P~22 (U)

2.4K 135 5
                                    

မနေ့က ဒီနှစ်ဝက်ရဲ့အမှတ်စာရင်းတွေကို အတန်းပိုင်က
ကြေညာခဲ့သည်။  အထက်တန်းနောက်ဆုံးနှစ်တွေထဲမှာ ကောင်းနိုးရာက အမှတ်အများဆုံးဖြစ်သည်။

"ဆရာခွန်သာမိုးဇက်ရော မင်း အမှတ်အများဆုံးရမှန်းသိပြီးပြီလား၊ အတန်းပိုင်ကိုလည်း ရီပို့ကဒ်မအပ်ရသေးဘူးမလား''

"အင်း၊ မအပ်ရသေးဘူး၊ မနေ့က သူနဲ့အိမ်မှာမတွေ့လို့''

"မင်းနဲ့ရောအဆင်ပြေရဲ့လား၊ ဟိုတစ်ပတ်ကျောင်းပိတ်ရက်ကတော့ ငါ့အဖွားအိမ်ဘက်သွားတုန်းက လမ်းမှာ ဆရာခွန်သာမိုးဇက်နဲ့အမျိုးသမီးတစ်ယောက်ကို ကော်ဖီဆိုင်မှာတွေ့လိုက်သေးတယ်၊ စောနက ငါလည်းနှုတ်ဆက်မလို့ပဲ၊ နောက်တော့ မနှုတ်ဆက်ဖြစ်လိုက်ဘူး၊ တစ်မျိုးလည်းတွေးမနေနဲဦး၊ ငါက ငါတွေ့ခဲ့တာ ဒီတိုင်းပြောပြတာ''

ဒီတိုင်းပေမဲ့ တမင်ပြောတာဖြစ်သည်။ ဇာတ်ကားထဲကလို မင်းသမီးက မင်းသားကိုတခြားတစ်ယောက်နဲ့တွေ့ရင် သဝန်တိုတာတွေဘာတွေဖြစ်မလားဆိုပြီး စမ်းကြည့်ခြင်း။ လုပ်ကြံပြောတာမျိုးတစ်ခုမှမပါဘဲ မြင်ခဲ့တဲ့အတိုင်း အမှန်ပြောတာဖြစ်သည်။ အမြင်ကတ်သလို၊ ကြည့်မရသလိုနဲ့ ရာတစ်ယောက် ဆရာခွန်သာမိုးဇက်ကို ပစ်ပစ်ခါကြွေသွားတာမျိုးမြင်ချင်မိသည်။ ဒါကလည်း ရာ့အတွက် သူစဉ်းစားပေးခြင်းပါ။ ဖွားမရှိသည့်နောက်ပိုင်း မှီခိုအားထားရာအဖြစ် ဆရာခွန်သာမိုးဇက်လိုလူမျိုးကို ရာ့အနားမှာအမြဲရှိစေချင်မိသည်။ သို့ပေမဲ့ ဒီကောင်က ဆရာခွန်သညမိုးဇက်ကိုဆို တူးတူးခါးခါးဆက်ဆံတတ်သည်မို့။

"သူတို့က ဘယ်လိုမျိုးတောင်တွေ့နေရလို့ မင်းက ငါ့ကိုအဲ့တိုင်းပြောရတာလဲ၊ လူမြင်ကွင်းမှာ မင်းပြောရလောက်အောင်တစ်ခုခုလုပ်နေလို့လား''

အရှည်ကြီးမေးလာတာမို့ စိုပြေအံ့အားသင့်သွားရသည်။ သို့ပေမဲ့ ထိုအရိပ်အယောင်ကိုမပေါ်စေဘဲ တည်တည်ပဲနေလိုက်ကာ...

"ရိုးရိုးကော်ဖီသောက်ရုံလောက်ပါရှိမှာပေါ့၊ ဒါပေမဲ့ ရှေ့မှာထိုင်နေတဲ့အမကြီးကတော့ တော်တော်ချောတယ် ဟျောင့်''

My Teacher is My Husband (Completed)Where stories live. Discover now