P~2 (U)

3.1K 185 2
                                    

ี"စားမယ်...စားမယ်''

"ဖြေးဖြေးစား... နင့်အဖေလိုက်မလာဘူး''

"အင်းပါ ဟန်နီရယ်...''

"သေလိုက်.. ဟန်နီ''

"ကဲ တော်ပါတော့ဟာ မင်းတို့နှစ်ယောက်ကလည်း၊ တွေ့လိုက်ရင် အချစ်စမ်းမယ်ဆိုတာချည်းပဲ''

"ရာနော် အဲ့လိုမပြောနဲ့၊ မကြိုက်ဘူး''

"ကဲ စကားမများကြနဲ့တော့၊ အသားတွေကျက်နေပြီ၊ မြန်မြန်ယူ''

ဝေဟင်းဟန်က အမဲသားကျက်တာတချို့ကို
ကောင်းနိုးရာ ပန်းကန်ထဲသို့ထည့်ပေးသည်။

ကောင်းနိုးရာတို့အဖွဲ့ ဒီနေ့ကျောင်းကပြန်တော့
အသားကင်သွားစားကြတာဖြစ်သည်။ စိုပြေတို့သမီးရည်းစားနှစ်ယောက်ကတော့ အမြဲလိုပဲ ရန်တကျက်ကျက်သတ်လျက်။

"ရတယ် ငါ့ဘာသာယူစားမယ်''

အိန္ဒြာလင်း က သူတို့နှစ်ယောက်ကိုကြည့်ကာ
ရုပ်ကဆူပုတ်နေသည်။ ဒါကိုသတိထားမိတဲ့တဲ့ကောင်းနိုးရာ က စိုပြေကိုလှမ်းကြည့်တော့ သကောင့်သားက အစားငမ်းနေသည်။

"အ..''

စိုပြေ တစ်ယောက် နာကျင်သွားတဲ့ခြေထောက်ကိုလှမ်းပွ
ွတ်ကာရာ့ကိုလှမ်းကြည့်သည်။

"ရေခဲမုန့် သွားယူမယ်''

အိန္ဒြာလင်း ဆောင့်ကြီးအောင့်ကြီးထသွားမှ
စိုပြေတစ်ယောက် အထာပေါက်သည်။

"မင်းကလည်း ရည်းစားသာထားတာ
ဘာမှအထာမပေါက်ဘူးနော်''

"နေစမ်းပါဦး...ရည်းစားထားတာငါလေ...
သူများအတွဲရှေ့မှာ ရိုနေကြတာ ဘယ်သူတွေလဲ''

"ဘာ...ဘာပြောတယ်.. ဘယ်သူက ရိုလို့လဲ..ခွေးကောင်''

ရာဆဲတော့ စိုပြေက မျက်နှာပြောင်စပ်စပ်နှင့်ဖြစ်ကာ
ဝေလင်းဟန်က တခွီးခွီးရယ်လေသည်။

"မရယ်နဲ့...မင်းလည်းအနေအထိုင်ဆင်ခြင်..
သူများတွေ ငါတို့ကိုတမျိုးထင်ကုန်မယ်''

ကောင်းနိုးရာတစ်ယောက် ဝေလင်းဟန်ကိုကြည့်ကာ
အတည်ပြောလိုက်သည်။ ဝေလင်းဟန်က သူ့ကိုဂရုစိုက်တာသိပေမဲ့ စိတ်ထဲနေရခက်သည်။ ဝေလင်းဟန်ကတော့ သူပြောတာကိုမကြားချင်ယောင်ဆောင်ကာ အသားကင်တချို့ကိုယူစားနေလေသည်။

My Teacher is My Husband (Completed)Where stories live. Discover now