P~25 (U)

2.8K 158 8
                                    

"ကိုယ်တောင်းပန်ပါတယ်''

ရင်ခွင်ထဲကိုအသာရောက်လာပြီးမှ ပြန်ထွက်သွားတော့မဲ့လူကို ခပ်တင်းတင်းဆွဲဖက်ထားရင်း လက်ထဲကကွာရှင်းစာချုပ်ကို ဖျစ်ညှစ်လုံးချေပစ်မိသည်။

"ဖယ်''

တိုးလျလျအသံလေးထွက်လာပြီးသည့်နောက် ရင်ခွင်ထဲကနေအသာထပ်ရုန်းလာ၏။ ခွန်သာ မချင့်မရဲနဲ့လွှတ်ပေးလိုက်ရကာ..

"ကိုယ် မင်းကို အသက်လောက်ချစ်တာ ချာတိတ်၊ ကိုယ် ဘယ်လိုမှကွာရှင်းမပေးနိုင်ဘူး''

ကိုယ်ကခွာပြီး ပုခုံးလက်နှစ်ဖက်ကို အသာဆုပ်ကိုင်ရင်း
ပြောတော့ ကောင်လေးပါးပြင်လေးတွေဟာ ရဲခနဲ။

မျက်တောင်ဖျားလေးတွေက စိုစိုစွတ်စွတ်မျက်ရည်တွေကြောင့်စုကပ်နေ၏။

နှာဖျားလေးလည်းရဲနေပြီး နှုတ်ခမ်းလေးတွေကိုခပ်တင်းတင်းစေ့ကာ ကြမ်းပြင်ကိုသာဘေးတစောင်းကြည့်နေ၍ သူနဲ့မျက်ဝန်းချင်းပင်မဆုံ။ ထို့နောက် ပခုံးပေါ်ကသူ့လက်တွေကိုဖယ်ချပစ်ပြီးမှ နှုတ်ခမ်းလေးတွေ လှုပ်ရွလာကာ..

"ဘာလို့လဲ၊ ဆယ့်ရှစ်နှစ်မပြည့်ဘဲ အမွေတွေသိမ်းယူသွားပါတယ်ဆိုတဲ့ နာမည်ဆိုးထွက်မှာစိုးလို့လား''

သူ့စေတနာတွေကိုသိနေလည်း ရာ ခနဲ့မိ၏။ သူ အလွယ်တကူနဲ့လက်မှတ်ထိုးပေးမှာမဟုတ်မှန်း ရာသိပါသည်။ သို့ပေမဲ့ ရာ သူနဲ့အတူနေဖို့ ဘယ်လိုမှလိပ်ပြာမလုံတော့။

"ပြောထွက်လိုက်တာ ချာတိတ်ရယ်၊ ကိုယ့်ကို ခုချိန်ထိ ဖွားရဲ့အမွေတွေကိုမက်နေတယ်လို့ထင်နေတာလား၊ ကိုယ်လိုချင်တာက မင်းနဲ့ပျော်ရွှင်တဲ့မိသားစုဘဝကိုပဲလိုချင်တာပါ''

"အမှန်ဆိုရင်တော့ ဝမ်းသာစရာပဲ''

မျက်ရည်ကြည်တွေရစ်ဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ ရာက နှာတစ်ချက်ရှုံ့ရင်းပြော၏။

ဟင်!

ကြားလိုက်ရသည်ကြောင့်
ခွန်သာအံ့သြသွားသလို ဝမ်းသာသွားရသည်။
ချာတိတ်က ဒါကိုအတည်ပြောလိုက်သည်လား။ သို့ပေမဲ့လည်း နှုတ်ခမ်းလေးတွန့်ပြီးပြောတာက တမင်ရွဲ့ပြောတာမျိုးလည်းဖြစ်နိုင်သည်။

My Teacher is My Husband (Completed)Where stories live. Discover now