7

1.5K 147 0
                                    

Unicode

ဝေ့ရင်း၏ အိပ်ဆောင်ထဲတွင်.ရောက်တော့..ဝေ့ရင်းက..အစေခံများကို ထွက်သွားခိုင်းပြီး..
တံခါးများပိတ်လိုက်သည်.. ပြီးတော့ လန့်ကျန့်တို့နား ကပ်လာပြီး 

"မင်းသားလေးနဲ့ အကိုမုန့်ရောင်...ကျွန်တော့ကို နန်းတွင်းအပြင် ခေါ်သွားပါလား..."

"မင်း ဘာလိုချင်တာ..ရှိလို့လဲ...ပြောလေ..ငါတို့ လုပ်ပေးလို့ရတယ်"

"မဟုတ်ဘူး..ကျွန်တော်အပြင်ထွက်မှ ရမယ်...ရှင်းချန်ကို တွေ့ချင်တယ်..ရှင်းချန်ကို တွေ့ပြီးပြောရမဲ့စကားတွေ ရှင်းပြရမယ့် စကားတွေ အများကြီးရှိတယ်..."

"ရှင်းချန်...ရှောင်ရှင်းချန်ကိုပြောတာလား.."

မုန့်ယောင်က ဝင်ပြောတော့..

"ရှင်းချန်က ရှောင်မျိုးရိုးဖြစ်တာ ဘယ်လိုသိတာလဲ..."

"အော်..ဟို..အဲ...ငါထင်တာကိုပြောတာပါ...."

မုန့်ယောင်လဲ ဖုံးကွယ်လိုက်သည်..ဝေ့ရင်းဘာဆက်ပြောမလဲသိချင်လို့....

"ဘာလို့မင်းက သူနဲ့တွေ့ချင်တာလဲ...မှာချင်တာရှိရင် ငါတို့ရှာပြီး ​သွား
ပြောပေးမယ်လေ..."

"မဖြစ်နိုင်ဘူး...ကိုယ်တိုင်တွေ့မှရမှာ..ကျွန့်တော့ကို သူမုန်းနေတော့မှာ..အထင်လွဲနေတော့မှာ..."

ပြောရင်း ဝေ့ရင်းမျက်ရည်ကျလာသည်...
လန်ကျန့်လည်း ခုထိ မုန့်ယောင်နှင့် ဝေ့ရင်းပြောသောစကားများကို နားမလည်ဖြစ်ကာ...

"မင်းတို့ ငါ့ကိုလည်း ပြောကြဦး..ဘာတွေဖြစ်နေတာလဲ ဆိုတာ...ဝေ့ရင်းကရော..ဘာကြောင့် နန်းတွင်းအပြင်ဖက်သွားချင်တာလဲ...နန်းတော်က ထွက်ပြေးဖို့ဆိုတာမဖြစ်နိုင်ဘူး..တသက်လုံး လိုက်ရှာခံရပြီး ပုန်းရှောင်ပြီး မသေမချင်းရာဇဝတ်သား အဖြစ်နေသွားရမှာ.."

လန်ကျန့်ပြောလိုက်တော့...ဝေ့ရင်း မျက်ရည်ကျသည်ထက်ကျလာကာ...

"ကျွန်တော် အမှန်တိုင်းပြောပြပါ့မယ်...ကျွန်တော့ကို ကူညီပါ... ကူညီပေးကြပါ..."

"တကယ်တော့ ကျွန်တော်ကလေ...မင်းသားမဟုတ်ပါဘူး..ကျွန်တော်က မိဘမဲ့တစ်ယောက်ပါ .....................................
.................................................... တကယ်တော့ မင်းသားလေးရဲ့ ညီတော်က ရှောင်ရှင်းချန်ပါ..."

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now