P~20 (U)

2.6K 137 4
                                    

မနက်စောစောအချိန်မှာ ရာနိုးလာခဲ့သည်။ မျက်လုံးတွေကိုဖြည်းညှင်းစွာဖွင့့်လိုက်ပြီးတဲ့နောက် ပုံမှန်မဟုတ်သည့်အခန်းအပြင်အဆင်တွေကြောင့် သတိမူပြီးသည်နှင့် ညကအဖြစ်အပျက်တွေက တရေးရေးပေါ်လာသည်။

"ဆရာခွန်သာမိုးဇက်''

အလန့်တကြား သူ့နာမည်ခေါ်ရင်း အိပ်ယာကနေဆတ်ကနဲထမိသည်။ တစ်ခန်းလုံးကိုလှည့်ပတ်ကြည့်ပေမဲ့ သူရှိမနေ။ ရာ အိပ်ယာပေါ်ကထပြီး ကိုယ့်အခန်းကိုပြန်လာခဲ့လိုက်သည်။

"ဘာလုပ်နေတာလဲ''

အဝတ်တွေထည့်နေတုန်းပဲ အနားရောက်လာပြန်သည်။ အခန်းတံခါးကို အမြဲပိတ်မထားသည့်ရာ့အမှားပါလေ။

ခွန်သာက အောက်ထပ်ကိုခဏဆင်းနေတုန်း အပေါ်ပြန်တက်လာတော့ ရာ အိပ်ယာထဲမှာမရှိတော့တာကြောင့် ဒီအခန်းဘက်ကူးလာခဲ့ခြင်းဖြစ်သည်။ ခွန်သာဝင်လာတော့ ရာက wardrobe ရှေ့မှာရပ်ပြီး အကျႌချိတ်တွေကနေအကျႌတွေဖြုတ်ကာ ခရီးဆောင်အိတ်ထဲထည့်နေ၏။ 

"ရာရာ''

"ခင်ဗျားနော်၊ ကျွန်တော့်ကိုအဲ့လိုမခေါ်နဲ့၊ မကြိုက်ဘူး၊ ခင်ဗျား ဂေးတိုင်း ကျွန်တော်မဂေးဘူး''

"မဟုတ်ရပါဘူးကွာ၊ ကိုယ်ဂေးတာ မင်းနဲ့မှပါ၊ ကိုယ်က ယောကျာၤးလေးတိုင်းကိုကြိုက်နေတာမှမဟုတ်တာ''

"မသိဘူး၊ ဘာမှလာမပြောနဲ့၊ ခင်ဗျားမျက်နှာကိုမမြင်ချင်ဘူး''

ရာ့အသံကခပ်ကျယ်ကျယ်ဆိုပေမဲ့ ဒေါသတွေကြောင့်အသံတွေတုန်ချင်နေသည်။ ခွန်သာ့မျက်နှာက ရာလုပ်ပုံကြောင့်စိတ်ညစ်နေဟန်ပေါက်ပေမဲ့ ညကသူ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်နေတာလည်းဖြစ်သည်။

"ကိုယ် ညကကိစ္စအတွက် တောင်းပန်ပါတယ်၊ တကယ်တောင်းပန်ပါတယ်၊ အိမ်ပေါ်ကနေတော့မဆင်းပါနဲ့ကွာ''

"...''

"မသွားပါနဲ့ ချာတိတ်ရယ်''

ခွန်သာက ရာ့ဘေးနားကနေတတွတ်တွတ်တောင်းပန်သည်။ ရာကဂရုမစိုက်။ မျက်နှာပင်တစ်ချက်မျှလှည့်မကြည့်ဘဲ ခရီးဆောင်အိတ်ကိုဇစ်ပိတ်သည်။ ပြီးတော့တစ်ခန်းလုံးက ရာ့အသုံးအဆောင်ပစ္စည်းတွေကိုလှည့်ပတ်သိမ်းသည်။

My Teacher is My Husband (Completed)Where stories live. Discover now