Uni
"ခမည်းတော် သူ သတိမေ့သွားပြီ..."
"ချက်ချင်းနန်းတော်ပြန်မယ်...သမားတော်ရီ လမ်းမှာလိုအပ်တဲ့ ဆေးတွေ ကုသပေး..သွေးထွက်မလွန်အောင်...သူတခုခုဖြစ်ရင်..သမားတော်တွေအားလုံးကို ခေါင်းဖြတ်သတ်မယ်....သားတော် ပါးကို အဲ့ပန်းချီကားနဲ့ ယပ်တောင်ယူလာပေး.."
လန်ကျန့်လည်း ပါးကို ကောက်ပေးကာ..ပါးဘာလို့ ဒီလိုဖြစ်နေတာလဲ ဆိုတာ စဉ်းစားမရဖြစ်နေသည်...
..
At Palace
သမားတော်များ...ညနက်သန်းခေါင်ကျော်ချိန်ထိအိပ်မရသေး...ဝေ့ရင်းနိုးမလာသေးသောကြောင့်ပင်...
ဝေ့ရင်းထိသောအဆိပ်မှာ အနည်းငယ်ပြင်းသည်..အကောင်ကြီးများသတ်ရာတွင်သုံးသော အဆိပ်ဖြစ်သောကြောင့် ဖြေဆေးရှိသော်ငြားလည်း လူသားဖြစ်သောကြောင့် ခံနိုင်ရည် မရှိခြင်းဖြစ်သည်....
ထိုအချိန်တွင် ဘုရင်မှာလည်း..သူ၏ မိဘုရားများနှင့် သားတော် ကို ခေါ်ကာ..
"ဒီကောင်လေးက ငါကိုယ်တော်ရဲ့ သားတော်ဖြစ်နိုင်တယ်...လွန်ခဲ့တဲ့ ၁၈ နှစ်က ငါကိုယ်တော် ယွင်မုန်ကျန်းပြည်မှာ ဓားပြသောင်းကြမ်းလို့ သွားနှိမ်နှင်းတုန်းက ဒဏ်ရာရပြီး ရှောင်ယွီဟော်အိမ်မှာ တည်းခဲ့တယ်... တလလောက် နေတော့...သားတော်လေးရဲ့ မယ်တော် ဆုံးသွားလို့ ပါး ချက်ချင်းပြန်လာခဲ့တာ...အဲ့မှာနေတုန်းဆွဲထားတဲ့ ပန်းချီကားနဲ့ ယပ်တောင်ပဲ..ဒါက..ပြီးတော့ ကောင်လေး သတိမေ့ခါနီးပြောတဲ့စကားလည်း... ယွီဟော် ကမင်းကြီးကိုနောင်တချိန် ပြန်တွေ့ရင် ဒီလိုမေးရင် မင်းကြီးက ဖြေမှာလားလို့ မေးဖူးတယ်..."
"....."
မိဖုရားခေါင်ကြီးက
"အရှင်...ယပ်တောင်တချောင်းနဲ့ ပန်းချီကားတချပ်လောက်နဲ့ပဲ မင်းကြီးရဲ့သား မဖြစ်နိုင်ပါဘူး.. တကယ်လို့ ယွီဟော်က မင်းကြီး ပြန်သွားတဲ့အချိန်နောက်ယောကျာ်းထပ်ယူပြီး... ခု အဆင်မပြေဖြစ်လို့ လွတ်လိုက်တာဆိုရင်ရော...."
"မိဖုရားခေါင်ပြောတာ ကိုယ်တော်လက်ခံပါတယ်...ကောင်းပြီလေ.....သူဒဏ်ရာသက်သာပြီး နိုးလာရင်..
ကိုယ်တော်တို့စစ်မေးကြတာပေါ့..."လန်ကျန့် ပျော်နေသည်...ကလေးလေးလို့ နူးညံ့ချောမောတဲ့ကောင်လေးက မိမိ၏ ညီဖြစ်လာမည်ကိုတွေးရင်း.....
Next Day..
ဝေ့ရင်း...ကြောင်တောင်တောင်လေးနှင့် နိုးလာလေသည်... ရင်ဘတ်မှ နာကျင်မှုကို ခံစားရသောကြောင့်
^ဟင်...ငါသေသွားပီလား...ဘယ်ရောက်နေတာလဲ..အိပ်ရာလေးကလည်း နူးညံ့လိုက်တာ...ဘေးမှာရှိနေသော....မိန်းကလေးတွေကလည်း ချောမောနေတာပဲ...^
ဝေ့ရင်းလည်း ကိုယ့်အတွေးနဲ့..ကိုယ်ဟိုကြည့် ဒီကြည့် လုပ်နေလေသည်...
"ဟယ်...မင်းသားလေး နိုးနေပြီ... မင်းသားလေး..ဘယ်လိုနေသေးလဲ...မင်းသားလေး သတိမေ့နေတာ ၂ရက်ရှိပြီ..သက်သာလား..သမားတော်ခေါ် လိုက်မယ်နော်"
"အမ်..ဟုတ်...."
ဝေ့ရင်း ကြောင်သွားသည်..မင်းသားလေးဆိုတာက ဘယ်သူ့ကို ခေါ်တာလဲ..သူက မင်းသားလေးမှမဟုတ်တာ.... ထိုအချိန်တွင်...
"အရှင်မင်းကြီးနှင့် တတိယမိဖုရား ကြွချီလာပါပြီ..."
"ရပြီ..မင်းတို့အားလုံးသွားတော့..."
"ကောင်လေး..မင်းနာမည်ဘယ်လိုခေါ်လဲ.."လန်မင်းကြီးလည်း..မိမိကို မျက်လုံးအပြူးသားလေးနဲ့ ချစ်စရာကောင်းစွာကြည့်နေသော..ကလေးကို
ကြည့်ရင်း မေးလိုက်လေသည်..."အရှင်က တကယ်မင်းကြီးလား..."
"ကောင်လေး....အရှင့်ကို မေးခွန်းပြန်မမေးရဘူး...အရှင်မေးတာကိုပဲ ပြန်ဖြေရတယ်..."
"ဖေး ရယ် ကလေးမှမသိတာ..ထားလိုက်ပါ.."
"ဟုတ်တယ်... ကိုယ်တော်က လန်မင်းကြီးပဲ...မင်းက..ကိုယ်တော့်ကို တွေ့ချင်လို့ အမဲလိုက်ကွင်းကို လာတာလား...ဒီယပ်တောင်နဲ့ ပန်းချီကားပေးဖို့.နာမည်က ဘယ်လိုခေါ်လဲ..အသက်ကရော.."
"ဟုတ်ကဲ့..အရှင် ကျွန်တော့် နာမည်က ဝေ့ဝူရှန့်ပါ...အသက်က ၁၉ နှစ်ပါ.."
မင်းကြီးလဲ..လက်ချိုးရေတွက်မှု ခဏတာပြုပြီးနောက်...
"ဟုတ်တယ်...မင်းက ငါကိုယ်တော်ရဲ့ သားတော်ပဲ...သားတော်...ပါးရဲ့ သားလေးရယ်.."
"အမ်...."
"ဘာကြောင်ကြည့်နေတာလဲ.."
------------------------------------
တန်းလန်းထားခဲ့ပြီနော်....
😁😁😁
![](https://img.wattpad.com/cover/224897407-288-k289504.jpg)
YOU ARE READING
မင်းသားလေးရဲ့ ဖူးစာရှင်...💗💗 (Completed) # Z & U
Fanfictionရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့် ရင်း....ကိုယ်မင်းကိုအရမ်းချစ်တယ်... လန်ဝမ့်ကျီး လန်ကျန့်က ငါ့ကို ချစ်တယ်တဲ့... ငါက သူ့ညီဖြစ်ရက်နဲ့လေ... ဝေ့ဝူရှန့်