P~1 (U)

6.9K 277 10
                                    

မိုးဦးရာသီရဲ့ နေရောင်ခြည်ဖြိုးဖြဖြက ကျောင်းလျှောက်လမ်းက သစ်ပင်တွေကြား မပီပြင်ဝိုးတဝါးနေရောင်ဖြာကျနေသည်။

ကျောင်းဖွင့်ရက်တစ်ပတ်ကျော်လွန်ပြီးချိန်မှာတော့ အားလပ်ချိန်ရှိရင်ရှိသလို ကျောင်းဆောင်တွေဘေး ခုံတန်းလျားရှည်မှာ ကောင်းနိုးရာတို့်အဖွဲ့ရှိနေတတ်သည်။

ကောင်းနိုးရာရာ၊ ဝေလင်းဟန်၊ စိုပြေနှင့် အိန္ဒြာလင်းလင်း တို့သည် မူလတန်းကတည်းကငယ်သူငယ်ချင်းတွေဖြစ်သည်။ စိုပြေ နှင့် အိန္ဒြာလင်းလင်းတို့ကအတွဲဖြစ်တာ အထက်တန်းဒုတိယနှစ်ကတည်းကပင်ဖြစ်သည်။ ဝေလင်းဟန်ကတော့ သူတို့အတန်းထဲက မိန်းကလေးများရဲ့အသည်းကျော်မင်းသားလေးအဖြစ်ကျော်ကြားလေသည်။ ကောင်းနိုးရာကတော့ အတန်းAရဲ့ စာဂျပိုး ပိုးဟပ်ဖြူလေးအဖြစ် နာမည်တွင်ခံရလေ၏။

ဒီနေ့မှာတော့ မိုးမရွာ။ နေရောင်ခြည်နုနုကျနေသည့် ခုံတန်းပေါ်မှာ ကောင်းနိုးရာ သစ်ရွက်အကြိုအကြားမှ ကောင်းကင်ကို ကိုယ့်အတွေးနဲ့ ကိုယ်မော့ကြည့်နေမိသည်။

"ရာ... နင့်အတွက် ''

အိန္ဒြာလင်းလင်းလှမ်းပေးသည့် cola ဗူးကို ကောင်းနိုးရာလှမ်းယူရင်း ပြုံးပြလိုက်သည်။

"ကျောင်းတက်ရတာ ပျင်းစရာကြီးကွာ''

"ဟုတ်တယ်..ပျင်းစရာကြီး''

ကောင်းနိုးရာရဲ့စကားကို အိန္ဒြာလင်းလင်းက ထောက်ခံလေသည်။

"ဘာ...ပျင်းတယ်...အသဲက ကိုယ်နဲ့နေ့တိုင်းတွေ့ရတာကို..''

အအေးဗူးကို လက်ထဲကိုင်ရင်း စိုပြေက စပ်ဖြဲဖြဲနောက်လေသည်။

"သေနာစုတ်..''

ခုံပေါ်က စာအုပ်ထူကိုယူကာ အိန္ဒြာလင်းတစ်ယောက် စိုပြေ ကိုရိုက်လေတော့ နိုးရာနှင့်ဝေလင်းဟန်တို့နှစ်ယောက်  စိုပြေရဲ့မချိမျက်နှာလေးကိုကြည့်ပြီး ရယ်မိကြရသည်။

ထို့နောက် နားချိန်ပြည့်လို့ သူတို့အဖွဲ့ အတန်းထဲသို့ပြန်လာခဲ့ကြသည်။

"ကြောက်မနေနဲ့...ပေးလိုက်ပါဆို''

"ဟင့်အင်း...မပေးရဲဘူး''

My Teacher is My Husband (Completed)Where stories live. Discover now