P~21 (Z)

1.5K 219 25
                                    

"အသက် ပြီးပြီလား၊ ဘာလုပ်နေတာလဲ''

ရာ Wardrobeရှေ့မှာရပ်ပြီး ငိုင်နေတုန်း ခွန်သာ ရာ့အခန်းထဲဝင်လာသည်။ ရာက ခွန်သာဝင်လာတာတစ်ချက်လှည့်ကြည့်ပြီး ရှေ့ပြန်လှည့်သွားကာ wardrobeထဲက
အဝတ်အစားအချို့ကိုဆွဲလွဲယူပြီး အနားကမွေ့ယာပေါ်ချလိုက်သည်။ ပြီးတော့ ဗီရိုတံခါးကိုလှည့်ပိတ်၏။

ချိန်းထားတဲ့အချိန်ရောက်ခါနီးပြီမို့ ခွန်သာ ရာ့အခန်းထဲဝင်လာတာဖြစ်သည်။ မြင်လိုက်ရသည်တွေကြောင့် ခွန်သာ ရာ့အနားထိ စိုးရိမ်တကြီးလျှောက်သွားလျှင်..

"ဘာဝတ်ရမှန်းမသိဘူး''

မျက်ဝန်းချင်းမဆုံပဲ မွေ့ယာပေါ်ကအင်္ကျီတွေကိုကြည့်ရင်း ရာကပြောသည်။

ခွန်သာ သူ့မျက်စိရှေ့မှာရပ်ပြီးပြောလိုက်တဲ့ကောင်းနိုးရာ
စကားကြောင့် မျက်ခုံးတွေတွန့်သွားရသည်။ အခုသူ့ကို ဘာဝတ်ရမလဲဆိုပြီးတိုင်ပင်မေးမြန်းလိုက်တာလား။ ရှုံ့မဲ့မဲ့မျက်နှာလေးကြောင့် ဘာဝတ်ရမလဲဆိုတာ တကယ်စဉ်းစားရခက်နေပုံ။ 

အဖြူရောင်Over sizeတီရှပ်အပွနဲ့ ဒူးဆစ်နားလောက်ထိရှည်သည့်ဘောင်းဘီဂျင်းပြာရောင်လေးဝတ်ထားတာဖြစ်ကာ ညနေကျောင်းကရေချိုးပြီးဝတ်ထားပုံပင်။ နောက်ပိုင်း  ကောင်လေး ဘောင်းဘီတိုတွေဝတ်တာကိုတော့မတွေ့ရတော့။ သူအလုပ်တွေများနေလို့ အိမ်မကပ်နိုင်တာနဲ့ မမြင်မိတာလည်းဖြစ်လိမ့်မည်။

"မေးနေတာ ကြားလား၊ ဘာဝတ်ရမလဲလို့''

ရာ့ဆီက စိတ်မရှည်သည့်လေသံထွက်လာမှ ခွန်သာက မွေ့ယာပေါ်က အဝတ်တွေဆီအာရုံပို့သည်။ မွေ့ယာပေါ်မှာချထားတဲ့အင်္ကျီတွေကစုံသည်။ တီရှပ်ရောင်စုံလေးတွေရော၊ ရှပ်တွေရော၊ စတစ်ကော်လံလေးတွေနဲ့ရှပ်အင်္ကျီတွေလည်းပါသည်။

"ချာတိတ်ဘာဝတ်ချင်လဲ၊ ဝတ်ချင်တာဝတ်ခဲ့ပါ''

ခွန်သာပြောလိုက်တော့ ရာကဆတ်ကနဲမော့ကြည့်ပြီး ခွန်သာ့တစ်ကိုယ်လုံးကိုအထက်အောက်စုန်ဆန်ကြည့်သည်။

"ဟာ! ချာတိတ် ဘာကြည့်တာလဲကွ''

ဟန်သာက လန့်ဟန်ဆောင်ရင်း ရာ့နားက ကိုယ့်ကိုရို့ပြီးနောက်ဆုတ်သွားသည်။ ရာက ဆရာခွန်သာဘယ်လိုဝတ်ထားလဲဆိုတာလှည့်ကြည့်ခြင်း။ ခွန်သာက နက်ပြာရောင်လိုင်းဇင်းလေးတွေပါသည့်အဖြူရောင်တီရှပ်ကို တံတောင်ဆစ်နားလောက်ထိ အင်္ကျီလက်ဖျားတွေခေါက်ထားပြီး နက်ပြာရောင်pencil pantနှင့်တွဲဝတ်ထားတာဖြစ်ကာ ပေါ့ပါးပါးပါးပုံစံဖြစ်ကာ သေသေသပ်သပ်နှင့်ကြည့်ကောင်းနေသည်။

My Teacher is My Husband (Completed)Where stories live. Discover now