Only Zawgyi
Part 19
လန်ကျန့်နဲ့ ဝေ့ရင်း တည်းခိုတဲ့နေရာပြန်ရောက်သော်.. သခင်ကြီးက ဝေ့ရင်းကိုဆူလေသည်...
"ပေါက်စ မင်းတော်တော် မွှေနေတယ်နော်... မြင်းမစီးတတ်ဘဲနဲ့ ဘာလို့ မြင်းနဲ့ ထွက်ပြေးတာလဲ.. တခုခု
ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..... ရိသမားတော်ကြီး သားငယ် ဘယ်လိုနေသေးလဲ..."
သခင်ကြီးက ဝေ့ရင်း ကိုပြောရင်းနဲ့ ရိသမားတော်ကြီးကို ပါတခါထဲ မေးလိုက်ခြင်းဖြစ်သည်....
"သခင်ကြီး ဒဏ်ရာကပွန်းရုံလောက်ပါ...၂ရက် ၃ရက်လောက်ဆို သက်သာပါပြီ..."
"အင်း ကောင်းပြီ...ဒါဆို အားလုံးနားကြတော့..."
သခင်ကြီးနှင့် သမားတော်တို့ ထွက်သွားပြီးနောက်...
လန်ကျန့်မှ..ကျန်နေသော..မုန့်ယောင်တို့ ဟောက်ရွှမ်းတို့ကို...
"မင်းတို့ ဟိုမိန်းကလေးကို ဘယ်လိုလုပ်လိုက်ပြီလဲ.."
" ဒီကနေ ခရီးဆက်ဖို့ ပြောလိုက်ပြီ...ပိုက်ဆံအနည်း ငယ်ပေးပြီးတော့..."
လန်ကျန့်အမေးကို ဟောက်ရွှမ်းက ဖြေလိုက်သည်...
"အဲ့မမက ချစ်စရာလေးပါ.. ဘာလို့ပြန်ပို့လိုက်တာလဲ.. နန်းတော်ထိ ခေါ်သွားပြီးရော..."
"အဲ့ဒါဆို ငါသွားခေါ်လိုက်မယ်လေ... အဝေးကြီး
မရောက်လောက်သေးဘူး..."
ဝေ့ရင်းပြောစကားကို မုန့်ရောင်က ပြန်ချေပတော့.. လန်ကျန့်မှ...
"အာ ..မလုပ်ပါနဲ့ ဗျာ...အားလုံးကိုတောင်းပန်ပါ
တယ်....."
ဟု ပြောလိုက်တော့ အားလုံးရီနေလေသည်...
^ချစ်လိုက်တာ...ရင်းရယ်... ဘယ်အရာနဲ့မှ မင်းကို မထိခိုက်အောင် ကိုယ်ကာကွယ်မှာမို့... မင်းက ကိုယ့်ကို ယုံကြည်ပြီး ချစ်နေပေးပါ....^
လန်ကျန့် ဝေ့ရင်းကို ကျိရင်း စိတ်ထဲ မှ ရေရွတ်လိုက်လေသည်...
🌵🌵🌵🌵🌵🌵🌵🌵🌵🌵
သခင်ကြီးတို့ တိုင်းခန်းလှည့်လည်တာ... ဘာလိုလို နဲ့ တလတောင်ပြည့်တော့မည်..ဖြစ်သည်... တိုင်း
ပြည်ရဲ့ နောက်ဆုံး မြို့တော်သို့ရောက်ရှိလာပြီဖြစ်သည်...
သခင်ကြီးတို့ ရောက်သွားသောနေ့တွင် ထိုမြို့တော်
တွင်... ဈေးပွဲတော်ရှိနေလေသည်... ထိုပွဲတော်တွင်
အဖိုးကြီး နဲ့ အဖွားကြီးစုံတွဲသည်...ကြက်ဥ မုန့်များကို ရောင်းချနေသည်... သခင်ကြီး,ဝေ့ရင်းနှင့်
ရှင်းချန်တို့သည်... ထိုအဖိုးအဖွားနားသို့သွား၍..
"အဖိုးတို့ ဘာရောင်းတာလဲ..."
"ကြက်ဥ မုန့်တွေပါ...သားတို့ ဝယ်ပါအုံးလား.."
ဝေ့ရင်းက မေးတာကို အဖိုးကဖြေလိုက်တော့ ဝေ့ရင်း သနားသွားကာ...
"အဖိုး ကြက်ဥမုန့် ၁၀ခုလောက်ပေးပါ..."
ပြောရင်း ဝေ့ရင်း ပိုက်ဆံ ထုတ်ရန် ခါးမှ ငွေအိတ်ကို
ဖြုတ်နေစဉ်...အဖိုးမှ ရှင်းချန်ကို မုန့်ပေးသလိုနှင့် သခင်ကြီးကို ဓားနှင့်ထိုးလိုက်လေသည်... ထိုအချင်းရာကို မြင်သော ရှင်းချန်မှ သခင်ကြီးရှေ့မှ ကာလိုက်တော့ ရှင်းချန်၏ရင်ဘတ်တွင် ဓားစိုက်ဝင်သွားလေ
သည်...ဝေ့ရင်း လန့်သွားကာ...
"အားးးး.. ....ရှင်းချန်..."
ဝေ့ရင်း အော်သံကြောင့် လန်ကျန့်တို့လဲ နားနေရာမှ ပြေးလာရာ..ဓားဒဏ်ရာနှင့် ရှင်းချန်ကို တွေ့ပြီး
ရှင်းချန်ကို သခင်ကြီးက ပွေ့ထားကာ....ဝေ့ရင်းက ရှင်းချန်၏ သွေးကို ကျိပြီး ငိုနေလေသည်...
"ဘာဖြစ်တာလဲ...ရှင်းချန်...ရှင်းချန်..."
ဟောက်ရွှမ်းက ပြေးသွားကာ..သခင်ကြီးလက်မှ ရှင်းချန်ကို ကျိပြီး အော်ငိုနေလေသည်...
"ရိသမားတော်ကြီး ရှင်းချန်ကို ကျိပေးအုံး.... တည်းခိုခန်းကောင်းကောင်းတခု အမြန်ရှာကြစမ်း..."
သခင်ကြီးက အားလုံးကို အမိန့်ပေးလိုက်သည်...
တည်းခိုခန်းရောက်သော်.. .
ရှင်းချန်ကို... ကုတင်ပေါ်သို့တင်ကာ... ရိသမားတော်ကြီးက စိုက်ဝင်နေသော.... ဓားကို ဆွဲနုတ်ရန်
လုပ်နေသည်....ထိုအခါ..ရှင်းချန်က..
"သခင်ကြီး...သခင်ကြီးကို ကျွန်တော် တခုတောင်း ဆိုပါရစေ.... တကယ်လို့ ခုကျွန်တော်သေသွားခဲ့ရင်..
ဝေ့ရင်းက ဘာအပြစ်ပဲ လုပ်ထားလုပ်ထား..သေဒဏ်ကနေ ခွင့်လွှတ်ပေးပါမယ်လို့ ကတိပေးပါ..."
"ဟုတ်ပီ ရှင်းချန်..ကိုယ်တော် ကတိပေးတယ်.... ဒါကြောင့် စကားအများကြီး မပြောဘဲ...ရိသမားတော် ဓားဆွဲထုတ်မှာမို့ တော့မှာမို့ တောင့်ခံထားပါ..."
ရှင်းချန်သည်...ဝေ့ရင်းကို စိတ်ပူသည်... ထို့ကြောင့် သူမတော်တဆသေသွားခဲ့သော်... ဝေ့ရင်း အပြစ်
လွတ်ရန်..ရှင်းချန် ကတိတောင်းခဲ့ခြင်းပင်ဖြစ်သည်.....
"သခင်ကြီး...လူမှာကတိ မင်းမှာ.သစ္စာမို့ သခင်ကြီးကတိကို ဘယ်တော့မှ မမေ့ပါနဲ့...ကျွန်တော် တောင်း ဆိုပါရစေ....အ.."
ရှင်းချန်စကားအဆုံး ရိသမားတော်ကြီးက ဓားကို
ဆွဲနုတ်လိုက်ရာ...သွေးတွေ တအားထွက်ပြီး ရှင်းချန် မေ့လဲသွားသည်ကို မြင်ပီး ဝေ့ရင်းလဲ..လန့်ကာ...
"ရှင်းချန်!!"...
အော်ပြီး မေ့လဲသွားလေသည်... ဝေ့ရင်းမေ့လဲသွားတာကို လန်ကျန့်က ပွေ့ချီကာ... တခြားအခန်းသို့
ခေါ်ကာ..ကုတင်ပေါ်သို့ ညင်သာစွာချကာ.... နဖူးကို အမြတ်တနိုးနမ်းရှိုက်လိုက်သည်....
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
" အ...အင်း...."
လန်ကျန့် ဝေ့ရင်းကိုစောင့်နေရင်း.... ဝေ့ရင်းအသံ
ကြားတော့..
"ရင်း..နိုးပြီလား...ဘယ်လိုနေသေးလဲ..."
ဝေ့ရင်း လန်ကျန့်အမေးကို မဖြေဘဲ...ကုတင်ပေါ်မှ ချက်ချင်းထကာ...
"လန်ကျန့် ရှင်းချန်ဆီသွားမယ်...သူခု ဘယ်လိုနေလဲ..."
ပြောရင်းတံခါးပေါက်ဆီသို့ ပြေးထွက်သွားသော ရင်းကို လန်ကျန့် နောက်မှ ခါးကို သိုင်းဖက်ကာ...
"ရင်း...စိတ်ပူစရာမရှိတော့ဘူး...ရင်းမေ့နေတုန်း ရှင်းချနိ ခဏသတိရသေးတယ်...ဆေးသောက်ထား လို့ ပြန်အိပ်ပျော်သွားတာ... ခုချိန်မသွားဘဲ မနက်ဖြန် အေးအေးဆေးဆေးဖြစ်သွားမှ သွားလေ...ခုက သမားတော်တွေ..ပြီးတော့ပါး..ဟောက်ရွှမ်းတို့က ရှိနေတော့..ရင်းသွားလဲ ပြန်လာရမှာပဲ...ကြားလား.. မနက်မှသွားရအောင် .."
"အင်း လန်ကျန့်..... တကယ်ရှင်းချန်ဘာမှမဖြစ်ဘူးနော်..."
"အင်း...တကယ်မဖြစ်ဘူး...မနက်ကျရင်သွားကျိ.."
"အင်းပါ...လန်ကျန့် ရင်း ဗိုက်ဆာတယ်.."
"အင်း...ဟုတ်ပါပြီ...လာ အပြင်မှာ ထမင်းသွားစား ရအောင်..."
"ဟုတ်..."
............................
"ရှင်းချန်..ငါနင့်ကို အရမ်းစိတ်ပူနေတာ..သိလား.."
ဝေ့ရင်းတယောက် ကုတင်ပေါ်တွင် ကျောမှီကာ..
ထိုင်နေသော..ရှင်းချန်ကို ဖက်ပြီးပြောလိုက်သည်..
"ဝေ့ရင်းကလဲ..စိတ်မပူပါနဲ့..ငါသက်သာနေပါပြီ..."
"အင်းပါ... နင့်ကို ဓားနဲ့ထိုးတဲ့ အဖိုးနဲ့ အဖွားတို့ကလေ.. သခင်ကြီးကိုအထင်လွဲနေကြတာ..သိလား.. သူတို့သား အမတ်ကို သခင်ကြီးက သတ်လိုက်တာ ဆိုပြီးလေ..အမှန်တော့ ဝမ်အမတ်ချုပ်ကြီးက ချောက်တွန်းလို့သခင်ကြီးက သေဒဏ်ပေးလိုက်ရတာ.. ခုတော့ရှင်းသွားပြီသိလား...နင်စိတ်မပူနဲ့တော့..."
ဝေ့ရင်းက ရှင်းချန်ကို လက်ကိုင်ထားရင်း အဖြစ်အပျက်များကို ပြောပြနေသည်... လန်ကျန့်တို့လဲ ဝေ့ရင်း တို့ကို ကြည့်ကာ..ပြုံးလိုက်သည်...
"ကဲ... ကိုယ်တော်တို့အားလုံး မနက်ဆို နန်းတော်
ပြန်ကြမယ်......နောက်တပတ်ထဲမှာ... မဟာမိတ်
နိုင်ငံဖြစ်တဲ့ မွန်ဂို စော်ဘွားကြီးတွေ လာလိမ့်မယ်.... အဲ့ဒါကြိုရမယ်...ဒါကြောင့်...ကိုယ်တော်တို့ မနက်
ဖြန်ပဲ ခရီးအပြင်းနှင်ရမယ်..."
"ဟုတ်...သခင်ကြီး..."
🌵🌵🌵🌵🌵🌵🌵
Thanks For Reading
တိုသွားတယ်... နောက်လဲ ကျသွားတယ်..
Sorry ပါနော်...
Next Part မှာ.. ဇတ်ကောင်အသစ်ပါမယ်နော်...
ပြီးတော့လေ.. မေ စာရေးဖို့ကြာတာကလေ..
ဘာရေးရမှန်းမသိဖြစ်နေလို့ပါ...
![](https://img.wattpad.com/cover/224897407-288-k289504.jpg)
YOU ARE READING
မင်းသားလေးရဲ့ ဖူးစာရှင်...💗💗 (Completed) # Z & U
Fanfictionရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့် ရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့်