12 💕

1.8K 134 0
                                    

Only Zawgyi
Part 12
မနက်​မိုးလင်းလို့ ညီလာခံပြီးချိန်​တွင်​...ပါး​ခေါ်ထားလို့....
ပါးရဲ့အ​ဆောင်​​တော်​သို့ သွားသည်​...
"ပါး​ရော....အထိန်း​တော်​ကြီး."
"အရှင်​...ရှိပါတယ်​..ဧည့်​​ဆောင်​ထဲမှာပါ..."
"ဟုတ်​ပြီ..."
"ပါး..."
ဧည့်​​ဆောင်​တွင်​ ထိုင်​​နေ​သော..အရှင့်​ကို မြင်​လို့..
လန်​ကျန့်​​ခေါ်ရင်း ဦးညွန့်​လိုက်​သည်​...
"သား​တော်​ လာ...ထိုင်​...ပါး ​မေးစရာရှိလို့..."
"ဗျာ...ဟုတ်​ပါး..."
"သား​ငယ်​​လေးက ဝမ်​အမတ်​ကြီးအိမ်​ကို ဘာသွားလုပ်​တာလဲ.....မလိမ်​ပဲ အမှန်​တိုင်း​ပြော..."
လန်​ကျန့်​ စိတ်​အိုက်​သွားသည်​...အမှန်​တိုင်း​ပြောလို့ကမရ...မ​ပြောရင်​လဲ ပါးက အမျက်​​တော်​ရှအုံးမယ်​.......လန်​ကျန့်​ မ​ဖြေနိုင်​ပဲ..ဖြစ်​​နေစဉ်​..
"ရပြီ သား​တော်​မ​ဖြေနဲ့​တော့..ပါးနားလည်​ပြီ....
လူငယ်​သဘာဝမို့..ပါးမတားပါဘူး...ပါးတို့က ချစ်​တဲ့သူအချင်းချင်း ဘယ်​သူမဆို လက်​ထပ်​ခွင့်​​ပေးထားတာပဲ....ဝမ်​အမတ်​ကြီးနဲ့​တွေ့ဖို့လိုပြီထင်​တယ်​..."
"ဟင်​...ပါးဘာ​တွေ​ပြော​နေတာလဲ..."
"ပါးနားလည်​ပါတယ်​..သား​တော်​က သား​တော်​ရဲ့ ညီ​လေးဆို​တော့ နှ​မြော​နေမှာ​ပေါ့...ပါး..ချက်​ချင်းမစီစဉ်​ပါဘူး...ပါးလဲ သား​ငယ်​​လေးကို ချစ်​မဝ​သေးဘူး..."
"ဗျာ......"
^ပါး...မဟုတ်​မှ..​ဟောက်​ရွှမ်းနဲ့ ​ဝေ့ရင်းကို အထင်​လွဲ​နေတာလား...မဟုတ်​ပါ​စေနဲ့..ရင်းက ကိုယ့်​အပိုင်​​လေ...ရင်း...ကိုယ်​မပိုင်​ဆိုင်​ရခင်​ကတည်းက ဆုံးရှုံးရပြီလား...^
လန်​ကျန့်​အ​တွေးမဆုံးခင်​...ပါး​ပြောလိုက်​​သောစကား ​ကြောင့်​ ​သေ​လောက်​​အောင်​နာကျင်​သွားရသည်​...
"ပါး..သားငယ်​​လေးကို ​ဟောက်​ရွှမ်းနဲ့ သ​ဘောတူတယ်​... သားငယ်​​လေးကို ကာကွယ်​နိုင်​မယ်​လို့လဲ ထင်​တယ်​...ခုကစပြီး သားငယ်​​လေးကို ​စောင့်​​ရှောက်​ဖို့ ​ဟောက်​ရွှမ်းကို သားငယ်​​လေးရဲ့ ကိုယ်​ရံ​တော်​ရာထူး​ပေးလိုက်​မယ်​...သား​တော်​က..မုန့်​​ယောင်​နဲ့ပဲဆို အဆင်​​ပြေတယ်​မလား...သား​တော်​က သိုင်းပညာလဲ ​တော်​ပြီးသားဆို​တော့..."
လန်​ကျန့်​ ဘာမှ​ပြောပိုင်​ခွင့်​မရှိ​တော့...နာကျင်​မှုကို ဖုံးကွယ်​ပြီး..."ဟုတ်​..ပါး.."
"ဒီကိစ္စကို ​ဟောက်​​ရွှမ်းနဲ့ ​ဝေ့ရင်းကို မ​ပြောနဲ့အုံး...
သူတို့ ခဏ​နေ ရှက်​​နေကြလိမ့်​မယ်​...ရင်းနှီးသွားမှ ဝမ်​အမတ်​ကြီးကို​ပြောပြီး...စီစဉ်​မယ်​...ပြီး​တော့ သား​တော်​လဲ ကြင်​ရာ​တော်​ရှာသင့်​ပီ...သား​တော်​အိမ်​​ထောင်​ပြုမယ့်​အရွယ်​လွန်​လာပြီ..."
"ဟုတ်​ပါး...သား​တော်​ပြန်​​တော့မယ်​...စာ​ပေဖတ်​စရာ ရှိ​သေးလို့..."
"​အော်​..အင်း..သား​တော်​..ဂရုစိုက်​​နော်​.."
လန်​ကျန့်​ ငိုချင်​​နေ​သောစိတ်​ကို မည်​သို့မှမထိန်းနိင်​​တော့ သဖြင့်​..ပါးကို ညာကာအ​ဆောင်​​တော်​သို့ အမြန်​ပြန်​ခဲ့​လေသည်​....
^ရင်း...ကိုယ်​ရူး​တော့မယ်​...ကိုယ်​...ကိုယ်​..​သေ​လောက်​​အောင်​နာကျင်​ရတယ်​...ကိုယ့်​ရဲ့ ပထမဆုံးအချစ်​က..ဘာလို့ ခုလိုမျိုးလဲ....ရင်း ကိုယ့်​ကို သနားပါအုံး...^
တွေးရင်း..​လန်​ကျန့်​ ရှိုက်​ငို​နေမိသည်​...
...........................
ဝမ်​အမတ်​ကြီးအိမ်​တွင်​......
"မင်းသား..ရှင်းချန်​..."
(ဝမ်​အိမ်​က လူ​တွေက ရှင်းချန်​ကို ဘုရင့်​သားမှန်းသိကတည်းက...မင်းသားလို့​ခေါ်တယ်​​နော်​...)
"ဗျာ....ဝမ်​သခင်မကြီး...​ကျွန်​​တော့ကို မင်းသားလို့လဲမ​ခေါ်ပါနဲ့....ကျွန်​​တော်​က ခု သာမှန်​ပြည်​သူပါပဲ..."
"မဟုတ်​တာ...ထားပါ..မင်းသားကို ကျွန်​မ... ​ပြောစရာရှိလို့ပါ..."
"ဟုတ်​..​ပြောပါ..ဝမ်​သခင်​မကြီး..."
" မင်းသားရှင်းချန်​နဲ့.....ဝမ်​​လေးနဲ့ အ​ခြေအ​နေကို ကျွန်​မရိပ်​မိ​နေပါတယ်​....မင်းသားကို ​တောင်းဆိုချင်​တာက...ဝမ်​​လေးကို ​မေ့​ပေးပါ...ဝမ်​​လေး​က မင်းသားကို ​မေ့နိုင်​​အောင်​လဲ ကူညီ​ပေးပါ...ဒါက အကူညီ​တောင်းတာပါ...မင်းသားက ​နောင်​တချိန်​မှာ..ပြဿနာ​တွေ​ဖြေရှင်းပြီးရင်​ ဘုရင့်​သား​တော်​ဖြစ်​မှာပါ...အဲ့အချိန်​မှာ ဝမ်​​လေးကို မင်းပြစ်​မင်းဒဏ်​ကို မသင့်​​စေ ချင်​ဘူး...ကျွန်​မ​ပြောတာ...မင်းသား နား​လည်​​ပေးနိုင်​မယ်​ထင်​ပါတယ်​...."
ရှင်းချန်​ ဝမ်းနည်းမျက်​ရည်​များကျလာကာ...
"ဟုတ်​ကဲ့ပါ...ဝမ်​သခင်​မကြီး...ကျွန်​​တော်​ ထွက်​သွား​ပေးပါ့မယ်​...ဝမ်​ကိုယ်​ရံ​တော်​ လုံးဝရှာမ​တွေ့မဲ့​နေရာကို ကျွန်​​တော်​ထွက်​သွားပါမယ်​..."
"​ကျေးဇူးတင်​ပါတယ်​..ခုလို နားလည်​​ပေးတာ....
ကျွန်​မရဲ့ ခံစားချက်​ကို မင်းသားနားလည်​​ပေးနိုင်​မယ်​ လို့​မျှော်​လင့်​ပါတယ်​...​ရော့ မင်းသား..
မများ​ပေမဲ့..မင်းသား လမ်းခရီးမှာအဆင်​​ပြေ​အောင်​လို့ပါ..."
ပြောရင်း.ရှင်းချန်​လက်​ထဲသို့ ​ငွေတုံး​လေးများထည့်​ထား​သော..အိတ်​တအိတ်​​ပေး​လေသည်​....
"ရပါတယ်​...ကျွန်​​တော်​မယူပါရ​စေနဲ့ .ကျွန်​​တော့မှာရှိပါတယ်​...​ဝေ့ရင်းက ​ပေးခဲ့တာ​တွေ ရှိပါတယ်​..
စိတ်​သန့်​သန့်​နဲ့ ကျွန်​​တော်​ ထွက်​သွားချင်​လို့ပါ....​ကျေးဇူးတင်​ပါတယ်​....ခု​လောက်​ထိ ကာကွယ်​​စောင့်​​ရှောက်​​ပေးခဲ့လို့..."
"မင်းသားရှင်ူချန်​ လမ်းခရီးမှာ အဆင်​​ပြေ​ချော​မွေ့ပါ​စေ...."
ပြောရင်း..ဝမ်​သခင်​မကြီး...ထွက်​သွားပြီး​နောက်​...
ရှင်းချန်​တံခါးပိတ်​ရင်း...မျက်​ရည်​များကျ​နေမိသည်​...
မိမိသည်​...ဝမ်​​ဟောက်​ရွှမ်းကို မည်​သည့်​အချိန်​ကမှန်းမသိ ချစ်​မိသွား​လေပြီ...သို့​သော်​..
မိမိအချစ်​သည်​ မစခင်​ကတည်းက ​သေဆုံးပြီးဖြစ်​သည်​..မတတ်​နိုင်​..ထွက်​သွားရ​တော့မည်​ဖြစ်​သည်​..
^ဝမ်​​လေး...ကျွန်​​တော်​..ခင်​ဗျားကို အရမ်းချစ်​ခဲ့ပါတယ်​...^
....................
တိုသွားတယ်​​နော်​...
အိမ်​စာပြီးရင်​ ပြန်​တင်​​ပေးမယ်​..​နောက်​တစ်​ပိုဒ်​..
Thanks for Reading...

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now