P~7 (U)

2.1K 137 4
                                    

ကောင်းနိုးရာရဲ့အိမ်ကပြန်လာပြီးသည်နောက် တစ်စုံတစ်ရာက ခွန်သာရဲ့အတွေးထဲစိုးမိုးနေ၏။

နောက်ဖက်ကနေသေချာမြင်လိုက်ရသည့် အဆီပိုမရှိပဲ ပြေပြစ်နေသည့်ကျောပြင်ငယ်။

အတန်ငယ်ဝေးပေမဲ့ သေးကျဉ်နေသည့်ခါးသွယ်သွယ်လေးနှင့် အပေါ်ပိုင်းတစ်နေရာကို ဘေးဘက်ကနေ သူသေချာမြင်လိုက်ရ၏။

ကျစ်!အမြင်ပဲမှားခဲ့တာလား။

ခွန်သာမိုးဇက် သူမြင်ခဲ့သည့်အရာကိုမချင့်မရဲဖြစ်ရင်း ခေါင်းအသာရမ်းမိသည်။

"မောင်ခွန်သာ ဧည့်ခန်းထဲမှာ ဖုန်းလာပါတယ်၊ ကောင်းနိးရာတို့အိမ်ကလို့ပြောပါတယ်၊ မောင်ခွန်သာနဲ့ပြောချင်ပါတယ်တဲ့''

ခွန်သာ လက်ကကိုင်လက်စဇွန်းခက်ရင်းကိုချပြီး ထိုင်ရာကနေထလိုက်သည်။ အတွေးများရသည့်ကိစ္စတစ်ခုကြောင့် သူအခုထိ ထမင်းကောင်းကောင်းမစားရသေး။

အပေါ်မှာဖုန်းထားခဲ့တာကြောင့် ဆက်မရလို့ အိမ်ဖုန်းကိုခေါ်တာဖြစ်လိမ့်မည်။

"ဟဲလို အမိန့်ရှိပါ''

"....''

"ဟာ! ဘယ်လိုဖြစ်တာလဲ''

ကြားလိုက်ရသည့်သတင်းကြောင့် ခွန်သာအံ့သြတုန်လှုပ်မိသည်။

"....''

"ဘယ်ဆေးရုံလဲ၊ အခုချက်ချင်းလာခဲ့မယ်''

".....''

ဖုန်းအမြန်ချပြီး အပေါ်ပြန်တက်ရသည်။ အိပ်ခန်းထဲက ကုတ်အကျႍရှည်တစ်ထည်ဆွဲဝတ်ပြီး ကားသော့ကိုယူကာ အောက်ထပ်အမြန်ပြန်ဆင်းလာခဲ့လိုက်သည်။

"အန်တီညိုပြန်ရင် တံခါးတွေသေချာပိတ်ပြီး မောင်ထူးကိုသော့အပ်သွားလိုက်ပါ၊ ကျွန်တော် ဒီနေ့ညပြန်လာဖြစ်မှာမဟုတ်ဘူး''

"ဟုတ်ပြီ၊ ဟုတ်ပြီ ဆရာ''

ဒေါ်ညိုတစ်ယောက် အပြင်ထွက်ဖို့အတင်းလောကြီးနေသည့်ဆရာကြောင့် လုပ်ကိုင်လက်စတွေကိုရပ်ရင်း အမြန်အဖြေပေးလိုက်သည်။

ခွန်သာ ဒေါ်ညိုကိုမှာပြီးသည်နှင့် ဆေးရုံကို အမြန်ကားမောင်းသွားလိုက်သည်။

My Teacher is My Husband (Completed)Where stories live. Discover now