2

4.2K 214 8
                                    

Uni

မောင်း..မောင်း..မောင်း..(မောင်းထုသံ)


"လာကြည့်ကြနော်....သိုင်းကွက်အဆန်းတွေနဲ့..ဖျော်ဖြေနေတာပါနော်...လာ
ကြည့်ကြပါ..လာကြည့်ရင်း အလှူငွေလည်း ထည့်ရင်း အရှုံးမရှိပါဘူးလို့"

လန်တိုင်းပြည်ရဲ့ စည်ကားသိုက်မြိုက်သော..ဈေးလယ်ခေါင်တွင်..ချောမောလှပသော..ယောကျာ်းပျိုလေး ၂ယောက်နှင့် နူးညံ့သိမ်မွေ့သော....မိန်းကလေးတစ်ယောက်တို့ မတ်တပ်ရပ်နေကြသည်...

ထိုထဲမှ အရပ်ရှည်ရှည်..မျက်လုံးလှလှ..နှင့် မိန်းကလေးများထက်ပင်ချောသော..ကောင်လေးက..
မောင်းကိုင်ရင်း ထုကာစကားပြောနေခြင်းဖြစ်သည်..

နူးညံ့သော မိန်းကလေးက စစ်တေးကဗျာရွတ်ကာ..နောက်ထပ်ခရမ်းရောင် ဝတ်စုံဝတ်ထားသော ကောင်လေးက ထိုကဗျာနှင့် လိုက်ဖက်စွာ သိုင်းကွက်များဖြင့် လာရောက်ကြည့်ရှုသူများကို မင်သက်စေသည်...

ပြီးနောက်... ခွက်လေး ကိုင်ကာ...အလှူခံလေသည်...ပရိတ်သတ်များက..ငွေစများထည့်ပေးကာ..ချီးကျူးရင်း တစတစထွက်ခွာသွားကြလေသည်...ဒီအချိန်မှာ..ပရိတ်သတ်ထဲမှ ကောင်လေး တဦးက...

"ဟာ..ကျွန်တော့အိတ် လုသွားပြီ...ကယ်ကြပါ..ကျွန်တော့အိတ်က..ကျွန့်တော့အသက်ထက်အရေးကြီးတာမို့ပါ.."

ပြောရင်းပြေးလိုက်သွားသော..ကောင်လေး ၂ယောက်...အလှူငွေကာက်ခံနေသော...ကောင်လေး၂ယောက်ကလဲ မိန်းကလေးကို ကောက်ခံထားသော...ငွေများအပ်ခဲ့ကာ...ထိုသူခိုးနောက် ပြေးလိုက်လေသည်...
ခဏကြာ အိတ်ကိုဆွဲပြီး ပြန်လာတဲ့သူက ...

"ရော့ သခင်လေး..မင်း အိတ်..တခုခုပျောက်သေးလား..စစ်ကြည့်အုံး."

ဝေ့ရင်းက ပြောရင်း ထိုကောင်လေးအား..အိတ်ထိုးပေးလေသည်...

ထိုကောင်လေးလဲ ချက်ချင်းယူကာ...ထုတ်ကြည့်လိုက်လေသည်..ထိုအခါထွက်လာသည်က..
ယပ်တောင်တချောင်းနှင့် ပန်းချီကား တချပ်...

"ဟွန့် ငါက ပိုက်ဆံတွေများအများကြီးပါလို့ ဒီလောက်ပြေးလိုက်နေတာလားလို့...ယပ်တောင်နဲ့ ပန်းချီကားတဲ့...ဟူး.ပြေးရတာတောင်မတန်ဘူး"

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now