P~30 (U)

2.7K 104 1
                                    

"ကလေးတွေက အူယားစရာလေးတွေ ငယ်ရယ်၊ မတီဖြင့်ချီတောင်မချီရဲဘူး၊ ငယ်ကော နေရထိုင်ရတာ အရမ်းခက်ခဲနေလား၊ အဆင်မပြေတာ ခိုင်းချင်တာရှိရင် မတီတို့ပြောနော်...အားမနာနဲ့''

"ဟုတ်ကဲ့ မတီ''

သူ့အမအငယ်ဆုံးဖြစ်သည့်မတီက အနားမှာ လိုလေသေးမရှိအောင်လုပ်ပေးသည်။ ရက်ချိန်းအတိုင်းဆေးရုံတက်ခဲ့ပြီး ခွဲခန်းကထွက်လာပြီးနောက် ကျန်နေခဲ့သည့်နာကျင်ခံစားမှုက ကလေးသေးသေးလေးတွေကိုကြည့်ပြီး အနာတဝက်သက်သာရ၏။ သို့ပေမဲ့ သူ့မျက်နှာကိုတော့ တကယ်မတွေ့ချင်ပါလေ။

"ကလေးတွေက စိတ်ချရပြီတဲ့လား ခွန်သာ၊ နောက်ထပ် ဘာတွေလုပ်စရာရှိသေးလဲ''

" ခွဲထားတဲ့နေရာက အခြေအနေကောင်းရင် မိခင်ရော ကလေးရော ဆေးရုံဆင်းလို့ရပြီတဲ့၊ တစ်ပတ်လောက်တော့နေရမယ်လို့ပြောတယ်''

အပြင်ကနေ စားစရာတွေဝယ်လာပုံရသည်။ ထည့်ယူလာတာတွေကို တင်စရာထားသည့်စားပွဲပေါ်တင်ရင်း သူ့အမကိုလှည့်ပြော၏။ မတီက ရာ့ကိုပဲကြည့်နေကာ

"အေးပါ...ဘယ်လောက်ကြာကြာ...မတီတို့ကဘေးနားက အမြဲရှိနေပေးမှာနော် ငယ်၊ ဆေးရုံဆိုပေမဲ့ ဒီဆေးရုံကအကုန်စိတ်တိုင်းကျဖြစ်အောင်လုပ်ပေးတယ်လို့်် မတီသတင်းကြားထားတယ်၊ မတီသူငယ်ချင်းကလေးမွေးတော့ ဒီမှာတက်ဖူးတယ်လေ၊ မွေးပြီးဖွားပြီးရင် မိဘနဲ့ကလေးအတွက်လည်းကျန်းမာရေးစိတ်ချရတယ်တဲ့၊ ဘာမှမစိုးရိမ်နဲ့နော်''

ရာ ခေါင်းညိတ်ရင်းသာ ပြုံးပြမိသည်။ မတီက ရာ့နားက ထွက်သွားပြီး ကလေးတွေထည့်ထားသည့်လွှဲပုခက်နားကိုကပ်သွားသည်။ သားတွေတအိအိနဲ့နိုးနေကြပြီး လက်လေးတွေခြေလေးတွေလှုပ်လာတာကို ရာလှမ်းမြင်နေရ၏။

"ခေါ်လာခဲ့ရမလား ငယ်''

"ဟုတ်ကဲ့ မတီ''

မတီက အငယ်လေးကိုချီလာပြီး ရာ့ရင်ခွင်ထဲထည့်ပေးသည်။ အကြီးလေးကို သူကချီပေးလာပြီး

"ဒါက အကြီးကောင်''

ရာ့မျက်နှာကိုကြည့်ပြီး ပြောတာကို မကြားချင်ယောင်ပဲဆောင်ထားလိုက်သည်။ ရာ သူနဲ့မျက်ဝန်းချင်ပင်မဆုံမိ။

My Teacher is My Husband (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα