လျှောက်လာရာ ကျောင်းကော်ရစ်တာလမ်းတစ်လျှောက် သူတို့နောက်မှခပ်တိုးတိုးပြောသံကို သူတို့အားလုံးကြားကြရသည်။

"အာ့''

သိပ်မကြာမီပဲ ဝေလင်းဟန်ထံမှအော်သံသည် သူ့ကျောနောက်သို့လာရောက်ထိသည့် မိန်းကလေးတစ်ယောက်ကြောင့် ထွက်ပေါ်လာလေသည်။

"ဟို...ဟို...အကိုဝေလင်းဟန်..ဒါလေး..''

ကောင်မလေးသည် ဝေလင်းဟန်လက်ထဲ စာအိတ်လေးကိုအတင်းထည့်ကာ သူ့သူငယ်ချင်းအုပ်စုနှင့်ဝရုန်းသုန်းကားထွက်ပြေးလေသည်။

"ဝိုး..ဝေလင်းဟန်.. ဒီကောင်တော့ မိုက်ကွာ..ငါတောင်အားကျလာပြီ''

"အားကျမနေနဲ့.. သေမယ်''

နားရွက်တစ်ဖက်ကိုလိမ်ဆွဲခံရင်း စိုပြေသည်
အိန္ဒြာလင်းလင်းနောက်ကိုပါသွားလေသည်။

ဝေလင်းဟန်ကတော့ သူ့ကိုကြည့်နေသည့်ကောင်းနိုးရာကို ပခုံးတွန့်ပြရင်း စာကို သူ့ဆီသို့ကမ်းပေးလာကာ

"မင်းဖတ်လိုက်''

"ငါက ဘာလို့ဖတ်ရမှာလဲ''

"ဖတ်ဆိုဖတ်လိုက်ပေါ့..အဲ့ဒါပြီး ငါ့ကိုပြန်ပြောပြ''

"မင်းကိုပေးတာလေ''

"မရှည်နဲ့ကွာ''

ဝေလင်းဟန်ရဲ့လက်တစ်ဖက်က သူ့ပခုံးကိုလှမ်းဖက်ကာ ဝေလင်းဟန်သွားရာနောက် ကောင်းနိုးရာက စာအိတ်လေးကိုကိုင်ရင်း အတန်းထဲဝင်လာခဲ့သည်။

အတန်းထဲဝင်တော့ ကောင်းနိုးရာတို့အားလုံးကိုယ့်ခုံကို ကိုယ်ထိုင်ကြသည်။ ကောင်းနိုးရာရဲ့ခုံက ပြတင်းပေါက်ဘေးဖြစ်ကာ ဝေလင်းဟန်ရဲ့ခုံက ကောင်းနိုးရာရဲ့နောက်မှာပဲဖြစ်သည်။ အိန္ဒြာလင်းလင်းက ကောင်းနိုးရာရဲ့ဘေးခုံမှာဖြစ်ကာ စိုပြေနှင့်ရှေ့ဆင့်နောက်ဆင့်ထိုင်ရသည်။

"ဒီနေ့ အစားထိုးသင်မဲ့ Eng ဆရာလာပြီတဲ့''

"အရမ်းချောတာပဲ..ငါတွေ့လိုက်တယ်သိလား''

အခန်းထဲက မိန်းကလေးတွေအသံက ကျွတ်ကျွတ်ညံနေသည်။ ကျောင်းဖွင့်ကတည်းက အခုအချိန်ထိ Eng ဆရာ မဝင်ခဲ့သည်မှာတစ်ပတ်ကျော်မျှရှိပြီဖြစ်သည်။

My Teacher is My Husband (Completed)Where stories live. Discover now