P~26 (U)

2.9K 152 13
                                    

မျက်လုံးတွေမှိတ်ထားရင်း တစ်ကိုယ်လုံးနဲ့ထိကပ်နေသည့်
ခပ်နွေးနွေးအထိအတွေ့ကြောင့် မျက်ခုံးတွေကျုံ့မိကာ
ဇဝေဇဝါဖြစ်သွားရ၏။

ထို့နောက် မျက်ခွံတွေကိုတဖြည်းဖြည်းဖွင့်ဟကြည့်မိကာ...

"ခင်ဗျား!''

မျက်စိရှေ့မှာ အပြုံးတစ်ပွင့်နဲ့ဆီးကြိုနေသည့်သူ။

ခေါင်းအုံးပေါ် တံတောင်တစ်ဖက်ထောက်ကာ
ခေါင်းမှီထားရင်း ရာ့ကိုငုံ့ကြည့်နေတာဖြစ်၏။

ဘယ်အချိန်ကတည်းက ကြည့်နေသည်မသိ။

ရင်ထဲဒိတ်ကနဲဖြစ်သွားရသလို သူ့ကိုမြင်မှ
ညကကိစ္စတွေကိုတရေးရေးပြန်မြင်ယောင်လာရကာ
သူ့ရင်ခွင်ထဲကနေ ဖြုန်းကနဲထပစ်လိုက်သည်။

"ချာတိတ် !''

ရာထသွားတာကို အံ့အားသင့်နေသလိုခဏလိုက်ကြည့်နေပြီးမှ အိပ်ယာထဲကနေ ရာ့လက်ကောက်ဝတ်တစ်ဖက်ကို
လှမ်းဆွဲသည်။

ရာက သူ့လက်ထဲကနေ လက်ပြန်ရုန်းပစ်လိုက်တော့
လွယ်လွယ်ကူကူပဲလွတ်ထွက်သွားကာ..

"ကျွန်တော့်အခန်းထဲက ခုချက်ချင်းထွက်သွား!''

ပြောပြီး လှည့်ကြည့်မနေတော့ဘဲ ရေချိုးခန်းထဲဝင်ကာ
တံခါးကိုသေချာပိတ်ပစ်လိုက်သည်။

မိုးရွာထားသည်ကြောင့် ရာသီဥတုကခပ်အေးအေးမို့
ရေပူတချို့စပ်ကာ ရေချိုးပစ်လိုက်တော့ တစ်ကိုယ်လုံး
လန်းဆန်းသွားရ၏။

ရေချိုးနေရင်းသား ညကအဖြစ်အပျက်တွေကိုစဉ်းစားမိတော့
စိတ်ထဲ ရှက်စိတ်နဲ့ ဒေါသကတနုံ့နုံ့။

အပြင်ရောက်တော့ အိပ်ယာပေါ်ကဆတ်ကနဲထလာပြီး
ကပိုကရိုဖြစ်နေသည့်ဆံပင်အုပ်နဲ့ အနားကိုရောက်လာသည်။

"မနက်စာဘာစားချင်လဲ ချာတိတ်၊ ခံတွင်းတောင်းတာ
တစ်ခုခုမရှိဘူးလား''

ခပ်တည်တည်ပဲမေးလာသည်ကြောင့် ရာစိတ်တိုမိသည်။
ဒီလူ ဘယ်လိုလူလဲ။

ရာက ဘာမှပြန်မပြောဘဲ wardrobeဆီကိုလျှောက်သွား
တော့လည်း အနားမှာ တောက်လျှောက်လိုက်လာ၏။

My Teacher is My Husband (Completed)Where stories live. Discover now