P~23 (U)

2.4K 141 13
                                    

"ဆရာ အကိုလေးသတိရလာပြီ''

အခန်းထဲမှာရှိနေတုန်း မောင်ထူးကလာခေါ်သည်။ ခွန်သာ လက်ထဲကလက်တော့ပ်ကိုချပြီး လုပ်လက်စကိုရပ်ကာ ကောင်းနိုးရာအခန်းဆီသို့ အမြန်ဆုံးရောက်အောင်လှမ်းလာခဲ့လိုက်သည်။

"ချာတိတ်!''

အခန်းထဲကို ခွန်သာဝင်သွားချိန်မှာ ရာကခုတင်ပေါ်မှာထထိုင်နေပြီဖြစ်သည်။ ခေါင်းအုံးနှစ်လုံးဆင့်ကာ နောက်မှီထားသည့်ရာ့မျက်နှာလေးဟာ ဖျော့တော့နေသည်။ ခံစားချက်မဲ့နေသလိုမျိုး မျက်ဝန်းတွေဟာ တစ်နေရာတည်းကိုသာငေးစိုက်နေလျက်။

ရာ ဖြစ်နိုင်လျှင် ထိုအဖြစ်အပျက်တွေကိုအိပ်မက်ဆိုးအဖြစ်သာရှိစေချင်မိသည်။ သို့ပေမဲ့ထိုဟာသည်အိပ်မက်တစ်ခုမဟုတ်ဘဲ တကယ်ဖြစ်နေခဲ့သည်။ တရိပ်ရိပ်ပြန်ပေါ်လာတတ်သည့်အတွေ့အထိတိုင်းသည် မေ့ဖျောက်ပစ်ချင်လည်း ခုချိန်ထိမေ့ဖျောက်မရနိုင်ဘဲ ရွံ့ရှာစက်ဆုပ်ဖွယ်အတိဖြစ်ကာ။ အောက်ပိုင်းတစ်နေရာကနာကျင်မှုရိပ်တိတ်တိတ်က ရာ့ကိုအခုချိန်ထိ ခြောက်လှန့်ဆဲပဲဖြစ်သည်။

"ချာတိတ်''

"ထွက်သွား၊ ထွက်သွားပေးပါ၊ ခင်ဗျားမျက်နှာကိုမမြင်ချင်လို့၊ ကျေးဇူးပြုပြီးထွက်သွားပေးပါ''

မြင်ကွင်းထဲရောက်လာသည့်ထိုလူကို ရာမုန်းသည်။ ဤဆိုးရွားသည့်အဖြစ်အပျက်သည် ထိုလူကြောင့်ဖြစ်ပျက်ခဲ့ခြင်း။ အဲ့နေ့ကသာ ထိုလူကြောင့်ထွက်မပြေးခဲ့ရင် ရာဒီလိုအဖြစ်ဆိုးရမည်မဟုတ်။

မုန်းသည်။ ဦးခွန်သာမိုးဇက်ကိုသတ်ပစ်ချင်လောက်အောင်မုန်းသည်။ နောက်ပြီး ကိုယ်ဘာသာလည်း သတ်သေချင်ခဲ့မိသည်။

"အကိုလေးရေချိုးခန်းထဲဝင်သွားတာ အခုထိထွက်မလာသေးဘူး ဆရာ''

အခန်းထဲမှာ ခွန်သာကိုမြင်မနေချင်ပါဘူးဆိုပြီး ခါးခါးတူးတူးပြောထားသည်မို့ ခွန်သာ အပေါ်ထပ်နဲ့အောက်ထပ်ကို တလှည့်စီခြေများနေခဲ့ရသည်။ ဖြစ်ပျက်ခဲ့သည့်ညပြီးသည့် နောက်နှစ်ရက်ကြာမှ ရာသတိပြန်ရလာခဲ့သည်။ ထိုနေ့ညက နဖူးထောင့်ကဒဏ်ရာကြောင့်သွေးထွက်များပြီး ခေါင်းနည်းနည်းမူးသွားပေမဲ့ ခဏနေပြီး စိတ်မချနိုင်တာကြောင့် အောက်ထပ်ကိုဆင်းလိုက်တာဖြစ်သည်။ အောက်ထပ်ကိုရောက်တော့ တိုက်ထဲကို အလောတကြီးဝင်လာသည့်မောင်ထူးနဲ့ဆုံသည်။ ရာ ခြံဝန်းထဲကပြေးထွက်သွားကြောင်းပြောတဲ့နောက် ခွန်သာက ခြံပြင်ထွက်ကာ ချက်ချင်းနောက်ကလိုက်သည်။ မောင်ထူးကိုတော့ နောက်ကနေကားနဲ့လိုက်လာခိုင်းခဲ့ခြင်း။

My Teacher is My Husband (Completed)Where stories live. Discover now