3 💗💗💗

3.2K 201 0
                                    

Only Zawgyi
Part 3
"ခမည်း​တော်​ သူ သတိ​မေ့သွားပြီ..."
"ချက်​ချင်းနန်း​တော်​ပြန်​မယ်​...သမား​တော်​ရီ လမ်းမှာလိုအပ်​တဲ့ ​ဆေး​တွေ ကုသ​ပေး..​သွေးထွက်​မလွန်​​အောင်​...သူတခုခုဖြစ်​ရင်​..သမား​တော်​​တွေအားလုံးကို ​ခေါင်းဖြတ်​သတ်​မယ်​....သား​တော်​ ပါးကို အဲ့ပန်းချီကားနဲ့ ယပ်​​တောင်​ယူလာ​ပေး.."
လန်​ကျန့်​လဲ ပါးကို ​ကောက်​​ပေးကာ..ပါးဘာလို့ ဒီလိုဖြစ်​​နေတာလဲ ဆိုတာ စဉ်းစားမရဖြစ်​​နေသည်​...
..
At Palace
သမား​တော်​များ...ညနက်​သန်း​ခေါင်​​ကျော်​ချိန်​ထိ
အိပ်​မရ​သေး...​​ဝေ့ရင်းနိုးမလာ​သေး​သော​ကြောင့်​ပင်​...
ဝေ့ရင်းထိ​သောအဆိပ်​မှာ အနည်းငယ်​ပြင်းသည်​..
အ​ကောင်​ကြီးများသတ်​ရာတွင်​သုံး​သော အဆိပ်​ဖြစ်​​သော​ကြောင့်​ ​ဖြေ​ဆေးရှိ​သော်​ငြားလဲ လူသားဖြစ်​​သော​ကြောင့်​ ခံနိုင်​ရည်​ မရှိခြင်းဖြစ်​သည်​....
ထိုအချိန်​မှာ ဘုရင်​မှာလဲ..
သူ၏ မိဘုရားများနှင့်​ သား​တော်​ ကို ​ခေါ်ကာ..
"ဒီ​ကောင်​​လေးက ငါကိုယ်​​တော်​ရဲ့ သား​တော်​ဖြစ်​နိုင်​တယ်​...လွန်​ခဲ့တဲ့ နှစ်​ ၂၀က ငါကိုယ်​​တော်​ ယွင်​မုန်​ကျန်းပြည်​မှာ ဓားပြ​သောင်းကြမ်းလို့ သွားနှိမ်​နှင်းတုန်းက ဒဏ်​ရာရပြီး ​ရှောင်​ယွီ​ဟော်​အိမ်​မှာ တည်းခဲ့တယ်​... တလ​လောက်​ ​နေ​တော့...
သား​တော်​​လေးရဲ့ မယ်​​တော်​ ဆုံးသွားလို့ ပါး ချက်​ချင်းပြန်​လာခဲ့တာ...အဲ့မှာ​နေတုန်းဆွဲထားတဲ့ ပန်းချီကားနဲ့ ယပ်​​တောင်​ပဲ..ဒါက..ပြီး​တော့ ​ကောင်​​လေး သတိ​မေ့ခါနီး​ပြောတဲ့စကားကလဲ...ယွီ​ဟော်​ ကမင်းကြီးကို
နောင်​တချိန်​ ပြန်​​တွေ့ရင်​ ဒီလို​မေး​ရင်​ မင်းကြီးက ​ဖြေမှာလားလို့ ​မေးဖူးတယ်​..."
"....."
မိဖုရား​ခေါင်​ကြီးက
"အရှင်​...ယပ်​​တောင်​တ​ချောင်းနဲ့ ပန်းချီကားတချပ်
လောက်​နဲ့ပဲ မင်းကြီးရဲ့သား မဖြစ်​နိုင်​ပါဘူး.. တကယ်​လို့ ယွီ​ဟော်​က မင်းကြီး ပြန်​သွားတဲ့အချိန်
နောက်​​ယောကျာ်းထပ်​ယူပြီး... ခု အဆက်​မ​ပြေဖြစ်​လို့ လွတ်​လိုက်​တာဆိုရင်​​ရော...."
"မိဖုရား​ခေါင်​​ပြောတာ ကိုယ်​​တော်​လက်​ခံပါတယ်​...
ကောင်းပီ​လေ..သူဒဏ်​ရာသက်​သာပြီး နိုးလာရင်​..
ကိုယ်​​တော်​တို့စစ်​​မေးကျတာ.​ပေါ့..."
လန်​ကျန့်​ ​ပျော်​​နေသည်​...က​လေး​လေးလို့ နူးညံ့​ချော
မောတဲ့​ကောင်​​လေးက မိမိ၏ ညီဖြစ်​လာမည်​ကို...
Next Day..
ဝေ့ရင်း...​ကြောင်​​တောင်​​တောင်​​လေးနှင့်​ နိုးလာ​လေသည်​... ရင်​ဘတ်​မှ နာကျင်​မှုကို ခံစားရ​သော​ကြောင့်
^ဟင်​...ငါ​သေသွားပီလား...ဘယ်​​ရောက်​​နေတာလဲ..
အိပ်​ရာ​လေးကလဲ နူးညံ့လိုက်​တာ...​ဘေးမှာရှိ​နေ​သော....မိန်းက​လေး​တွေကလဲ ​ချော​မော​နေတာပဲ...^
ဝေ့ရင်းလဲ ကိုယ့်​အ​တွေးနဲ့..ကိုယ်​ဟိုကြည့်​ ဒီကြည့်
လုပ်​​နေ​လေသည်​...
"ဟယ်​...မင်းသား​လေး နိုး​နေပြီ... မင်းသား​လေး..
ဘယ်လို​နေသေးလဲ...မင်းသား​လေး သတိ​မေ့​နေတာ ၂ရက်​ရှိပြီ..သက်​သာလား..သမား​တော်​​ခေါ် လိုက်​မယ်​​နော်
"အမ်​..ဟုတ်​...."
ဝေ့ရင်း ​ကြောင်​သွားသည်​..မင်းသား​လေးဆိုတာက ဘယ်​သူ့ကို ​ခေါ်တာလဲ..သူက မင်းသား​လေးမှမဟုတ်​တာ.... ထိုအချိန်​တွင်​...
"အရှင်​မင်းကြီးနှင့်​ တတိယမိဖုရား ကြွချီလာပါပြီ..."
"ရပြီ..မင်းတို့အားလုံးသွား​တော့..."
"​ကောင်​​လေး..မင်းနာမည်​ဘယ်​လို​ခေါ်လဲ.."
လန်​မင်းကြီးလဲ..မိမိကို မျက်​လုံးအပြူးသား​လေးနဲ့
ချစ်​စရာ​ကောင်းစွာကြည့်​​နေ​သော..က​လေးကို
ကြည့်​ရင်း ​မေးလိုက်​​လေသည်​...
"အရှင်​က တကယ်​မင်းကြီးလား..."
"​ကောင်​​လေး....အရှင့်​ကို ​မေးခွန်းပြန်​မ​မေးရဘူး...
အရှင်​​မေးတာကိုပဲ ပြန်​​ဖြေရတယ်​..."
"​ဖေး ရယ်​ က​လေးမှမသိတာ..ထားလိုက်​ပါ.."
"ဟုတ်​တယ်​... ကိုယ်​​တော်​က လန်​မင်းကြီးပဲ...
မင်းက..ကိုယ်​​တော့်​ကို ​တွေ့ချင်​လို့ အမဲလိုက်​ကွင်းကို လာတာလား...ဒီယပ်​​တောင်​နဲ့ ပန်းချီကား​ပေးဖို့.
.နာမည်​က ဘယ်​လို​ခေါ်လဲ..အသက်​က​ရော.."
"ဟုတ်​ကဲ့..အရှင်​ ကျွန်​​တော့်​ နာမည်​က ​ဝေ့ဝူရှန့်​ပါ...
အသက်​က ၂၁နှစ်​ပါ.."
မင်းကြီးလဲ..လက်​ချိုး​ရေတွက်​မှု ခဏတာပြုပြီး​နောက်​...
"ဟုတ်​တယ်​...မင်းက ငါကိုယ်​​တော်​ရဲ့ သား​တော်​ပဲ...
သား​တော်​...ပါးရဲ့ သား​လေးရယ်​.."
"အမ်​...."
"ဘာ​​ကြောင်​ကြည့်​​နေတာလဲ.."
------------------------------------
တန်းလန်းထားခဲ့ပြီ​နော်​....
😁😁😁

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now