မင်းသား​လေးရဲ့ ဖူးစာရှင်​💗

1.6K 130 2
                                    

Only Zawgyi
Part 18
လမ်းခ​ရီးတ​လျှောက်​​ဝေ့ရင်း စိတ်​တိုပြီး လှည့်းစီးလာကာ.. တည်းခိုမည့်​​နေရာ​ရောက်​​သော်​..လှည်း​ပေါ်မှဆင်းကာ...လန်​ကျန့်​အား..
"အဟမ်း...အဲ့မမက ​ချောတယ်​​နော်​...လန်​ကျန့်​နဲ့
လိုက်​တယ်​..နန်း​တော်​ထိ ​ခေါ်ခဲ့လိုက်​ပါလား..."
လန်​ကျန့်​​ခေါ်လာ​သော..မိန်းက​လေးကို ရှင်းချန်​က အဝတ်​စားများ လဲရန်​​ပြောကာ..​ခေါ်သွား​လေသည်​...
"ဟုတ်​တယ်...လန်​ကျန့်​...မင်း ရဲ့ ​စေခံလုပ်​ခိုင်းလိုက်​​လေ... ဒါမှမဟုတ်​ ကိုယ်​လုပ်​​တော်​ဖြစ်​ဖြစ်​..."
ဝေ့ရင်း​ပြော​သောစကားကို မုန့်​​ယောင်​က ​ထောက်​ခံ ​ပြော​တော့....​ဝေ့ရင်းက ပိုစိတ်​တိုသွားကာ...
ခြေ​စောင့်​ကာ.. ထွက်​သွား​လေသည်​...
"ဟား..ဟား..ဟား..မင်း​ပေါက်​စ အူတို​နေတာ... သွား လိုက်​​ချော့ လိုက်​အုံး လန်​ကျန့်​..."
ဟောက်​ရွှမ်း​ပြောစကားကို လန်​ကျန့်​ပြုံးပြီး နား​ထောင်​ကာ...​ပြေးထွက်​သွား​လေသည်​...လန်​ကျန့်​ ​ဝေ့ရင်းကို လိုက်​ရှာ​တော့...​တွေ့ပါပြီ.. တည်းခိုခန်းခြံဝန်းရဲ့
သရက်​ပင်​​အောက်​မှာ..ပါးစပ်​မှလဲ ပွစိပွစိနှင့်
ဘာ​ပြော ​နေမှန်းမသိ... လန်​ကျန့်​လဲ ပြုံးကာ.. သူ့နား ကို သွားပြီး...
"ပွစိပွစိနဲ့ ဘာ​တွေမ​ကျေမနပ်​ဖြစ်​​နေတာလဲ...."
"ဘာမှ မ​ကျေမနပ်​မဖြစ်​ဘူး...ဘာလို့ လာတာလဲ.. သွား​လေ ဟိုမမနားပဲ သွား​နေ.."
"ဘာလို့​နေမှာလဲ...ကိုယ့်​ချစ်​သူက ဒီမှာ​လေ.."
"ဘာကို ချစ်​သူလဲ...ဟိုမမနဲ့ သာယာ​နေပြီးမှ သူများကို လာ​ပြော​နေတာ..."
"ရင်း ​နော်​..ကိုယ့်​ကို စိတ်​တို​အောင်​ လာမလုပ်​နဲ့... အဲ့တ​ယောက်​က ရင်းကယ်​ခဲ့တာ​လေ... ပြီး​တော့
ကိုယ်​တို့​နောက်​ကို ဖိနပ်​​ပေါက်​​အောင်​ လိုက်​​ပြေး လာလို့ ကိုယ်​​ခေါ်လာတာ​လေ..ရင်းက ခု ဘာဖြစ်​​နေတာလဲ..."
"အဲ့ဒါဆိုလဲ သွား​လေ..သွား..သူဖိနပ်​​ပေါက်​သွားလို့ ရင်​နာ​နေတာမလား ဘာလို့ သွားမပြုစုဘဲ ဒီမှာ
လာ​နေတာလဲ..."
ဝေ့ရင်း ​ပြောစကား​ကြောင့်​ လန်​ကျန့်​ စိတ်​တိုသွားကာ..
"​ဝေ့ရင်း မင်း ဘာဖြစ်​​နေတာလဲ.. မင်း ကူညီထားတဲ့သူ​လေ.. မင်း ဝင်​စွက်​ဖက်​လို့ ခု လိုဖြစ်လာတာ​လေ.. မင်းကို ကိုယ်​အရမ်းအထင်​ကြီးထားတာ.. မင်းက ကူညီတတ်​တယ်​..စိတ်​ထား​ကောင်းတယ်​လို့ ခုက
မင်းက အလကားပဲ....."
လန်​ကျန့်​ ​အော်​​တော့ ​ဝေ့ရင်းက
"ကျွန်​​တော့ကို အထင်​ကြီးပါလို့ ​ပြောမိလား...ပြီး​တော့ ကျွန်​​တော်​က ဘာဖြစ်​​နေလို့လဲ.. ဟုတ်တယ် ကျွန်​​တော်က အလကားလူ အဲ့ဒါေ​​ကြာင့် ​ခင်​ဗျား​ခေါ်လာတဲ့ အဲ့မိန်းက​လေးကို သွား​ပြုစု... အလကားလူ ဖြစ်​တဲ့ ကျွန်​​တော့နား မလာနဲ့...."
ပြောပြီး ​ဝေ့ရင်း တဖက်​သို့ လှည့်​လိုက်​​လေသည်​... လန်​ကျန့်​လဲ စိတ်​တိုကာ..
"​ကောင်းပြီ​လေ...​သူ့ကိုပဲ သွားဂရုစိုက်​​တော့မယ်​.. ပြီး​တော့ မုန့်​​ယောင်​​ပြောသလို နန်း​တော်​ပဲ
ခေါ်သွား​တော့ မယ်​.."
ပြောပြီး လန်​ကျန့်​ထွက်​သွားတာကို ​ဝေ့ရင်းက ခဲနဲ့ 
ပေါက်​လိုက်​​လေသည်​...​ဝေ့ရင်း​ပေါက်​လိုက်​​သော ခဲလုံးက လန်​ကျန့်​ ​နောက်​​ကြောကို ထိကာ...လန်​ကျန့်​ နာသွား​လေသည်​...လန်​ကျန့်​ ပြန်​လှည့်​လာကာ..
"သိပ်​စိတ်​ပျက်​စရာ ​ကောင်းတဲ့သူ...​ပြောပြလဲ နားမလည်​ဘူး... ပညာမတတ်​သ​လောက်​ ဥာဏ်​တိမ်​တယ်​...."
လန်​ကျန့်​စကားကို ကြားပြီး ​ဝေ့ရင်း မျက်​ရည်​များ ပိုးပိုး​ပေါက်​​ပေါက်​ ကျလာကာ...​ပြေးထွက်​သွား​လေ
သည်​..... ​ဝေ့ရင်းေ​ပြးထွက်သွားတာကို ကျိပြီး
လန်​ကျန့်​လဲ ထို​နေရာမှ ထွက်​လာ​လိုက်​သည်​....

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now