P~15 (Z)

1.5K 233 12
                                    

"ကောင်းနိုးရာ!''

တံခါးလော့ခ်ချမထားတတ်မှန်းသိသည်မို့ အသံပြုရင်းတွန်းဖွင့်ပစ်လိုက်တော့ လှည့်ကြည့်လာသည်။ ပြတင်းပေါက်ဘေးကStudy deskမှာထိုင်နေသည်ဖြစ်ကာ သူ့ကိုမြင်တော့ ရှေ့ပြန်လှည့်သွား၏။

ခွန်သာ အခန်းထဲဝင်လျှောက်လာကာ လက်ကအိတ်ကို
အလယ်စားပွဲပေါ်တင်ပြီး Study deskနားလျှောက်သွားလိုက်သည်။

"ကျောင်းစာတွေကူးနေတာလား''

"မြင်တဲ့အတိုင်းပဲ''

"ကျစ်!''

နေကောင်းတာနဲ့ အသံကစွာစိတက်နေသည်။ အကောင်းမေးလည်း ယဉ်ယဉ်ကျေးကျေးပြန်ဖြေရမှန်းမသိ။ ဒီကောင်လေး တနေ့တခြားပိုပိုရိုင်းလာသည်၊၊

"ဘယ်လိုနေသေးလဲ''

နလန်ထခါစကို စကားမများချင်တာမို့ ခွန်သာစိတ်လျှော့ပြီး ထပ်မေးလိုက်သည်။ ရာကရှေ့ကကွန်ပြူတာစခရင်ကိုကြည့်လိုက် စာအုပ်ပေါ်ကဖောင်တိန်ကိုအရေးမပျက်ပဲရှိကာ ခွန်သာပြောတာကိုမကြားချင်ဟန်ဆောင်သည်။

ခွန်သာက သူ့ကိုမဖတ်မလုပ်သည့်သူ့ကိုကြည့်ရင်း ကိုယ်ပေါ်ကကုတ်အင်္ကျီကိုချွတ်သည်။ သူ ခုမှကျောင်းကပြန်ရောက်သည်ဖြစ်ကာ အပေါ်ရောက်တာနဲ့ ကောင်းနိုးရာအခန်းထဲဝင်လာတာဖြစ်သည်။ ကောင်းနိုးရာကို မနေ့ကဖျား၍ ဒီနေ့ကျောင်းမသွားခိုင်းဘဲခွင့်ယူခိုင်းလိုက်ခြင်း။ ဒီတလအတွင်းကျောင်းပျက်ရက်တွေတော်တော်များနေပေမဲ့ အတန်းပိုင်က သူ့မျက်နှာနဲ့ ဘာမှတော့မပြောပါ။ သူကလည်း မဖြစ်သာလို့သာပျက်ရကြောင်းပြောပြထားပြီးသားဖြစ်သည်။

"ဒီနေ့ ငါအိမ်စာပေးထားသေးတယ်၊ မင်းသူငယ်ချင်းပေးတဲ့ထဲမှာပါမပါသေချာကြည့်ဦး''

ရာ ကွန်ပြူတာကနေအကြည့်လွှဲပြီး ရှေ့နားမှာမတ်တပ်ရပ်နေသည့်လူကို ဖျတ်ခနဲမော့ကြည့်မိသည်။

ခွန်သာက ခေါင်းငုံ့ပြီး ရှပ်အင်္ကျီလက်ဖျားတွေကိုခေါက်နေသည်ဖြစ်ကာ...

"ကျောင်းအုပ်ကြီးကပြောလိုက်တယ်...''

သူ့မျက်နှာမော့လာတာနဲ့ ရာက ရှေ့ကိုဖျတ်ခနဲပြန်လှည့်
ပစ်သည်။

My Teacher is My Husband (Completed)Where stories live. Discover now