11

1.5K 136 3
                                    

Unicode

"ဝေ့ရင်း..."

လန်ကျန့်ခေါ်လိုက်တော့ ကြောင်တောင်တောင်နှင့်
လှည့်ကြည့်လာသည်....

"တကယ်တော့ ရှင်းချန်က..ဝမ်ဟောက်ရွှမ်းတို့အိမ်မှာ.."

"ဗျာ...ဘယ်ကဘယ်လို..."

"ဟုတ်တယ် ဝေ့ရင်း...မင်းကို မင်းသားအဖြစ်ကြေညာတဲ့နေ့မှာပဲ..ငါတို့အိမ် ရောက်နေတာ.."

မုန့်ယောင်ကလည်း..လန်ကျန့်စကားကို ဝင်ထောက်ရင်း ပြောလိုက်လေသည်...

"ဟင်...တကယ်လား..သူ ကျွန်တော့်ကို အရမ်းမုန်းနေလား...ဒေါသထွက်နေလား..သတ်ချင်နေမှာပေါ့နော်...ကျွန်တော်သူနဲ့တွေ့ချင်တယ်...ခေါ်သွားပေးပါနော်.."

"ဝေ့ရင်း တိုးတိုးပြော...နန်းတွင်းထဲမှာက နံရံတွေမှာ နားရှိတယ်....တခုခုလွဲ ချော်သွားတာနဲ့...အသတ်ခံမယ်..."

လန်ကျန့်ပြောမှ ဝေ့ရင်းသတိရကာ...

"ဟုတ်ကဲ့ပါ....ကျွန်တော် တအားပျော်သွားလို့ပါ.."

"ဝေ့ရင်း မင်းကို ရှင်းချန်က မမုန်းပါဘူး..စိတ်တော့မကောင်းဘူးပေါ့...
သူက မင်းကို တွေ့ချင်နေတယ်.....အဲ့ဒါမင်း ကို ဒီ ည ခေါ်သွားမလို့..မင်း နန်းတွင်း ကိုယ်ရံတော်ဝတ်စုံလဲလိုက်ပါ.."

ဟောက်ရွှမ်းပြောတော့..ဝေ့ရင်းက..

"ဗျာ..ဟုတ် ခုချက်ချင်းသွားလဲလိုက်မယ်....."

ပြောရင်း ပြေးထွက်သွားကာ..ခဏကြာတော့ ကိုယ်ရံတော် ဝတ်စုံနှင်ပြန်ထွက်လာသောဝေ့ရင်းကို ကြည့်ပြီး
ပြီး...လန်ကျန့် ငေးမောသွားရသည်...
ဆံပင်အားလုံးကို အပြောင်သိမ်းချည်ပြီး..အဖြူရောင် ဝတ်စုံလေးနဲ့..ဝေ့ရင်း...

"ကဲ အဆင်သင့်ဖြစ်ပြီဆို..သွားမယ်...နောက်ကျရင်..
ပြန်လာရင် ညနက်လိမ့်မယ်..မသင်္ကာစရာဖြစ်လာမယ်..."

မုန့်ယောင်ပြောလိုက်မှ လန်ကျန့်လဲ ဝေ့ရင်းကို ငေးနေရာမှ ....

"အဟမ်း..ဟုတ်တယ်..သွားမယ်လေ..."
............
"ရှင်းချန်...."

"ဝေ့ရင်း....."

2 ယောက်သား..တွေ့တာနှင့် နာမည်ခေါ်ရင်း..ပြေးဖက်ကာ..ဝေ့ရင်းက..

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now