P~31 (U)

3K 131 5
                                    

"အား! ငါ့တူလေးတွေ ချစ်ဖို့ကောင်းလိုက်တာ''

"Happy birthdayပါ အဏ္ဏဝါနဲ့ကေသရာရေ''

*အူး...မွ*

"တီတီ့ကိုမွမွပေး''

*အဲ အဲ..မွ*

အဒေါ်နှစ်ယောက်နဲ့သားတွေအသံတွေဟာ ခြံဝန်းထဲမှာပြည့်လျှံနေ၏။

အဒေါ်တွေလက်ထဲမှာ လက်ကလေးတွေဆုပ်ပြီး အဒေါ်တွေဝိုင်းမြှူတာကို မတ်တပ်ရပ်ကာ ခြေထောက်တွေတခုန်ခုန်နဲ့ သူ့သားတွေက မြူးနေလေရဲ့။

သားတွေရဲ့တအဲအဲအသံလေးတွေကတော့ သူ့နားထဲမှာ ဆည်းလည်းသံတွေအလား။

ချာတိတ်ကလည်း သူ့ကလေးတွေကိုကြည့်ပြီး
သဘောတကျလိုက်ရယ်သည်။

ဘာလိုလိုနဲ့သုံးလဆိုတဲ့အချိန်ကာလလေးက ခဏလေးပဲဖြစ်သည်။ ချာတိတ်က တက္ကသိုလ်ပထမနှစ်စတက်နေပြီဖြစ်ကာ သူလေ့လာချင်သည့်နိုင်ငံရေးသိပ္ပံဘာသာကိုယူသည်။

ကျောင်းနဲ့အိမ်ကူးလူးရင်း သားငယ်တွေကိုလည်းအချိန်ပေးသည်။ ဒီလအတွင်း ခွန်သာတို့ကြား ဆက်ဆံရေးကတော့ ပုံမှန်အတိုင်းအေးစက်စက်ပဲဖြစ်၏။ ကျောင်းတစ်ဖက်နဲ့ဖြစ်သလို သူ့ကလေးတွေပဲဂရုစိုက်ပြုစုပေးနေလို့ အရင်လိုချစ်ကြောင်းမုန်းကြောင်းတွေလည်း မပြောဖြစ်ခဲ့ကြပါ။

"ချာတိတ်''

အစ်မတွေစကားဝိုင်းမှာ ပြုံးရင်းနားထောင်နေရာက သူ့ကိုလှည့်ကြည့်လာသည်။ မမထားနဲ့အမတွေကတော့ ကလေးတွေကိုပွေ့ချီထားရင်းသား စကားတွေပြောမပျက်။

ခွန်သာ ချာတိတ်နားတိုးကပ်သွားလိုက်ပြီး..

"ကိုယ်နဲ့ အထဲခဏလိုက်ခဲ့''

"ဘာပြောမလို့လဲ၊ မလိုက်ချင်ဘူး''

မျက်နှာပြန်လှည့်သွားပြီး မမထားတို့ပြောတာဆိုတာတွေကိုပဲဆက်နားထောင်သည်။

ခွန်သာ ဘေးနားမှာဝင်ထိုင်လိုက်ကာ သက်ပြင်းတစ်ချက်ချမိသည်။ ချာတိတ်ကတော့ သူ့ကိုတစ်စက်မျှဂရုမစိုက်။

ခဏနေတော့ ခြံထဲ စိုပြေနဲ့ဝေလင်းဟန်တို့ဝင်လာကြသည်။
မြင်လိုက်တာနဲ့ ရာက ထိုင်နေရာက ချက်ချင်းထပြီး ခြံဝထိသွားခေါ်သည်။ ခွန်သာက ထိုင်နေရာကနေပဲလိုက်ကြည့်နေလျက်။

My Teacher is My Husband (Completed)Where stories live. Discover now