7 💗💗

2K 142 0
                                    

Only Zawgyi
Part 7
ဝေ့ရင်း၏ အိပ်​​​ဆောင်​ထဲတွင်​.​ရောက်​​သော်​..
ဝေ့ရင်းက..အ​စေခံများကို ထွက်​သွားခိုင်းကာ...
တံခါးများပိတ်​ကာ...
"မင်းသား​လေးနဲ့ အကိုမုန့်​​ရောင်​...ကျွန်​​တော့ကို နန်းတွင်းအပြင်​ ​ခေါ်သွားပါလား..."
"မင်း ဘာလိုချင်​တာ..ရှိလို့လဲ...​ပြော​လေ..ငါတို့ လုပ်​​ပေးလို့ရတယ်​"
"မဟုတ်​ဘူး..ကျွန်​​တော်​အပြင်​ထွက်​မှ ရမယ်​...
ရှင်းချန်​ကို ​တွေ့ချင်​တယ်​..ရှင်းချန်​ကို ​တွေ့ပြီး​ပြောရမဲ့စကား​တွေ ရှင်းပြရမယ့်​ စကား​တွေ အများကြီးရှိတယ်​..."
"ရှင်းချန်​...​ရှောင်​ရှင်းချန်​ကို​ပြောတာလား.."
မုန့်​​ယောင်​က ဝင်​​ပြော​တော့..
"ရှင်းချန်​က ​ရှောင်​မျိုးရိုးဖြစ်​တာ ဘယ်​လိုသိတာလဲ..."
"​အော်​..ဟို..အဲ...ငါထင်​တာကို​ပြောတာပါ...."
မုန့်​​ယောင်​လဲ ဖုံးကွယ်​လိုက်​သည်​..
ဝေ့ရင်းဘာဆက်​​ပြောမလဲသိချင်​လို့....
"ဘာလို့မင်းက သူနဲ့​တွေ့ချင်​တာလဲ...မှာချင်​တာရှိရင်​ ငါတို့ရှာ​ပြီး သွား​ပြော​ပေးမယ်​​လေ..."
"မဖြစ်​နိုင်​ဘူး...ကိုယ်​တိုင်​​တွေ့မှရမှာ..ကျွန့်​​တော့ကို သူမုန်း​နေ​တော့မှာ..အထင်​လွှဲ​နေ​တော့မှာ..."
ပြောရင်း ​ဝေ့ရင်းမျက်​ရည်​ကျလာသည်​...
လန်​ကျန့်​လဲ ခုထိ မုန့်​​ယောင်​နှင့်​ ​ဝေ့ရင်း​ပြော​သောစကားများကို နားမလည်​ဖြစ်​ကာ...
"မင်းတို့ ငါ့ကိုလဲ ​ပြောကြအုံး...
ဘာ​တွေဖြစ်​​နေတာလဲ ဆိုတာ...​ဝေ့ရင်းက​ရော..
ဘာ​ကြောင့်​ နန်းတွင်းအပြင်​ဖက်​သွားချင်​တာလဲ...နန်း​တော်​က ထွက်​​ပြေးဖို့ဆိုတာမဖြစ်​နိုင်​ဘူး..တသက်​လုံး လိုက်​ရှာခံရပြီး ပုန်း​ရှောင်​ပြီး မ​သေမချင်းရာဇဝတ်​သား အဖြစ်​​နေသွားရမှာ.."
လန်​ကျန့်​​ပြောလိုက်​​တော့...​ဝေ့ရင်း မျက်​ရည်​ကျသည်​ထက်​ကျလာကာ...
"ကျွန်​​တော်​ အမှန်​တိုင်း​ပြောပြပါ့မယ်​...ကျွန်​​တော့ကို ကူညီပါ... ကူညီ​ပေးကြပါ..."
"တကယ်​​တော့ ကျွန်​​တော်​က​လေ...မင်းသားမဟုတ်​ပါဘူး..ကျွန်​​တော်​က မိဘမဲ့တစ်​​ယောက်​ပါ .....................................
.................................................... တကယ်​​တော့ မင်းသား​လေးရဲ့ ညီ​တော်​က ​ရှောင်​ရှင်းချန်​ပါ..."
"ဘာ ....."
လန်​ကျန့်​ လန့်​ကာ မျက်​လုံးပြူးသွားသည်​...
"ဒါက မင်းကြီးကို လိမ်​လည်​မှု ဆိုတာမင်းသိလား.."
"ဟို ကျွန်​​တော်​ မရည်​ရွယ်​ပဲဖစ်​သွားတာပါ..မင်းကြီးစကားလာ​ပြောတုန်းက..ရုတ်​တရက်​ဆို​တော့ ​ကြောင်​သွားတယ်​...ပြီး​တော့ ရှင်းပြချိန်​မရခင်​မှာပဲ..မင်းသားဆိုပြီး ​ကြေညာပြီး​နေပြီ..."
"ကျစ်​...မင်းကွာ...ခု မင်း မင်းကြီးသိသွာရင်​...​ဆွေ စဉ်​ ၇ဆက်​ ​ခေါင်းဖြတ်​ခံရမှာ..."
"ဟင်​..ကျွန်​​တော့မှာ ​ဆွေစဉ်​ ၇ဆက်​မရှိပါဘူး..
.ကျွန်​​တော်​​ခေါင်း တစ်​လုံးပဲရှိတာပါ..."
"ကဲ ထားပါ...ခု ငါတို့ အ​ခြေ​နေကျိပီး လုပ်​​ပေးမယ်​...ခု​တော့ မင်း ဒီတိုင်း​နေအုံး...ပြီး​တော့မင်း မနက်​ဖြန်​စာသင်​ရ​တော့မယ်​​ပြောတယ်​...အဲ့ဒါလဲ ပြင်​ဆင်​ထားအုံး..."
"အား...စိတ်​ညစ်​တယ်​..စိတ်​ညစ်​တယ်​...စာသင်​ရမယ်​ဆိုတဲ့ အသံကြားတာနဲ့ ​ခေါင်းက ဒီ​လောက်​ကြီး
လာပြီ..."
အမူအရာနှင့်​တကွ...နှုတ်​ခမ်းဆူကာ​ပြောရင်း..
ထိုင်​ခုံ​ပေါ်​ခြေပစ်​ လက်​ပစ်​ထိုင်​ချလိုက်​​သော ​ဝေ့ရင်းကို လန်​ကျန့်​ မြတ်နိုးမှုအပြည့်​နှင့်​ ကြည့်​​နေမိသည်​...
................................
နောက်​တရက်​...စာသင်​​ဆောင်​တွင်
ဝေ့ရင်း တအား အိပ်​ငိုက်​​နေသည်​......
ရှေ့မှ ကျိ ဆရာကြီးက... တရုတ်​ ​ရှေး​ဟောင်း စစ်​ချီစာအုပ်​ကိုင်​ကာ.....ကဗျာများကို ရွတ်​ပြပြီးရှင်းပြ​နေ​လေသည်​.......
Time Skip
စာသင်​ချိန်​ပြီးသွား​​သော်​...လန်​ကျန့်​..မုန့်​​ယောင်​နှင့်​အတူ...​ဝေ့ရင်းတစ်​​ယောက်​ စာသင်ေ​ဆာင်​မှ ခုန်​​ပေါက်​ကာ...ထွက်​လာ​လေသည်​...
"​ဟူး..​တော်​​သေးတယ်​..စာသင်​တာမြန်​မြန်​ပြီးသွာလို့.. မဟုတ်​ရင်​..ငါ​လေး ရူး​တော့မယ်​..."
ပါးစပ်​မှလဲ ပွစိပွစိ​ပြောကာ...ခု​န်ေ​ပါက်​​နေ​လေသည်​...ထိုစဉ်​....ရုတ်​တရက်​...
"အ..နာလိုက်​တာ..."
ဝေ့ရင်း ​ပြေးရင်း မိဖုရား​ခေါင်​ကြီး နှင့်​တိုက်​မိကာ..
မိဖုရား​ခေါင်​ကြီးက လဲကျသွားခြင်းဖြစ်​သည်​...
မိဖုရား​ခေါင်​ကြီး၏ အ​စေခံ ​မော့ က
"မယ်​မယ်​ကြီး ​ရောက်​လာတာမ​တွေ့ဘူးလား...မင်းသားဖြစ်​ပြီး စည်းကမ်းမရှိဘဲ..​နေချင်​သလို​နေ သွားချင်​သလိုသွားတာက မင်းသားဂုဏ်​ပုဒ်​နဲ့ မညီဘူး.."
(AN- ဒီမှာက ​မော့အထိန်း​တော်​ကြီးက မိဖုရား​ခေါင်​ရဲ့ ​အ​စေခံဖြစ်​သလို နန်းတွင်းသူ အ​စေခံအားလုံးရဲ့ ​ခေါင်း​ဆောင်​​နော်​...ဘုရင့်​ သား​တော်​ သမီး​တော်​​တွေကို​တောင်​ နန်းတွင်း စည်းမျဉ်းစည်းကမ်းနဲ့ ပတ်​သက်​ပီး သင်​ကြား​ပေးသူပါ...ဒါ​ကြောင့်​ မင်းသား​တွေကို သူက ဆူလို့ရပါတယ်​....နန်းတွင်းကား​တွေမှာပါတယ်​​လေ...နားမလည်​ဖြစ်​​နေမှာစိုးလို့)
ဝေ့ရင်းက မသိ​သော​ကြောင့်​ မိဖုရား​ခေါင်​ကြီး​တောင်​ ဘာမှမ​ပြောတာ..သူက​ပြောတယ်​ဆိုပြီး..
သူ၏ နဂိုဆိုးတဲ့ စိတ်​ခံအတိုင်း...
"ခင်​ဗျားက ဘာလဲ မယ်​မယ်​ကြီး​တောင်​မ​ပြောတာ..မမြင်​လို့တိုက်​မိတာ​ပေါ့...မြင်​ရက်​သားနဲ့ ဘယ်​သူက လာတိုက်​မှာလဲ..."
"​ဝေ့ရင်း...​တော်​​တော့"
လန်​ကျန့်​​နောက်​မှ အင်္ကျီဆွဲကာ တားလိုက်​​လေသည်​.....ထိုအခါ မယ်​မယ်​ကြီးက
"​အော်​..​ဟော်​...ဒါက မင်းကြီးရဲ့ ပြန်​​တွေ့တဲ့ သား​တော်​​လေး​ပေါ့...ကြည့်​စမ်းပါအုံး...စည်းကမ်းမရှိလိုက်​တာ...မင်း မားက ဘယ်​လိုသင်ေ​ပးထားတာလဲ...
မော့အထိန်း​တော်​ကြီးကို ဘယ်​သူမှမ​လေးမစားမလုပ်​ရဲဘူး...မင်းလိုလူမဟုတ်​ဘူး...မင်းသားလန်​ကျန့်​​တောင်​ ပြန်​မ​ပြောဘူး...."
တဆက်​ထဲမှာပင်​...
"အထိန်း​တော်​ကြီး​မော့ မနက်​ဖြန်​ကစပြီး.. ​ဝေ့မင်းသား​လေးကို နန်းတွင်းစည်းကမ်းသင်​​ပေးဖို့ လုပ်​ပါ..
ငါ မင်းကြီးကို ခုပဲသွား​လျှောက်​တင်​လိုက်​မယ်​...
အပြင်​မှာ မသင်​ရ​တော့ ကိုယ့်​လက်​ထဲမှာပဲ ​သေချာ သင်​ကြား​ပေးရမှာ​ပေါ့..ဟင်း..ဟင်း.."
"ဟုတ်​ကဲ့ မယ်​မယ်​ကြီး"
............................................
Thanks for Reading

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now