက်ကာ... နဖူးနှင့် ကြမ်းပြင် ထိ
အောင် ဦးညွတ်ထားလိုက်သည်... မျက်ရည်များလဲ အဆက်မပြတ်သည်းကျနေသည်.. သို့သော် ခေါင်း
ပြန်မမော့ရဲ... အရှင့်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေမိ သည်...ထိုအချိန် အာဏာပြင်းထန်၍ တည်ကြည် ခန့် ညားလှသော လန်မင်းကြီးရဲ့ အသံက ဟိန်းထွက်လာ သည်....
"ဝေ့ဝူရှန့် မင်းတကယ်သေချာတယ်နော်... သူတို့ကို ခွင့်လွှတ်ပေးရင် မင်းအသက်ကို တကယ်ပေးမှာ
ပေါ့...."
"ဟုတ်ပါတယ်အရှင်..."
ဝေ့ရင်း မဆိုင်းမတွ ဖြေလိုက်သည်... မိမိက တန်ဖိုး ရှိသူမဟုတ်... ချစ်ဖူးခဲ့ ပြီးပြီ အချစ်ခံခဲ့ရပြီးပြီ..
လန်ကျန့်ကို အားနာသော်လည်း မိမိလုပ်ပေး နိုင်တာ ဒါပဲရှိသည်... ထို့ကြောင့် သတ်ရင်လဲ သေရမှာပဲ
ဖြစ်သည်....
"ကောင်းပြီ... မင်းဆန္ဒကို ကိုယ်တော် လိုက်လျော ပေးရမှာပေါ့... အားလုံးကို ခွင့်လွှတ်တယ်.. ဝေ့ရင်းကို တော့ မနက်ဖြန် နေထွက်တာနဲ့ ခေါင်းဖြတ်သတ်လိုက်ပါ...."
"ပါး..!!!!!. ..."
"အရှင်..!!!!!!.."
__________________________________Next part will be Final...
Thanks for Reading..
Love ya all
YOU ARE READING
မင်းသားလေးရဲ့ ဖူးစာရှင်...💗💗 (Completed) # Z & U
Fanfictionရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့် ရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့်