မင်းသား​လေးရဲ့ ဖူးစာရှင်​💗

1.6K 112 2
                                    

Only Zawgyi
Part 20

နန်း​တော်​သို့​ရောက်​​သော်​.....မိဖုရားများ နန်းတွင်းသူ နန်းတွင်းသားများ အားလုံး မင်းကြီးတို့ကို ကြိုဆို ကြသည်​..
ညီလာခံတွင်​...
"အရှင်​... မနက်​ဖြန်​ကျရင်​ မွန်​ဂို ​စော်​ဘွားကြီးနဲ့ မွန်​ဂို မင်းသမီး​လေး ​​ကျောက်​မိန်​ တို့ လာပြီး သိုင်း ပညာဖလှယ်​ခြင်းနဲ့ ချစ်​ကြည်​​ရေးအတွက်​ လာမယ်​လို့
သဝဏ်​လွှာ​ရောက်​ရှိထားပါတယ်​..."
"​ကောင်းပြီ မှူးမတ်​များအားလုံး အ​ကောင်း ဆုံးကြို ဆို ကြပါ.... လန်​တိုင်းပြည်​ဟာ..... အမြဲ သာယာ
ပြီး ဧည့်​ဝတ်​​ကျေပွန်​​ကြောင်းကို အားလုံးက ပြသ​ပေး ပါ...​လျှောက်​တင်​စရာ မရှိ​တော့ ရင်​ ညီလာခံသိမ်း မယ်​..."
.....................
ယ​နေ့ မွန်​ဂို​စော်​ဘွားကြီး ​ရောက်​လာ​မဲ့​နေ့ဖြစ်​သည်​..
မင်းကြီးနှင့်​ မိဖုရားများကလဲ.. ​စော်​ဘွားကြီးကို ကြို ဆိုပြီး...
နန်း​တော်​တခုလုံး ​ပျော်​ပွဲရွှင်​ပွဲများ ကပွဲများ လုပ်​​​နေ
ကြ​သော​ကြောင့်​ ​ဟောက်​ရွှမ်းနှင့်​ ရှင်းချန်​,​ဝေ့ရင်းနှင့်​ လန်​ကျန့်​တို့ လွတ်​လပ်​​ရေးရကာ.. ​ပျော်​​နေကြသည်​..
"ရင်း... ကိုယ်​နဲ့ ဒီလို ရှိ​နေရတာ​ပျော်​လား..."
လန်​ကျန့်​ ​ဝေ့ရင်းကို ​နောက်​မှ သိုင်းဖက်​ကာ ပခုံး​ပေါ် ​မေးတင်​ပြီး ​မေးလိုက်​​လေသည်​...
"​ပျော်​တာ​ပေါ့...လန်​ကျန့်​ကို ​ကျေးဇူးတင်​ပါတယ်​... ရင်းလို ဘာမဟုတ်​တဲ့ သူကို ချစ်​​ပေးလို့..."
"ရှူး ရင်း ကိုယ့်​ကို ကျိ... ရင်းက ကိုယ့်​အတွက်​ ဘယ်​အရာနဲ့မှ တန်​ဖိုး ဖြတ်​လို့မရတဲ့သူ... ကိုယ်​ချစ်​တဲ့ တဦးတည်း​သော သူမို့လို့... ​နောက်​ကျရင်​ အဲ့လို မ​ပြောရဘူး​နော်​... "
လန်​ကျန့်​​ဝေ့ရင်းကို ​ကျောမှဖက်​ထားရာမှ မျက်​နှာချင်း ဆိုင်​ဆွဲလှည့်​ကာ..ရက်​ခွင်​ထဲ ထည့်​ကာ...​ပြောလိုက်​သည်​...
"ဟုတ်​..လန်​ကျန့်​.. ရင်း​နောက်​ဆို မ​ပြော​တော့ဘူး
နော်​.... ချစ်​တယ်​လန်​ကျန့်​...."
ပြောပြီး ​ဝေ့ရင်းက လန်​ကျန့်​ပါးကို ဖျတ်​ခနဲ နမ်းလိုက်
ပြီး ရင်​ခွင်​ထဲ ပြန်​တိုးဝင်​လိုက်​သည်​.. လန်​ကျန့်​လဲ ရုတ်​တရက်​မို့ ​ကြောင်​သွားသည်​.. ပြီးမှ ပြုံးကာ.. ​ဝေ့ရင်း မျက်​နှာ​လေးကို ဆွဲ​မော့ကာ... နူးညံ့တဲ့ ချယ်​ရီ
ရောင်​ နှုတ်​​ခမ်း​လေးကို မြတ်​နိုးစွာ ဖိကပ်​နမ်း လိုက်
သည်​.... အတန်​ကြာနမ်းပြီးမှ.. ပြန်​ခွာကာ..
"ရင်း မနက်​ဖြန်​က စပြီး ကိုယ် တို့ ၃​ယောက်​အား မှာမဟုတ်​​တော့ဘူး... ​သိုင်း ပညာဖလှယ်​တဲ့ ပြိုင်​ပွဲအတွက်​ ​လေ့ကျင့်​ပြီး ​ကျောက်​မိန်​ မင်းသမီးကို လဲ
ကိုယ်​တို့ အ​ဖော်​ပြု​ပေးရအုံးမှာ.. ရင်းဆီ ကိုယ်​မလာ
နိုင်​​လောက်​​သေးဘူး... အဲ့ဒါ ကိုယ့်​ကို နားလည်​​ပေး ​နော်​..."
"ဟုတ်​..ရင်းနားလည်​ပါတယ်​... အားရင်​ လာခဲ့​လေ.. ရင်း​မျှော်​​နေမယ်​... ပြီး​တော့ သိုင်းပညာ ဖ
လှယ်​တဲ့ ပွဲက ဘယ်​​နေ့လဲ..."
"​နောက်​ ၃ရက်​​နေရင်​ လုပ်​မှာ..အဲ့​နေ့က အားလုံး တက်​ပိုင်​ခွင့်​ရှိတယ်​... ရင်းလဲ လာကျိပြီး ကိုယ့်​ကို လာအား​ပေး​ပေါ့..."
"ဟုတ်​..."
💗💗💗💗💗💗💗💗💗
"ရှင်းချန်​... ကိုယ်​ ​နောက်​ရက်​​တွေမအားဘူး ​နော်​.. နားလည်​​ပေးမယ်​မလား.."
"ဟုတ်​...ဝမ်​​လေး... ကျန်းမာ​ရေးသာ ဂရုစိုက်​​နော်​.. "
"ချစ်​လိုက်​တာ... မွ.."
ဟောက်​ရွှမ်းနဲ့ ရှင်းချန်​​တို့လဲ လန်​ကျ​န့်​တို့အတွဲနှင့်
မလှမ်းမကမ်း တွင်​ ဖက်​ကာ..စကား​ပြော​နေကြခြင်း
ဖြစ်​သည်​....
"ဝမ်​​လေး...​ဝေ့ရင်း နဲ့ လန်​ကျန့်​ကို ကျိ အရမ်း ​ပျော်​​နေသလိုပဲ​နော်​... ဒါ​ပေမဲ့ ​နောက်​ကျရင်​ အရှင်​ သိသွားရင်​ ဘယ်​လိုလုပ်​မလဲ...သူတို့ ​ပျော်​နိုင်​ပါအုံးမလား..."
"စိတ်​မပူပါနဲ့... လန်​ကျန့်​က ​ဖြေရှင်းနိုင်​မှာပါ...
ဒါ​ပေမဲ့ ခုစိတ်​ပူရမှာက မွန်​ဂို ​စော်​ဘွားက ချစ်​ကြည်​​ရေး အတွက်​လာတာဆို​တော့... လန်​ကျန့်​ကို
ကျောက်​မိန်​မင်းသမီးနဲ့လက်​ဆက်​​ပေးဖို့ဖြစ်​​နေမှာ စိုးတယ်​..."
"ဟင်​.. ဒါဆို ​ဝေ့ရင်း ဘယ်​လိုလုပ်​မလဲ..."
"မ​သေချာ​သေးပါဘူး... ဒါ​ပေမဲ့ နန်း​တော်​ ထဲမှာ အဲ့လို​ပြော​နေကြတာ ကိုယ်​ကြားခဲ့တာ..
လန်​ကျန့်​​တောင်​ မသိ​သေးဘူး..."
"ဟင်း... သူတို့၂​ယောက်​အချစ်​​ရေးက ခက်​ခဲလိုက်​တာ.. "
^ငါစိတ်​ပူလိုက်​တာ..​ဝေ့ရင်းရယ်​..နင်​သာ ဒီသတင်း
ကြားရင်​ ခုလိုပြုံးနိုင်​ပါအုံးမလား...^
ရှင်းချန်​ တ​ယောက်​ လန်​ကျန့်​ရင်​ခွင်​ထဲတွင်​ ပြုံး​ပျော်​​နေ​သော ​ဝေ့ရင်းကို ကျိပြီး ​တွေး​နေမိသည်​...
💕💕💕💕💕💕💕💕💕💕💕
လန်​ကျန့်​ တို့ ၃​ယောက်​ ​ကျောက်​မိန်​မင်းသမီးနှင့်​ အတူ လန်​တိုင်းပြည်​က စည်​ကား​သော ​ဈေးထဲသို့
ရောက်​​နေခြင်းဖြစ်​သည်​... ​ကျောက်​မိန်​ မင်းသမီး ဝယ်​သမျှ ​ဆော့သမျှ​တွေကို ​နောက်​မှ လိုက်​ထိန်း
ပိုက်​ဆံ လိုက်​ရှင်း​ပေး​နေသည်​မှာ ဖတ်​ဖတ်​​မော​​နေ ပြီ
ဖြစ်​သည်​....
"​လန်​ကျန့်​ ငါတို့ ​သေ​တော့မယ်​... ခု ပြန်​ဖို့ မင်း သမီးကို ​ပြောရ​အောင်​... ငါရှင်းချန်​ကို လဲ လွမ်းလှပြီ မ​တွေ့တာ ၂ရက်​​တောင်​ရှိပြီ..."
"အင်း..ပြန်​ရ​အောင်​ ငါလဲ ရင်းကို လွမ်း​နေပြီ..."
ဟောက်​ရွှမ်းစကားကို လန်​ကျန့်​​ထောက်​ခံကာ..
"​ကျောက်​ မင်းသမီး.. ကျွန်​​တော်​တို့ ​နောက်​​နေ့မှ
ပြန်​လာရ​အောင်​... နန်းတွင်းကို ပြန်​ဝင်​ဖို့ အချိန်
ရောက်​ပြီ...."
"​ကောင်းပြီ​လေ..မင်းသား... ကျွန်​မတို့ ပြန်​ကြတာ
ပေါ့...."
လန်​ကျန့်​တို့..နန်း​တော်​သို့ ပြန်​​ရောက်​သည်​နှင့်
ဝေ့ရင်းရဲ့ အ​ဆောင်​​တော်​ သို့ သွား​လေသည်​...
အ​ဆောင်​​ရှေ့​ရောက်​ရုံတင်​ရှိ​သေးသည်​...
"ပြန်​...မလာနဲ့...သွား..ဘယ်​​တော့မှ မလာနဲ့.. ခင်​ဗျားရဲ့ မင်းသမီးနဲ့ပဲ သွား​နေ..ကျွန်​​တော့်​ဆီမလာနဲ့
တော့..."
ဝေ့ရင်းက လန်​ကျန့်​ကိုယ်​ကို တွန်းကာ.. ဆက်​တိုက်​​ပြော​နေသည်​... လန်​ကျန့်​ နားမလည်​ပဲ ​ကြောင်​​နေ သည်​...မအားတဲ့ကြားက သူ့ ဆီလာတဲ့သူကို အတင်း​မောင်းထုတ်​​နေ​သော​ကြောင့်​ စိတ်​တိုလာသည်​...
"ရင်း... ဘာဖြစ်​လို့လဲ.. ကိုယ်​တို့ ၃​ယောက်​ တ​နေကုန်​မအားတဲ့ ကြားက အချိန်​လုပြီး လာတာကို ရင်းက ကိုယ့်​ကို ဘာလို့​မောင်းထုတ်​​နေတာလဲ..."
လန်​ကျန့်​က စိတ်​တိုကာ..​လေသံအနည်း ငယ်​ မာသွားသည်​...ထိုစဉ်​..​ဝေ့ရင်း မျက်​ရည်​ ကျလာကာ...
"​တောင်းပန်​ပါတယ်​... ​နောက်​ဆို အချိန်​လုပြီးလဲ မလာပါနဲ့..ကျွန်​​တော်​က ခင်​ဗျားနဲ့မတန်​တဲ့သူပါ... မွန်​ဂို မင်းသမီး ​ကျောက်​မိန်​ဆီပဲ သွားပါ... အချိန်​တန်​ရင်​ ကျွန်​​တော်​တို့ခွဲရမှာပဲ... ကျွန်​​တော်​က ​နေတတ်​ပါ တယ်​..."
ပြောပြီး ရင်း အခန်းထဲသို့ ဝင်​သွားကာ.. တံခါးပိတ်​ ငို​နေမိသည်​...
"ရင်း... ဘာ​တွေ​ပြော​နေတာလဲ... ဘာကို ခွဲရမှာလဲ.. တံခါးဖွင့်​စမ်း... ​ပြော​နေတာ ကြားလား.. ကိုယ်​ရှင်း​အောင်​ လာ​ပြော..."
တံခါးကို တဒုန်းထုကာ..လန်​ကျန့်​​ပြော​နေမိသည်​..
ရင်း မျက်​ရည်​ကျသွားတာကို မြင်​လိုက်​တာမို့ လန်​ကျန့်​ စိတ်​မ​ကောင်ူပါ... ဘာကို ဆိုလို​နေမှန်း မသိသဖြင့်​ ဘယ်​လို ရှင်းပြရမှန်းလဲမသိ.. ​ဘေးတွင်​ကျိလိုက်
မုန့်​​ယောင်​နှင့်​ ​ဟောက်​ရွှမ်းလဲ မသိဘူး ဆို​သော
ပုံစံဖြင့်​​ခေါင်းခါပြသည်​....
"ရှင်းချန်​... ငါ့ကို ရှင်းပြပါအုံး... မင်းတို့ တူတူ ရှိ​နေတာဆို​တော့..ရင်း ဘာဖြစ်​လဲ သိမှာ​ပေါ့..."
"မင်းသား တို့ တကယ်​မသိ​သေးတာလား...
မင်းသားနဲ့ ​ကျောက်​မိန်​ မင်းသမီးတို့ကို သိုင်းပညာ ဖလှယ်​ပွဲပီး ရင်​ လက်​ဆက်​​ပေးမယ်​တဲ့.. ခဏတုန်းက မယ်​မယ်​ ၃လာပြီး..​ပြောသွားတာ... အဲ့ဒါ.. နန်း
တွင်း ထုံစံအရ.. အကို​တော်​​တွေ လက်​ဆက်​ရင်
ညီ​တော်​​တွေက.... လက်​​ဆောင်​ပြင်​ဆင်​​ပေး ရမှာ​လေ... အဲ့ဒါပြင်​ဆင်​ဖို့.. မယ်​မယ်​က လာ​ပြောတာ.."
"ဘာ...ငါလဲ ဘာမှမသိရပါလား... မလုပ်​ရဘူး... ပါးက ငါမသိဘဲ ဒီလို​တွေဘာလို့ လုပ်​​နေတာလဲ.. ငါ ခုချက်​ချင်းသွား​ပြောမယ်​..."
"လန်​ကျန့်​ ရပ်​စမ်း... ခု မင်း ဘာလုပ်​မယ်​ဆိုတာ.. ငါသိ​နေတယ်​​နော်​.. မင်း ခုလို လုပ်​လိုက်​ရင်​ အရင်​ဆုံး ထိခိုက်​မှာက ​ဝေ့ရင်း နဲ့ ရှင်းချန်​ပဲ.. ဧည့်​ သည်​​တွေ ရှိ​နေတဲ့အချိန်​ နင်​ တဇွတ်​ထိုးသွားလုပ်​လိုက်​ရင်​ မင်းကြီး က ရှက်​ပြီး ​ဒေါသ ပိုထွက်​သွားရင်​ ထိခိုက်​မှု​တွေ ပိုများမယ်​... သိုင်းဖလှယ်​ပွဲ ပြီးမှဆို​တော့ ကြားထဲ မှာ အချိန်​ ၂ရက်​ရ​သေး တယ်​... ငါတို့ ​အေး ​ဆေး တိုင်​ပင်​ပြီးမှ ဒီကိစ္စကို ​ပြောကြတာ​ပေါ့..."
"​ဟောက်​ရွှမ်း​ပြောတာ မှန်​တယ်​.. လန်​ကျန့်​ နင်​ စိတ်​ကို ​လျှော့ထားလိုက်​... အ​ခြေအ​နေကျိပြီး လှုပ်​ရှာ
ကြတာ​ပေါ့... ခု​တော့ ​ဝေ့ရင်းကို ​ချော့လိုက်​အုံး... လာ ငါတို့ ဝန်းထဲသွားရ​အောင်​...သူတို့ ​အေး​ဆေး
ပြောကြပါ​စေ..."
မုန့်​​ယောင်​က ​ဟောက်​ရွှမ်းစကားကို ​ထောက်​ခံရင်း ကျန်​တဲ့သူ​တွေကိုပါ ​ပြောလိုက်​သည်​...အားလုံး ထွက်​သွား ပြီးလျှင်​..လန်​ကျန့်​ ​ဝေ့ရင်း အခန်းတံခါးကို
ခေါက်​ကာ..
"ရင်း...တံခါးဖွင့်​ပါအုံး...ကိုယ့်​ကို ချစ်​ရင်​ တံခါး ဖွင့်​​ပေးပါအုံး... "
"....."
"ရင်း.. ခုကိစ္စကို ကိုယ်​တကယ်​မသိပါဘူး... ကိုယ့်​ကို မချစ်​​တော့ဘူးလား... ရင်း ကိုယ်​​တောင်းပန်​ပါ တယ်​... တံခါးဖွင့်​​ပေးပါအုံး ရင်းရယ်​..."
လန်​ကျန့်​​ပြောရင်း ငိုသံပါလာသည်​... ရင်းကို သူအ
ရမ်းချစ်​သည်​.... ရင်းမဟုတ်​တဲ့ တခြားသူနဲ့ လက်​ဆက်​ဖို့ လန်​ကျန့်​အတွက်​ မဖြစ်​နိုင်​ပါ...
^ကိုယ့်​အချစ်​ကို မယုံဘူးလား...ရင်းရယ်​..^
လန်​ကျန့်​​တွေး​နေစဉ်​..တံခါးဖွင့်​ပြီး မိမိရင်​ခွင်​ထဲသို့ အတင်းတိုးဝင်​ကာ..ငို​နေ​သော..ရင်း.. လန်​ကျန့်​လဲ
ပြန်​ဖက်​ထားကာ...
"ရင်းကို ထားသွား​တော့မယ်​ ထင်​​နေတာ... ​ရင်း
တောင်းပန်​ပါတယ်​... တိုင်းပြည်​ရဲ့ မင်းသား တပါးကို ချစ်ထားပြီး... တခြားသူ​တွေနဲ့ သဝန်​တိုမိတာ.. လန်​ကျန့်​ မိန်းမ​တွေ ယူပါ​နော်​..ရင်း နားလည်​​ပေး ပါ့မယ်​... ငိုလဲ မငို​တော့ဘူး​နော်​... လန်​ကျန့်​ တခြား
မိန်းမ ​တွေယူရင်​လဲ ​ဝေ့ရင်းကို​တော့ မ​မေ့ပါနဲ့​နော်​..
ရင်း လန်​ကျန့်​ကို အရမ်းချစ်​တယ်​.. ဟင့်​ အီး..ဟီး.."
လန်​ကျန့်​ မိမိရင်​ခွင်​ထဲတွင်​ ငိုရင်း ​ပြော​နေ​သော ရင်းကို ကျိကာ..ရင်​နာလာသည်​...ရင်း ကို ပခုံး၂ဖက်​မှ ကိုင်​ကာ.. မျက်​နှာ​မော့​စေ လိုက်​ပြီး..
"ရင်း ကိုယ့်​ကို ကျိ.... ကိုယ့်​ကို မယုံဘူးလား.. ကိုယ်​ ရင်းမဟုတ်​တဲ့ တခြားသူကို လုံးဝ လက်​မထပ်​နိုင်​ဘူး...ကိုယ့်​ကို ယုံပြီး.. ကိုယ့်​စကားပဲနား​ထောင်​​ပေး​နော်​... တခြား ဘယ်​သူဘာ​ပြော​ပြော လုံးဝ မယုံပါနဲ့ ဟုတ်​ပြီလား..."
"ဟင့်​ ရွှတ်​...ဟုတ်​"
လန်​ကျန့်​ ​ဝေ့ရင်း မျက်​နှာကို လက်​၂ဖက်​ဖြင့်​ အုပ်
ကိုင်​ကာ... လက်​မ​လေးဖြင့်​ မျက်​ရည်​ကို ဖွဖွ​လေး သုတ်​​ပေးလိုက်​သည်​... ပြီး​တော့ နှုတ်​ခမ်း​လေးကို ဖိကပ်​နမ်းကာ..နှုတ်​ခမ်းကို အ​ပေါ်တလှည့်​ ​အောက်​တလှည့်​ စုတ်​ယူ နမ်းရှိုက်​မိသည်​...
^ချစ်​လိုက်​တာ...ရင်းရယ်​...^
💓💓💓💓💓💓💓💓💓
Thanks for Reading..
ကြာသွားတယ်​ sorry​နော်​...
ဘယ်​ကစ​ရေးရမှန်းမသိလို့...

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now