17

1.4K 123 0
                                    

Unucode

ဝေ့ရင်း ထွက်ပြေးလာပြီး အခန်းထဲရောက်သော်..
ရှင်းချန်က..ကုတင်ပေါ်တွင် ထိုင်စောင့်နေလေသည်....
"ဝေ့ရင်း..မျက်နှာက ဘာဖြစ်နေတာလဲ..ရဲနေတာပဲ.. နေမကောင်းဘူးလား..."
ရှင်းချန်ပြောရင်း ဝေ့ရင်းနဖူးကို စမ်းလိုက်လေသည်..
ဝေ့ရင်းက ရှင်းချန်လက်ကို ပုတ်ထုတ်ကာ...
"ရှင်းချန်...မင်း ဟောက်ရွမ်းကောကို ချစ်တုန်းက ဘယ်လို ဖြစ်လဲ.."
"ဟမ်..ဘာကိုပြောချင်တာလဲ."
"ဒီလိုကွာ...မင်းကို ဟောက်ရွှမ်းကော.. ချစ်တယ် ...ပြောတုန်းကမင်း
ဘယ်လိုဖြစ်လဲလို့... မင်း တကိုယ်လုံးတုန်လား... ပြီးတော့ မောနေလား..."
"အမ်..မဖြစ်ပါဘူး..ဘာလို့မေးနေတာလဲ...မဟုတ်မှ.. ကောင်လေးတစ်ယောက် အချစ်နဲ့တွေ့နေပီလား.."
ရှင်းချန်ပြောလိုက်တော့ မျက်နှာရဲပြီး...ကုတင်ပေါ်တွင် ကန့်လန့် လာလှဲချလိုက်ကာ..
"အားးး....လန်ကျန့်စုတ်... ငါ ခရီးထွက်ရလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်နေတာကို.... ခု သူငါ့ကို ဘာတွေ လာပြောမှန်းမသိလို့.. ငါ့စိတ်တွေ ရှုပ်ထွေး
နေပြီ.... အားးးးးးး.. ...ရူးတော့မယ်..."
ဝေ့ရင်းက ပြောလဲ ပြော...ခြေထောက်တွေကိုလဲ လေပေါ်ကန်ကျောက်လိုက်
​ကာ..လက်တွေကိုလဲ စောင်ကို ရိုက်ထုနေလေသည်...ဆက်ပြီး..
"ရှင်းချန် ငါ ရင်တွေတအား တုန်နေတယ်...ပြီးတော့ ငါတအားမောနေသလိုကြီး...ငါ ဘာဖြစ်နေတာလဲ.. တခါမှ ဒီလိုမဖြစ်ဖူးဘူး...ငါသိပြီ သူငါ့ကို နမ်းလိုက်လို့နေမှာ...."
"ဟမ်..လန်ကျန့်ကို မင်းကို နမ်းလိုက်တယ်..ဟုတ်လား.."
"အင်း ဟုတ်တယ်...ရှင်းချန် မနက်ဖြန် ငါဘယ်လို လုပ်မလဲ ပြောပြဦး...ခုတော့ ငါအိပ်ပီ..လန်ကျန့်စုတ်.. မနက်ကျရင် သတ်ပစ်မယ်.."
ပါးစပ်က ပွစိပွစိပြောရင်း ကုတင်တဖက်ကို ကပ်ကာ. အိပ်ပျော်သွားသော..ဝေ့ရင်း...တကယ်တော့ ဒီည လန်ကျန့် ဝေ့ရင်းကို ဖွင့်ပြောမှာကို ဟောက်ရွှမ်းပြောပြီးသားမို့ ရှင်းချန်သိပြီး ဖြစ်သည်.... ဝေ့ရင်း
စိတ်ကို သိချင်၍သာ မသိချင်ယောင်ဆောင် ခြင်းပင်...
^ကလေး တအားမဆန်ပါနဲ့ ဝေ့ရင်းရယ်....တချိန်ကျရင် မင်းကိုကာကွယ်
မယ့်သူက လန်ကျန့်ပဲရှိတာ...^
ဟူး....ရှင်းချန် သက်ပြင်း ချကာ...အိပ်စက်ခြင်းသို့..

မနက်လင်းသော်.လန်ကျန့် တို့သည်..မြင်းစာကျွေး
ရင်း စကားပြောကာ ရယ်နေကြသည်.... ဝေ့ရင်းနှင့် ရှင်းချန်ထွက်လာတော့...လန်ကျန့်က ဝေ့ရင်းနား
ပြေး သွားကာ...
"ရင်း နိုးပြီလား...ညက ကိုယ်ပြောတာ စဉ်းစားပြီးပြီလား..."
"ဂါးး...ဘာကို စဉ်းစား စဉ်းစား... လန်ကျန့် ရူး သွားပြီလား....
ကျွန်တော် စိတ်ရှုပ်အောင် တအားလုပ်တာပဲ..."
ဝေ့ရင်းပြောလိုက်တော့...လန်ကျန့် စိတ်မကောင်း တဲ့မျက်နှာဖြစ်သွားတာမို့...ရှင်းချန်က..
"အဟမ်း...ညက ကောင်လေးတယောက်က ရင်တုန် ပြီး မောနေတယ်ဆိုပဲ...သူပြောချင်တာ..ကျွန်တော် ထင်တာတော့...."
"အားး...ရှင်းချန် သစ္စာဖောက်..တွေ့မယ်.."
ဝေ့ရင်းက ပြေးနေသော..ရှင်းချန်ကို လိုက်ရိုက်နေ
လေသည်... ကျန်၃ယောက်က ရီနေရင်း...မုန့်ယောင်မှ....
"အင်း...ရင်တုန်ပြီး မော တယ်ဆိုတော့..ရင်ခုန်ပြီး
ပြန်ချစ်ဖို့ပဲ ရှိတော့တယ်....လန်ကျန့်ရေ့ စိတ်မပူနဲ့တော့...မကြာတော့ဘူး.."
လန်ကျန့်က မုန့်ယောင်စကားကို သဘောကျပြီးပြုံးနေ ရင်းမှ...ဝေ့ရင်း စကားသံကြောင့် ရီလိုက်မိသည်....
"ဘာမှ ရင်ခုန်ပြီး..ပြန်မချစ်ဘူး... ရင်တုန်ပြီး..ခုတ်သတ်လိုက်မှာ..ဟွန့်..."
အားလုံး ရီနေချိန်....
"ဟား...မနက်စောစော..တအားပျော်နေကြပါလား... ပါးကို လဲ ပြောပြပါအုံး..ပါးလဲ ရီရအောင်.."
သခင်ကြီးက ပြောရင်း လန်ကျန့်တို့နား လျှောက်လာလေသည်...
All.. "သခင်ကြီး မင်္ဂလာပါ..."
ဝေ့ရင်းက သခင်ကြီး ရင်ခွင်ထဲ ပြေးဝင်ချွဲကာ...
"သခင်ကြီး...သူတို့က ကျွန်တော့ကို ဝိုင်းစနေကြတယ်...အပြစ်ပေးပေး..."
"ဟုတ်လား..ဘယ်လိုစလဲ.ပြောပါအုံး.."
"အဲ..ဟို..အဲ့ဒါကလေ..."
ဝေ့ရင်းက စကားထစ်နေတာမို့...
မုန့်ယောင်က..
"ဒီလိုပါ...ဟိုတခါ သခင်ကြီး..ဝေ့ရင်းကို ကဗျာ စပ်ခိုင်းတုန်းက သူစပ်တဲ့ ကဗျာအကြောင်း ပြော ပြီး
ရီနေကြတာပါ..."
"Aww...အင်း..အင်း..ကဲပါ...လူစုံပြီဆိုတော့.. ခရီးဆက်ကြမယ်..."
All.."ဟုတ်ကဲ့..."
...................................
ခရီး.ဆက်ပြီး..မကြာခင် မြို့တမြို့သို့ ထပ်ရောက်လာ
ခဲ့သည်.. ရောက်ရောက်ချင်း..မိန်းကလေးတယောက်ကို ယောကျာ်းလေး ၄/၅ ယောက် ဝိုင်းဆွဲကာ...ရုန်းရင်းဆန်ခတ် ဖြစ် နေတာတွေ့တာမို့...အားလုံးရပ်ကာ.. လန်ကျန့်က..
မြင်းပေါ်မှဆင်းကာ.... မြို့ခံ တယောက်ကို မေးလိုက်လေသည်.....
"ဒီမှာ ဘာတွေဖြစ်နေကြတာလဲ..
မသိဘူး.."
"အော်..လူလေးက ဒီကမဟုတ်ဘူးထင်တယ်..ဒီမြို့မှာ..ကျောက်လူကြီးမင်းကို
မသိတဲ့သူမရှိဘူးလေ... အဲ့လူတွေက ကျောက်လူကြီးမင်း ရဲ့လူတွေပါ.... မိန်းကလေးက သူ့အမေနေမကောင်းလို့
ကျောက်လူကြီးမင်းဆီမှာ ပိုက်ဆံချေးထားတာ.. ခုသူ့အမေက ဆုံးပြီဆိုတော့..ကျောက်လူကြီးမင်းက အ
ကြွေး တောင်းတာ မရလို့... မိန်းကလေးကို သိမ်း
ပိုက်ဖို့လုပ်နေတာ... ဘယ်သူမှလည်းမတားရဲကြဘူး.."
"ဘာ...အဲ့ကျောက်လူကြီးမင်းက ဘာမို့လို့လဲ..."
ဘယ်အချိန်ကတည်းက လှည်းပေါ်ကဆင်းလာပြီး.. လာရပ်နေမှန်းမသိတဲ့..ဝေ့ရင်းက မေးလိုက်ခြင်း ပင်....
"မင်းမှုထမ်း ဝမ်အမတ်ချုပ်ကြီးရဲ့.. တူလို့ပြောတာပဲ သူ့ကိုယ် သူတော့...အဲ့ဒါကြောင့်. ဦးလေးတို့လည်း ဘယ်သူမှဘာမှမလုပ်ရဲတာ..."
ဝေ့ရင်းက ထိုစကားကြားပြီးသည်
နှင့်..ရုန်းရင်းဆန်ခတ်ဖြစ်နေသော..နေရာသို့သွားကာ...
"ရား..... မင်းတို့တွေလုပ်ရပ်က ရွံစရာကောင်းတယ်.. ရှန့်ရှန့် မကြိုက်ဘူး...အဲ့ဒါကြောင့်..သူ့ကို ထားခဲ့ပြီး..
သွားလိုက်တော့..."
မိန်းကလေးကို လက်ညိုးထိုးကာ..ပြောလိုက်သည့်
ဝေ့ရင်း...
Man.."မင်းက ဘာမို့လို့လဲ...ငါတို့က
ဝမ်အမတ်ချုပ်ကြီးတူရဲ့ တပည့်တွေ..ပြီးတော့ ဒီမိန်းကလေးက
အကြွေးမဆပ်နိုင်လို့ ငါတို့ သခင်ကြီးက ခေါ်ခိုင်းတာ.. လူကသေးသေးလေးနဲ့ မဆိုင်တာ ဝင်မပါနဲ့...မသေချင်ရင်..."
ဝေ့ရင်းက ထိုသူရဲ့အပြောကို တချက် ရီလိုက်ကာ...ပြေးချလေသည်...
လန်ကျန့်တို့လဲ မနေသာတော့
သည်မို့ အားလုံးက ဝင်ချလိုက်ကြသည်... သိုင်းပညာမတတ်ဘဲ..အုပ်စုဖွဲ့မိုက်နေကြတဲ့သူတွေမို့..
ခဏလေးချရုံနဲ့..အကုန်ထွက်ပြေးသွားလေ သည်..
ထိုအခါမှ..ကျန်ရှိနေသောမိန်းကလေးမှ...
"ကျေးဇူးတင်ပါတယ် အကိုတို့..."
လန်ကျန့်ကို ကြည့်ကာ..ပြောလိုက်သော မိန်းကလေး ကြောင့် ဝေ့ရင်းက...
"အမကို ကယ်တာ ကျွန်တော်လေ...ဘာလို့ သူ့ကို
ကျေးဇူးတင်တာလဲ..."
ဆူပုတ်ပုတ် မျက်နှာနှင့် ဝေ့ရင်း လန်ကျန့်နှင့် မိန်းကလေးကြားတွင် လာရပ်လိုက်လေသည်...ထိုအခါမှ မိန်းကလေးက ဦးညွန့်ကာ..
"အကို တို့အားလုံးကို ကျေးဇူးတင်ပါတယ်...ကျွန်မ နာမည်က..လန်အာ ပါ.."
"ကဲ အားလုံး ဝင်ရှုပ်ပြီးကြပြီလား...ဝေ့ရင်း..မင်း တလမ်းလုံး မွှေနေနော်...ဒီက မိန်းကလေး ဘယ်သွားမလဲ မသိဘူး....ကျွန်တော်တို့က ခရီးသွားတွေပါ..ဘယ် ကို လိုက်ပို့ပေးရမလဲ..."
ဟောက်ရွှမ်းပြောလိုက်တော့...
"ကျွန်မကို အကိုတို့နဲ့ ခေါ်သွားပေးပါလား..ကျွန်မ သခင်လေးအတွက်..အဝတ်လဲ လျှော်ပေးပါ့မယ်.. ရေလဲ ခပ်ပေးပါမယ်...နော်..ကျွန်မကို ခေါ်သွားပေး ပါ.."
ဟောက်ရွှမ်းမေးတာကို မဖြေဘဲ..လန်ကျန့်ကိုသာ
ကြည့်ပြီး ပြောလာသောကြောင့်...
"ရော့ မိန်းကလေး..ကျွန်တော်တို့ ခေါ်သွားလို့မရဘူး... အားလုံးက ယောကျာ်းလေးတွေပဲ ဖြစ်တဲ့
အပြင်..ကျွန်တော်တို့က ခရီးသွားတွေပါ..... ဒီငွေတွေနဲ့ဆို
မင်းရင်းနှီးမြှုပ်နှံစားဖို့ လုံလောက်မှာပါ..."
ငွေထုပ် တစ်ထုပ်ကို ထုတ်ပေးရင်း လန်ကျန့်ပြောလိုက်လေသည်...
"ကဲ အားလုံး ကိစ္စတွေ ပြီးပြီလား...ဝေ့ရင်း... လှည်းပေါ်ပြန်လာတက်....တလမ်းလုံး ပြဿနာရှာနေတာ မဝသေးဘူးလား....ကျန်တဲ့သူတွေလည်း အားလုံး ခရီးဆက်မယ်..."
သခင်ကြီးက လှည်းပေါ်မှနေ၍ပြောလိုက်သောကြောင့်အားလုံး
ခရီး ဆက်ခဲ့ကြလေသည်...
တော်တော် ဝေးဝေးရောက်ပြီးမှ..လန်ကျန့် နောက်ပြန်လှည့်ကြည့်လိုက်သော်... မိမိတို့နောက်တွင် ပြေး လိုက်လာသော...လန်အာ မိန်းကလေး... .
လန်ကျန့်မြင်းကို ရပ်လိုက်တော့
မိမိဘေးတွင်ရောက်လာကာ..
"သခင်လေး ကျွန်မကို ခေါ်သွားပေးပါ.. ကျွန်မမှာဆွေမျိုးသားချင်းလဲမရှိတော့ဘူး... သခင်လေးတို့ဆီမှာ.. ကျွန်လုပ်ပါ့မယ်..."
လန်ကျန့် ငြင်းလိုက်မယ် ပြင်ပြီးကာမှ... သူမကို ကြည့်လိုက်တော့. အကျႌများ စုတ်ပြတ်ကာ.. ဖိနပ်ပေါက်
.ပြီး...သွေးထွက်နေသော..
ခြေထောက်တစုံ..
နားမဲ့နေရာ ရောက်မှ.. အကြောင်းဆုံပြောကာ.. ပြန်လွတ်မယ် ဆိုတဲ့စိတ်နဲ့...
"ကဲ လာ မြင်းပေါ်တက်.."
ဟုပြောကာ... သူမလက်ကို ဆွဲပြီး..မြင်းပေါ်သို့ တင်ခဲ့လေသည်...သူမက မိမိနောက်မှနေ၍ မိမိခါးကို ဖက်ကာ..လိုက်လာလေသည်...ထိုမြင်ကွင်းကို မြင်းလှည်းပေါ်မှ..ဝေ့ရင်းမြင်သော်....
"ပါး..သားလဲ မြင်းစီးချင်တယ်...."
"ဘာထဖြစ်ပြန်ပြီလဲ...တလမ်းလုံးလဲ မွှေပြီးပြီ...မြင်းမစီးတတ်ဘဲ..
မြင်းစီး ဖို့ပြောပြန်ပြီ....."
သခင်ကြီးက ပြောရင်း..မြင်းလှည်းအပြင်ကို ကြည့်လိုက်ရာ..လန်ကျန့်တို့အခြေအနေကို မြင်သွားတော့..
"အင်း လန်ကျန့်လဲ အိမ်ထောင်ပြုရမဲ့ အချိန်ရောက်ပြီ.. သင့်တော်မဲ့သူကို အမြန်ရှာပြီး ထိမ်းမြားပေးရမယ်....."
ထိုစကားကြောင့် ဝေ့ရင်းတယောက် စိတ်တိုကာ..
"ဟွန့်....ပါးကို သားစိတ်ဆိုးတယ်.."
ပြောပြီး တဖက်လှည့်သွားသော ဝေ့ရင်း...ရှင်းချန်က ဝေ့ရင်းကို ကြည့်
ကာပြုံးနေလေသည်...
^ဝေ့ရင်း ဝေ့ရင်း..ကိုယ့်စိတ်ကို မြင်အောင် မကြည့် ​တတ်သေးဘူး......^

Thanks For Reading
ရင်း လေး သဝန်စတိုနေပြီနော်....
ဒီတပိုင်းက ပေါ့သွားတယ်....
နောက်အပိုင်းတွေ up တာနောက်ကျမှာမို့ မြန်မြန် up ပေးတာ....

မင်းသား​လေးရဲ့ ဖူးစာရှင်​...💗💗 (Completed) # Z & UWhere stories live. Discover now