P~27 (U)

2.7K 152 3
                                    


အပြင်မှာ မိုးတွေရွာနေသည်။ ညနေကတည်းက ရွာနေသည်ဖြစ်ကာ ညအိပ်ရာဝင်ချိန်ရောက်သည်ထိ မစဲသေး။ သည်းကြီးမည်းကြီးရွာနေဆဲဖြစ်ကာ တစ်ညလုံးစွေမဲ့မိုးဖြစ်လိမ့်မည်။

ဒီနေ့ည မောင်ထူးက အဖော်လာအိပ်ပေးရမလားလာပြောပေမဲ့ ရာ လက်မခံခဲ့။ ရာ တစ်ယောက်တည်းအိပ်ရဲပါသည်။

ညဆယ်နာရီထိုးချိန်မှာ ရာ စာလုပ်ပြီးပြီမို့ ခုံမှထလိုက်စဉ် ခြေသလုံးတစ်လျှောက် အရိုးအဆစ်တွေ တဆစ်ဆစ်နဲ့နေလို့မကောင်းတာကိုသတိပြုမိသည်။ နေမကောင်းဖျားနာရင် ဖြစ်သည့်နာကျင်ကိုက်ခဲမှုမျိုး။

ကိုယ့်ဘာသာ နဖူးကို အပူစမ်းကြည့်တော့ အကောင်းပါ။
ဒါမှမဟုတ် မိုးရွာနေလို့များလား။ မိုးအေးလို့လည်း ကိုယ်လက်ကိုက်ခဲတတ်သည့်လူမျိုးမဟုတ်ပါ။

ဒါဆို ကိုယ်ဝန်ကြောင့်?

ကိုယ့်ကိုယ်ကိုယ် အရမ်းညှာတတ်သည့်လူမျိူးမို့ ရာ အမျိုးမျိူးတွေးတောမိသည်။ အိပ်ရာပေါ်ရောက်သည်ထိ ဘယ်လိုမှနေလို့မကောင်း။

Bedsideဗီရိုထဲမှာ လိမ်းစရာဆေးများရှိလေမလား ဖွင့်ကြည့်မိတော့ ဆေးဗူးနဲ့တူတာတောင်မရှိပါ။ ရာ မွေ့ယာပေါ်ကဆင်းပြီး အဝတ်ဗီရိုတွေနားက ဗီရိုသေးလေးထဲမှာရှာကြည့်လိုက်သည်။

ထိုအခါ ဗီရိုတံခါးဖွင့်လိုက်တာနဲ့ တန်းမြင်လိုက်ရသည်ကြောင့် မျက်ခုံးလေးတွေပင့်သွားရသည်။ ဆေးအမျိုးအစားပေါင်းစုံကို သပ်သပ်အကန့်လေးတွေလည်းခွဲပေးထားသည်။ သောက်ဆေးအချို့က တစ်ကန့်ဖြစ်ကာ လိမ်းဆေးဗူးတွေ ပရုပ်ဆီဘူးတွေလည်း အမျိုးအစားတော်တော်စုံ၏။ ရာ ပရုပ်ဆီဗူူးတစ်ဗူးယူကာ အညွှန်းဖတ်ကြည့်ရင်း MAF Dateကြည့်မိတော့ ဒီလမှထုတ်လုပ်ပစ္စည်းတွေဖြစ်သည်။

ကိုယ့်အခန်းထဲက ဘယ်နေရာမှ ဆေးဗူးမရှိတာ ရာအသိဆုံး။ ဟိုလူကြီး ဘယ်အချိန်က ထည့်ထားလိုက်သည်မသိ။
အလိုရှိတဲ့အချိန် လိုချင်တဲ့အရာကိုရလိုက်တော့ လူက နည်းနည်းတော့ကျေနပ်သွားသလိုပင်။

အိပ်ယာဆီပြန်လာပြီး ဆေးလိမ်းရန်လုပ်နေစဉ် ဘေးနားချထားသည့်ဖုန်းမြည်လာသည်။ ရာ ဖုန်းကိုယူကြည့်မိလျှင် ထင်ထားသည့်အတိုင်း ခေါ်ဆိုသူနာမည်က ဆရာခွန်သာမိုးဇက်။

My Teacher is My Husband (Completed)Where stories live. Discover now