Final

659 21 1
                                    

မျက်ဝန်းတွေကိုဖွင့်ဟမိချိန်မှာ မနက်မိုးလင်းတိုင်း
တွေ့နေကျ အပြုံးတွေနဲ့သူ့မျက်နှာကိုအရင်တွေ့၏။

"ဂွတ်မောနင်း ''

"အင်း ဂွတ်မောနင်း''

မွ*

နှုတ်ခမ်းတွေပေါ် အိကနဲဖိကပ်လာသည့်သူ့နှုတ်ခမ်းတွေကြောင့် နှလုံးသားထဲမှာနွေးခနဲ။

သို့ပေမဲ့ မလုံသည့်စိတ်ကြောင့် ခေါင်းကိုအသာစောင်းငဲ့ရင်း
အတင်းရှောင်လိုက်ရသည်။

"ကိုကိုနော် သူ ရေချိုးခန်းဝင်ပြီးတိုင်း လူကိုစိတ်မလုံအောင်လာမလုပ်နဲ့''

"ဘာမှမဖြစ်ပါဘူး ချာတိတ်ရယ်''

ပြောရင်းဆိုရင်း သူ့အနမ်းတွေ မျက်နှာပေါ်ကျလာတာက
တဖွဲဖွဲ။ ရာက သူ့ကိုအားနာသည်။ သူကတော့ ရာ့ထက်အမြဲတမ်းစောစောထကာ ကလေးတွေအတွက် ကြိုပြင်ဆင်ပေးလေ့ရှိသည်။

"ကိုကို တော်တော့လို့''

မကြိုက်မှန်းသိလို့တမင်စနေတဲ့သူကြီးကို အသာတကြည်ပြောလို့မရ။

ငုံ့မိုးထားတဲ့ သူ့ပုခုံးကိုမနာနာအောင်ကိုက်ပစ်မိတာ ဆတ်ကနဲ။

"အာ့ နာတယ် ကိုယ်လွှတ်ပြီ''

သူ့ရင်ခွင်အောက်ထားပြီး စိတ်ကြိုက်ခြယ်လှယ်နေသည့်ကိုကိုက အသားနာမှ လွှတ်ပေးသည်။

"နောင်တခါမလုပ်နဲ့ဆို မလုပ်နဲ့ကိုကိုရာ၊ ကျွန်တော်မကြိုက်ဘူး''

"အင်းပါ နောက်တစ်ခါ ချာတိတ်မကြိုက်ရင် ကိုယ်မလုပ်တော့ဘူး''

"အဲ့ဒီရုပ်က ဘာရုပ်လဲ၊ ကိုကိုနော် လူကိုစိတ်မကောင်းဖြစ်အာင်မလုပ်နဲ့''

ရုတ်ခြည်းမှိုင်ကျသွားသည့်သူ့မျက်နှာကြောင့် တကယ်စိတ်မကောင်းဖြစ်သွားရသည်။ အမြဲတမ်းလိုလို ကိုယ့်စကားဆို သူကအတည်ယူတတ်ချည်သေးတော့။

"စတာ စတာလို့ ကိုကိုရာ၊ ဒီတိုင်းလေးပြောတာတောင် မရဘူးလား ပြော''

"အင်း မရဘူး၊ ကိုယ် တကယ်စိတ်ထိခိုက်သွားတာ''

ခေါင်းအုံးကိုမှီလှဲချထားသည့်ကိုကိုရဲ့မျက်နှာကြောင့် ရာ ရယ်ချင်စိတ်ကိုထိန်းထားရသည်။ မသိရင် ကိုကို့ရုပ်က လူမမာအဖိုးကြီးရုပ်နဲ့။

My Teacher is My Husband (Completed)Where stories live. Discover now