P~ 29 (Z)

2.3K 286 54
                                    

"အင်း မနက်ဖြန်လာခဲ့မယ်လေ၊ ကိုကိုကြီးတို့လည်း လှမ်းပြောတယ်၊ ကျွန်တော်လည်း အားနာလိုက်တာဗျ၊ ဒီတလောအတွင်း အိမ်မှာအရေးကြီးကိစ္စတချို့ရှိနေလို့''

".....''

"အိုကေ၊ မနက်ဖြန် ရောက်အောင်လာခဲ့မယ်၊ ကျေးဇူးပါ ''

အားရတက်ကြွပြောနေသည့်သူ့အသံကို နားထဲမှာ ဒီတိုင်း
ကြားနေရသည်။ ဝရန်တာဘက်ထွက်ပြောနေပေမဲ့ နံရံချင်းဆက်နေသည့်ပြတင်းတံခါးကိုဖွင့်ထားတော့ တိတ်ဆိတ်သည့်ညအချိန်ကြောင့် အသံကတမင်အကျယ်ကြီးမပြောလည်း ဒီတိုင်းကြားနေရတာဖြစ်လိမ့်မည်။

ရာ အိပ်ယာထဲကနေမျက်ဝန်းတွေကိုဖွင့်ကြည့်မိသည်။ ပြတင်းပေါက်ဘက်ကိုကျောပေးထားသည်ဖြစ်ကာ ရာက တစောင်းအိပ်နေတာမို့ သူ့အသံကိုပဲကြားရကာ လူကိုတော့မမြင်ရ။ ခဏနေတော့ အခန်းထဲကို ခပ်ဖွဖွခြေနင်းလာသံကိုသတိထားမိသည်။ ထို့နောက် အလယ်စားပွဲမှာ အသာထိုင်သွားသည်ကို စိတ်ထဲအလိုလိုသိနေမိလျက်။

ရာနဲ့သူ စကားမပြောတာတော်တော်ကြာပါပြီ။ လတောင်ချီရော့ပေါ့။ နှစ်ကုန်စာမေးပွဲဖြေခါနီးကဖြစ်ခဲ့တဲ့ကိစ္စနောက်ပိုင်း တဖြည်းဖြည်းစကားပြောတာနည်းလာပြီး ခုဆိုဘာမှပင် မပြောဖြစ်တော့။ အရင်လို ဘေးနားမှာအရိပ်တကြည့်ကြည့်
ရှိနေတတ်ပေမဲ့ စိတ်လိုလက်ရလာရောက်ထိကိုင်တာမျိုးတွေလုံးဝမရှိတော့ပါ။

မနီးမဝေးမှာနေပြီး ရာလုပ်ကိုင်တာတွေအဆင်ပြေ၊ မပြေကိုလိုက်ကြည့်သည်။ အဆင်ပြေမှန်းသိရင် ဘာမှလုပ်မပေးတော့။ အရင်ကတည်းက ရာကအမြဲငြင်းဆန်နေတတ်လို့ မလုပ်ပေးတော့တာလည်းပါလိမ့်မည်။

သို့ပေမဲ့ ရာ ခုတလောသိပ်အဆင်မပြေချင်တော့။ ကိုယ်ဝန်လရင့်လာလို့လည်းဖြစ်နိုင်သည်။ အထက်တန်းစာသင်နှစ်ပြီးသွားပြီမို့ ကျောင်းကသွားစရာမလိုတော့ပါ။ စိုပြေကတော့ ရာ့မှာကိုယ်ဝန်ရှိနေမှန်းမသိလိုက်။ ထိုအချိန်တုန်းကလည်း လူကောင်းပကတိလိုပဲသွားလာလှုပ်ရှားနိုင်ခဲ့တာလည်းပါသည်။ ခုတော့ စိုပြေက သူ့အဖွားအိမ်မှာ အဖော်သွားနေပေးတာမို့ သူ့ဆီမလာဖြစ်ပေ။ ဝေလင်းဟန်ကတော့ သင်တန်းတွေဆက်တက်နေသည်မို့ မလာဖြစ်ဟုဆိုသည်။

My Teacher is My Husband (Completed)Kde žijí příběhy. Začni objevovat