P~18 (U)

2.3K 140 4
                                    

ခွန်သာ ရုံးခန်းပြတင်းပေါက်ကနေ အောက်မှာမြင်နေရသည့်ကျောင်းအားကစားကွင်းကိုလှမ်းကြည့်နေမိသည်။ ကျောင်းဆင်းချိန်နီးပြီဖြစ်ကာ ကစားကွင်းကျယ်ကြီးထဲမှာ ကာယချိန်မို့ ဘောလုံးကန်တဲ့ကျောင်းသားတွေလည်းရှိသလို ကြက်တောင်ရိုက်နေတဲ့ကျောင်းသူတွေလည်းရှိသည်။ တချို့က ဘော်လီဘောပုတ်လို့။

ထိုထဲမှာမှ ဘောလုံးကစားနေသည့်ကျောင်းသားတွေထဲက ဟိုဘက်ဒီဘက်ပြေးလွှားရင်း ဘောလုံးဆော့ကစားနေသည့်ကောင်လေးကို သူ မမှိတ်မသုန်လိုက်ကြည့်နေမိသည်။

ကောင်လေးနှင့်သူ စကားမပြောဖြစ်သည်မှာတစ်ပတ်ကျော်မျှကြာလေပြီ။ အိမ်ပြန်သွားပြီးနောက်ပိုင်း ကောင်လေးက သူ့အိမ်ကကားနဲ့ပဲ ကျောင်းအသွားအပြန်လုပ်သည်။ အတန်းထဲမှာတွေ့လည်း တစ်စက်ကလေးမျှမျက်နှာချင်းမဆိုင်။ မျက်ဝန်းလေးတစ်ချက်ပေးဆုံဖို့ကို ကောင်လေးကတွန့်တိုသည်။ အိမ်စာတွေလည်းမှန်မှန်လုပ်သလို နေ့စဉ်ဘဝကိုပုံမှန်ကျောင်းသားတွေလိုပဲ ဖြတ်သန်းနေသည်က သက်တောင့်သက်သာပဲဖြစ်၏။

ခွန်သာဘက်ကတော့ ထိုသို့မဟုတ်။ ထိုကောင်လေး နေ့စဉ်ထမင်းစားမှန်လား စိုးရိမ်ရသည်။ နေ့စဉ်ကျောင်းသွားကျောင်းပြန်အချိန်တွေကို ထိုအိမ်ကအိမ်အကူတွေဆီနေ့စဉ်သတင်းပို့ခိုင်းထားရ၏။ တနေ့တာအတွင်း ဘာလုပ်သည်၊ ဘာကိုင်သည်ကအစ သိချင်သည်။

ဖြစ်နိုင်လျှင် ထိုကောင်လေးကို သူ့မျက်စိအောက်မှာပဲ အမြဲထားချင်မိသည်။ သို့သော် အခြေအနေကမပေးသလို သူနဲ့ကောင်းနိုးရာကြား တနေ့တနေ့ကတောက်ကဆများပြီး ပြဿနာပဲပိုဖြစ်နေရသည်မို့။

သို့ပေမဲ့ ခွန်သာ အလျှော့မပေးသေးပါ။ ဘာအကြောင်းအရင်းမှန်းမသိသေးဘဲ သူ့ကိုစိတ်တိုစိတ်ကောက်နေသည့်ကိစ္စကိုဖြေရှင်းရန်လိုသေးသည်။ နဂိုကတည်းက သူ့ကိုမကြည်မှန်းသိပေမဲ့ အိမ်သို့ချက်ချင်းပြန်နေရသည့်အကြောင်းရင်းကိုသိချင်မိသည်။

ထိုကောင်လေးကိုမြင်စကတည်းက သူသဘောကျခဲ့သည်။ ယောကျာၤးလေးပုံစံနှင့်နေသည့်မိန်းကလေးဟုသိစကတည်းက သူ့နှလုံးသားက အလိုလိုလက်ခံခဲ့သည်။ ကားပါကင်နား ကျကျန်နေခဲ့သည့်သူ့ပိုက်ဆံအိတ်ကိုလာပေးစဉ်က မျက်နှာထားတည်တည်လေးကို သူအခုထိမှတ်မိဆဲ။ ထိုတစ်ယောက်နဲ့ပဲလက်တွဲမည်ဟုသေချာသည်မို့ စည်းကျော်သည့်အပြုအမူတစ်ချို့လွန်ကျူးခဲ့မိပေမဲ့ ဒါက သူတကယ်သဘောကျနှစ်သက်မိလို့ဖြစ်သည်။

My Teacher is My Husband (Completed)Where stories live. Discover now