20

1.4K 122 0
                                    

Unicode

နန်းတော်သို့ရောက်သော်.....မိဖုရားများ နန်းတွင်းသူ နန်းတွင်းသားများ အားလုံး မင်းကြီးတို့ကို ကြိုဆို ကြသည်..
ညီလာခံတွင်...

"အရှင်... မနက်ဖြန်ကျရင် မွန်ဂို စော်ဘွားကြီးနဲ့ မွန်ဂို မင်းသမီးလေး ကျောက်မိန် တို့ လာပြီး သိုင်း ပညာဖလှယ်ခြင်းနဲ့ ချစ်ကြည်ရေးအတွက် လာမယ်လို့
သဝဏ်လွှာရောက်ရှိထားပါတယ်..."

"ကောင်းပြီ မှူးမတ်များအားလုံး အကောင်း ဆုံးကြို ဆို ကြပါ.... လန်တိုင်းပြည်ဟာ..... အ မြဲသာယာ
ပြီး ဧည့်ဝတ်ကျေပွန်ကြောင်းကို အားလုံးက ပြသပေး ပါ...လျှောက်တင်စရာ မရှိတော့ ရင် ညီလာခံသိမ်း မယ်..."

.....................
ယနေ့ မွန်ဂိုစော်ဘွားကြီး ရောက်လာမဲ့နေ့ဖြစ်သည်..

မင်းကြီးနှင့် မိဖုရားများကလည်း. စော်ဘွားကြီးကို ကြို ဆိုပြီး...
နန်းတော်တခုလုံး ပျော်ပွဲရွှင်ပွဲများ က
ပွဲများ လုပ်နေကြသောကြောင့် ဟောက်ရွှမ်းနှင့် ရှင်းချန်,ဝေ့ရင်းနှင့် လန်ကျန့်တို့ လွတ်လပ်ရေးရကာ.. ပျော်နေကြသည်..

"ရင်း... ကိုယ်နဲ့ ဒီလို ရှိနေရတာပျော်လား..."

လန်ကျန့် ဝေ့ရင်းကို နောက်မှ သိုင်းဖက်ကာ ပခုံးပေါ် မေးတင်ပြီး မေးလိုက်လေသည်...

"ပျော်တာပေါ့...လန်ကျန့်ကို ကျေးဇူးတင်ပါတယ်... ရင်းလို ဘာမဟုတ်တဲ့ သူကို ချစ်ပေးလို့..."

"ရှူး ရင်း ကိုယ့်ကို ကြည့်.. ရင်းက
ကိုယ့်အတွက် ဘယ်အရာနဲ့မှ တန်ဖိုး ဖြတ်လို့မရတဲ့သူ... ကိုယ်ချစ်တဲ့ တဦးတည်းသော သူမို့လို့... နောက်ကျရင် အဲ့လို မပြောရဘူးနော်... "

လန်ကျန့်ဝေ့ရင်းကို ကျောမှဖက်ထားရာမှ မျက်နှာချင်း ဆိုင်ဆွဲလှည့်ကာ..ရင်ခွင်ထဲ ထည့်ကာ...ပြောလိုက်သည်...

"ဟုတ်..လန်ကျန့်.. ရင်းနောက်ဆို မပြောတော့ဘူးနော်.... ချစ်တယ်လန်ကျန့်...."

ပြောပြီး ဝေ့ရင်းက လန်ကျန့်ပါးကို ဖျတ်ခနဲ နမ်းလိုက်
ပြီး ရင်ခွင်ထဲ ပြန်တိုးဝင်လိုက်သည်.. လန်ကျန့်လဲ ရုတ်တရက်မို့ ကြောင်သွားသည်.. ပြီးမှ ပြုံးကာ.. ဝေ့ရင်း မျက်နှာလေးကို ဆွဲမော့ကာ... နူးညံ့တဲ့ ချယ်ရီ
ရောင် နှုတ်ခမ်းလေးကို မြတ်နိုးစွာ ဖိကပ်နမ်း လိုက်သည်.... အတန်ကြာနမ်းပြီးမှ.. ပြန်ခွာကာ..

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now