Only Zawgyi
Part 13
^ငိုနေလို့မဖြစ်ဘူး....ဝမ်လေးမလာခင် အမြန်သွားရမယ်...^
ရှင်းချန် ငိုနေရာမှရပ်ကာ..
"စုန့်လန်...ငါတို့ သွားရအောင်..ဒီတိုင်းပြည်နဲ့အဝေးဆုံးတနေရာကို...."
"ဟုတ်....သခင်လေး..."
ရှင်းချန်တို့ ပစ္စည်းများသိမ်းကာ...ဝမ်အိမ်တော်မှ မည်သူမှမသိအောင် ထွက်ခွာခဲ့လေသည်...
"စုန့်လန်ဒီတိုင်းပြည်က မထွက်သွားခင် ငါတို့ ၁နေရာသွားရအောင်..."
"ဝေ့ရင်းတို့ ဂေဟာလား..."
"အင်း...ပိုက်ဆံတချို့သွားလှူပြီး...ကျန်းချန်တ်ု့ကို နှုတ်ဆက်ရအောင်..."
"ဟုတ် သွားကြမယ်လေ..သခင်လေး.."
....................
ဝမ်အိမ်တော်တွင်...
"ရှင်းချန်...ရှင်းချန်..."
ဟောက်ရွှမ်း နန်းတော်မှ ပြန်လာလာချင်း ရှင်းချန်ကို ရှာနေသည်....
သို့သော်..ဘာသံမှ မကြားဘဲ...တံခါးခေါက်နေသော်လဲ တုံ့ပြန်မှုမရှိသောကြောင့် တံခါးကို တွန်းဖွင့်လိုက်ရာ...ရှင်းလင်းနေသော အခန်းငယ်လေးကို တွေ့လိုက်ရသည်....
"ရှင်းချန် မင်းဘယ်မှာလဲ...ရှင်းချန်..."
ဟောက်ရွှမ်း ရူးချင်နေလေပြီ...အခန်းထဲမှ ချက်ချင်းပြေးထွက်ကာ...
"မား..ရှင်းချန် မရှိတော့ဘူး...မားသိလား....
ရှင်းချန် ဘယ်ကို ထွက်သွားလဲဆိုတာ...."
"သားဝမ်လေး..စိတ်အေးအေးထား....မားတို့က...."
"မား...လုပ်ရက်လိုက်တာ..ရှင်းချန်က သနားစရာလေးလေ...အရှင်မင်းကြီးရဲ့ အသိမှတ်ပြုမှုကို မခံရတဲ့အပင်..မားတို့ကပါ...ခုလိုလုပ်တော့ သူဘယ်လောက်အားငယ်သွားမလဲ....သား သူ့ကို အရမ်းချစ်တာလဲ မားတို့သိရက်နဲ့...."
ပြောရင်း..ဟောက်ရွှမ်း ငိုလေသည် ...
ဝမ်သခင်မကြီးလဲ....သားကို သနားလာကာ...
"သား ဝမ်လေး....မင်းသားရှင်းချန်ကိုရှာပါ...
တွေ့ရင် ပြန်ခေါ်လာခဲ့ပါ....သူလက်ခံရင် မားတို့သဘောတူပေးမယ်..."
"မား တကယ်ပြောတာနော်...."
ဝမ်ညီအကို ၂ ယောက်..ရှင်းချန်ကို..လိုက်ရှာတာ..ဒီနေ့နဲ့ပါဆို...၃ရက်ရှိပြီ....
လန်တိုင်းပြည်ရဲ့ မည်သည့်နေရာမှရှာမတွေ့ပေ...
နောက်ဆုံးမတတ်နိုင်သည့်အဆုံး..လန်ကျန့်ကိုပါ..ဖွင့်ပြောကာ...
ဝေ့ရင်းအဆောင်တော်တွင်....
"လန်ကျန့် ငါ့ကို ရှင်းချန်ကို ရှာဖို့ ကူညီပါ...ဝေ့ရင်းရောပဲ..."
ဝေ့ရင်းက တချက်စဉ်းစားပြီး...
"ဟောက်ရွှမ်းကော...ရှင်းချန်ရှိမဲ့နေရာ ကျွန်တော်သိတယ်..."
"ဟမ်..တကယ်လား ဝေ့ရင်း...ဘယ်မှာလဲ..ပြောပြလေ.."
"ဟောက်ရွှမ်းကောကလဲ..ဖြေးဖြေးမေးပါ...
ကျွန်တော်ပါလိုက်မယ်...ရှင်းချန်ကိုရှာတဲ့နေရာကို..ကျွန်တော်...မယ်မယ် ၃ကို ခွင့်တောင်းအုံးမယ်..."
ပြောရင်း..ဝေ့ရင်း အပြင်သို့ပြေးထွက်သွားကာ..
မယ်မယ်၃ဆီသွားလေသည်...
လန်ကျန့် ခု ဟောက်ရွှမ်းကို သဝန်မတိုတော့ပေ..
ဟောက်ရွှမ်းက..ရှင်းချန်မှ ရှင်းချန်ဖြစ်နေသောကြောင့်....
ခဏလေးကြာတော့....ဝေ့ရင်းပြန်လာကာ..
"သွားမယ်လေ...အားလုံး..ကျွန်တော့နောက်လိုက်ခဲ့..."
အားလုံး.နန်းတော်မှ ယခင် ဝေ့ရင်းနေခဲ့သော ဂေဟာသို့. .
ဂေဟာသို့ရောက်သော်..ဝေ့ရင်းက ကျန်းချန်အား...
"ကျန်းချန်.. ရှင်းချန်ရော...ဒီကိုလာတယ်မလား
.ဘယ်မှာလဲ.."
"ဘာတွေလာပြောနေတာလဲ..ဝေ့ရင်း...ရှင်းချန်က ဘာလို့ ဒီကိုလာမှာလဲ...ပြီးတော့ မင်းက ဘယ်တုန်းက မင်းသားဖြစ်သွားတာလဲ...."
ကျန်းချန်၏ အသံမှာ...ဒေါသထွက်နေသော အသံဖြင့်မေးနေသောကြောင့်...ဝေ့ရင်းက..
"ကျန်းချန် နင့်ကို ငါ ဘာမှ မတိုင်ပင်ပဲ လုပ်တဲ့အတွက် နင်စိတ်ဆိုးနေမယ်ဆိုတာသိပါတယ်...ဒါမဲ့ ငါနောက်မှ ရှင်းပြပါ့မယ်...နင်ကျေနပ်အောင်လဲ..တောင်းပန်ပါ့မယ်...ခု ရှင်းချန်ဘယ် မှာလဲ ဆိုတာပဲပြောပြပေးပါ..."
"ငါမသိဘူး...လွန်ခဲ့တဲ့ ၂ရက်ကတော့ ဒီကိုရောက်လာတယ်...ငါတို့ကို လာနှုတ်ဆက်တာတဲ့..ပိုက်ဆံ နည်းနည်းပေးခဲ့ပြီး ပြန်ထွက်သွားတာပဲ...ငါ့အထင်တော့ မြို့ပြင်က.. တဲထဲမှာနေမယ်ထင်တယ်...သူက ပြောတယ်..သူဘယ်မှမသွားတာမို့ ဘယ်အချိန်ဖြစ်ဖြစ် သူ့ကို အကူညီလိုရင် လာတွေ့ပါလို့ပြောသွားတယ်..."
ကျန်းချန်ပြောသော စကားကိုပင် ဆုံးအောင် နားမထောင်တော့ဘဲ....အားလုံး ချက်ချင်း မြို့ပြင်မှ တဲသို့ထွက်လာလိုက်သည်....မြို့ပြင်တဲသို့ ရောက်သော်..
လူနေထားသော အရိပ်အရောင်နှင့်..အင်္ကျီထုပ် ၂ထုပ်တွေ့သောကြောင့်..ရှင်းချန်တို့ ဒီမှာနေသည်မှာ..သေချာသွားပြီ...သို့သော် ယခု မည်သူမှရှိမနေသောကြောင့်...ဟောက်ရွှမ်းက
"သူတို့ ဘယ်သွားလဲ မသိဘူး....ငါအနီးအနီးလိုက်ရှာလိုက်အုံးမယ်...လန်ကျန့် နင်တို့လဲ...တခြားမှာ ကူရှာပေးအုံး..."
"အင်း..ဟုတ်ပြီ...."
ဟောက်ရွှမ်းကပြောပီး...ထွက်သွားလေသည်...ကျန်တဲ့သူတွေရော..ရှင်းချန်ကို လိုက်ရှာနေသည်....
ဟောက်ရွှမ်း ရှင်းချန်ကို ရှာရင်း...နေကြာပန်းခင်းသို့ရောက်လာလေသည်...ထိုစဉ်...အသံတသံကို ကြားလိုက်သောကြောင့်..နားစိုက်ထောင်လေသော်...
ရှင်းချန်၏ ငိုသံဖြစ်နေသည်....
ထိုအသံရှိရာသို့ ဟောက်ရွှမ်းလျှောက်သွားလိုက်သော်.....
ရှင်းချန် နေကြာပန်းခင်းဘေးတွက်ရှိနေသော..တောင်ကုန်းမို့ပေါ်တွင် ထိုင်ပြီး ဒူးထောင်ကာ.. လက်နှစ်ဖက်ဖြင့် ပိုက်ထားပြီး ခေါင်းလေး ငုံ့ကာ..ငိုနေလေသည်...ပါးစပ်မှလဲ...
"ဝမ်လေး...ကျွန်တော် ခင်ဗျားကို အရမ်းချစ်ခဲ့ပါတယ်...ဒါပေမဲ့..ကျွန်တော်တို့အချစ်က မစခင်သေဆုံးခဲ့ရပြီ...ဒါပေမဲ့ ခင်ဗျားကို ကျွန်တော် အသက်ထက်ဆုံးချစ်နေမှာပါ...."
"အဲ့လောက်ချစ်နေသားနဲ့..ဘာလို့ခွဲသွားတာလဲ..အရူးလေးရဲ့...ကိုယ်သေတာကို မြင်ချင်လို့ ခုလို ထွက်သွားတာလား..."
"ဟင်...."
ရှင်းချန်တစ်ယောက်..စုန့်လန် ဈေးထဲသွားနေတုန်း... နေကြာပန်းခင်းသို့လာကာ..ငိုနေခဲ့သည်...
ငိုနေတုန်းမှာပဲ...အသံကြားလို့ မော့ကျိလိုက်ရာ...
"ဝမ်လေး...ဘယ်လိုလို့ဒီကို...ရောက်.."
စကားပင်မဆုံးသေး..ဟောက်ရွှမ်းက...ရှင်းချန်ကို ဖက်လိုက်ကာ..
"ထွက်မသွားပါနဲ့...အနားကနေ...တသက်လုံး..ရှိနေပေးပါ...ဘာပဲဖြစ်ဖြစ် ကာကွယ်ပေးမှာမို့...ကိုယ့်နားမှာပဲ....ကိုယ့်ကို ချစ်ပီး..နေပေးပါ..."
ဟောက်ရွှမ်းစကားကိုကြားတော့..ရှင်းချန်က.က
ငိုနေရင်း...
"ဟင့်..ဟင့်...တောင်းပန်ပါတယ်..ဝမ်လေး...ချစ်တယ်..ဝမ်လေးကို..အရမ်းချစ်တယ်...."
"အင်း...ကိုယ်လဲ.အရမ်းချစ်တယ်....ဒါကြောင့် ထွက်မသွားနဲ့တော့နော်...ကဲ သွားရအောင်...
တဲမှာ ဝေ့ရင်းတို့လဲရောက်နေတယ်...."
ပြောရင်း..ရှင်းချန်ကို တွဲကာ..မြင်းပေါ်တင်လိုက်ရင်း..တဲဆီသို့ ပြန်လာခဲ့လိုက်လေသည်....
................................."လန်ကျန့်...ကျွန်တော်တို့ ရှင်းချန်ကို နန်းတော်ပို့ရင်ရော....ပါးကိုပြောပြီး...ကျွန်တော့အတွက်..ပြုစုပေးဖို့ဆိုပြီး..စုန့်လန်ကိုကျတော့..လန်ကျန့်တို့ ကိုယ်ရံတော်ဆောင်ကို ပို့လိုက်လေ...ရမလား..."
ဝေ့ရင်းက ပြောလိုက်ရာ.. မုန့်ယောင်ကလဲ..
"ဟုတ်တယ်...ဒါမှ ရှင်းချန်လဲ..မင်းကြီးကို တွေ့ရပြီး...ငါတို့လဲ..မင်းကြီးကို ဖြေးဖြေး ယုံအောင်ပြောကြတာပေါ့....ဒါဆို...ဝေ့ရင်းလဲ..အန္တရယ်ကင်းပြီ...."
"ငါတော့ သဘောမတူဘူး...နန်းတွင်းက..ဒီလောက်ရက်စက်တာ...ပြီးတော့ နန်းတွင်းဝင်ပြီးရင် ပြန်ထွက်အရတော့ဘူး...တကယ်လို့.....ငါတို့ ပြောလိုက်လို့ မင်းကြီးက လက်မခံဘဲ....အားလုံးကို အပြစ်ပေးလိုက်ရင်ရော.."
ဟောက်ရွှမ်းပြောတော့....လန်ကျန့်က..
"အဲ့ဒါကြောင့်ပဲ..ငါတို့..နန်းတွင်းကို ရှင်းချန်ကိုခေါ်ထားပြီး...မင်းကြီးသတိထားမိအေယင်လုပ်ရပါမယ်ဆို... ဘာလို့လဲဆိုတော့ သွေးကစကားပြောလာမှာပဲလေ...အချိန်တခုတော့ပေးရမှာပေါ့...."
"အင်းပါ...နင်တို့အားလုံး..ဒီလောက်ဖြစ်နေမှတော့... ငါသဘောတူပါတယ်...ဒါပေမဲ့...ရှင်းချန်ကရော...."
တချိန်လုံး.စကားတခွန်းမှမပြောဘဲ..နားထောင်နေသော..ရှင်းချန်ကို ဟောက်ရွှမ်းကမေးလိုက်ရာ...
"ကျွန်တော် နန်းတော်ထဲဝင်ချင်တယ်...သားလို့အသိမှတ်မပြုရင်တောင်...မင်းကြီးကို ကျွန်တော် အဝေးက ဖြစ်ဖြစ် မြင်နေရချင်တယ်...ပါးဆိုတဲ့..အသိလေးနဲ့..."
ရှင်းချန်ပြောသော..စကားကြောင့်အားလုံးက..စိတ်မကောင်းဖြစ်သွားကြသည်...ထိုအရာကို ရှင်းချန်မြင်တော့
ပြာပြာသလဲဖြင့်....
"ဟို..ကျွန်တော် နန်းတော်ထဲဝင်ပြီး ဝေ့ရင်းကို ပြုစုမဲ့...နန်းတွင်းသားလုပ်ပါ့မယ်...ပြီးတော့ အားလုံး..စိတ်မကောင်းမဖြစ်ကြပါနဲ့...ကျွန်တော်အဆင်ပြေမှာပါ..."
"ကဲ ဒါဆို မနက်ဖြန်လုပ်ငန်းစကြစို့..."
မုန့်ယောင်ကပြောလိုက်တော့...အားလုံးက..
"ကောင်းပြီ......."
🌵🌵🌵🌵🌵🌵🌵🌵🌵
Thanks For Reading
![](https://img.wattpad.com/cover/224897407-288-k289504.jpg)
VOCÊ ESTÁ LENDO
မင်းသားလေးရဲ့ ဖူးစာရှင်...💗💗 (Completed) # Z & U
Fanficရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့် ရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့်