P~24 (U)

2.4K 147 6
                                    

နူးညံ့ခြင်းမမည်သည့်ပွေ့ဖက်ခြင်းတွေသည် တစ်ကိုယ်လုံးကိုရစ်သိုင်းနေ၏။

မော့ကြည့်မိသည့်အခိုက် ဝေဝါးနေသည့်အမြင်တွေထဲမြူခိုးတွေသာအပြည့်နေရာယူထားလျက်။

တစတစမြင့်တက်လာသည့် စိတ်အားထက်သန်မှုတွေဟာ လူတစ်ကိုယ်လုံးကိုတရိပ်ရိပ်လောင်မြှိုက်စေသည်။

"အင်း! ပူတယ်''

မခံစားနိုင်လွန်းစွာ တီးတိုးရေရွတ်မိရင်း ထိတွေ့နေသည့်ထိုအရာကိုတမ်းတမက်မောစွာဖက်တွယ်ထားမိသည်။

ထို့နောက် စိတ်သက်သာရာရစေရာ ရွေ့လျားနေသော ကြမ်းတမ်းမှုမမည်သည့်နွေးထွေးမှုတစ်ခု။

မျက်နှာပြင်အနှံ့ကနွေးထွေးသည့်အထိအတွေ့တွေဟာ တစ်ကိုယ်လုံးကအပူရိပ်တွေကိုသက်သာစေသလိုလိုနဲ့ ခန္ဓာကိုယ်ထဲကလိုချင်တောင့်တမှုတွေကိုပိုတိုးစေ၏။

"ဟင့်အင်း!...''

တရွေ့ရွေ့ပယ်ခွာသွားသည့်အထိအတွေ့နောက်ကိုတမ်းတမ်းတတလိုက်ဖက်တွယ်ထားရင်း အလုံးစုံပျော်ဝင်စေမိသလို။

စိုစိုစွတ်စွတ်အထိအတွေ့တို့နဲ့ ရှေ့ဆက်တိုးလာသည့်နူးညံ့မှုများသည် ညံ့သက်မလိုလိုနဲ့ တစတစကြမ်းတမ်းလာလျက်။

"အာ့! ...နာ..နာတယ်''

ကြောက်လန့်တကြားအားပြုဖယ်တွယ်မိရင်း အသက်ရှူသံခပ်ပြင်းပြင်းတွေသာ နားထဲမှာပဲ့တင်ထပ်နေခဲ့ကာ။

နာကျင်မှုတွေနဲ့အစားထိုးရင်း လောင်မြိုက်နေသည့်တစ်ကိုယ်လုံးသည် မောဟိုက်ပင်ပန်းကြီးစွာ လွတ်မြောက်လမ်းကိုရှာဖွေနေမိ၍

".....''

မျက်ဝန်းတွေကိုစုံမှိတ်ထားရင်း နားထဲမှာလျှပ်တိုက်ကပ်ပြောနေသည့်သူ့စကားသံတွေကို မောဟိုက်မှုတွေကြားက မကြားတချက်ကြားတချက်ဖြစ်ကာ။

"အကိုလေး! အကိုလေး! ''

ဟင်!

"အကိုလေး အိမ်ပြန်ရောက်ပါပြီ''

မျက်ဝန်းတွေကိုဖျတ်ခနဲဖွင့်ကြည့်လိုက်မှ လက်ရှိအခြေအနေကိုသတိမူမိသည်။ တဆက်တည်း ရိပ်ခနဲဖြစ်သွားသည့်ခေါင်းကို လက်နဲ့အသာဖိပစ်လိုက်တော့ မောင်ထူးက အနားကပ်လာ၏။

My Teacher is My Husband (Completed)Où les histoires vivent. Découvrez maintenant